Pyithu Hluttaw Government’s Guarantees, Pledges and Undertakings Vetting Committee

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လ ၈ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၅ /၂၀၁၆) ထုတ်ပြန်၍ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

ဖွဲ့စည်းခြင်း

၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၄ နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တို့အရ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် –

စဉ် အမည် မဲဆန္ဒနယ် ရာထူး
(က) ‌ဒေါက်တာမေဝင်းမြင့် မရမ်းကုန်း မဲဆန္ဒနယ် ဥက္ကဋ္ဌ
(ခ) ဦးမျိုးနိုင် ချမ်းအေးသာစံ မဲဆန္ဒနယ် အဖွဲ့ဝင်
(ဂ) ဒေါက်တာဝင်းအောင် ခင်ဦး မဲဆန္ဒနယ် အဖွဲ့ဝင်
(ဃ) ဦးအောင်သိန်း ဗန်းမော် မဲဆန္ဒနယ် အဖွဲ့ဝင်
(င) ‌ဒေါ်နီရွှေလျန်း ထန်တလန် မဲဆန္ဒနယ် အဖွဲ့ဝင်
(စ) ‌ဒေါ်နန်းသန်းသန်းလွင် ဘားအံ မဲဆန္ဒနယ် အဖွဲ့ဝင်
(ဆ) ‌ဒေါ်တင်တင်ရီ ကျွန်းစု မဲဆန္ဒနယ် အဖွဲ့ဝင်
(ဇ) ဦးထွန်းထွန်း ပွင့်ဖြူ မဲဆန္ဒနယ် အဖွဲ့ဝင်
(စ်) ‌ဒေါ်ခင်စောဝေ ရသေ့တောင် မဲဆန္ဒနယ် အဖွဲ့ဝင်
(ည) ဦးငြိမ်းသစ်(ခ)ဦးသောင်းထွန်း ဟိုပုန်း မဲဆန္ဒနယ် အဖွဲ့ဝင်
(ဋ) ဦးစိုင်းမောင်ပွင့်(ခ)ဦးအောင်ပွင့် တန့်ယန်း မဲဆန္ဒနယ် အဖွဲ့ဝင်
(ဌ) ဦးဝင်းထူး နန့်ဆန် မဲဆန္ဒနယ် အဖွဲ့ဝင်
(ဍ) ဦးခင်မောင်ဦး ‌ကျောက်တံခါး မဲဆန္ဒနယ် အဖွဲ့ဝင်
(ဎ) ဗိုလ်မှူးချုပ်တင်စန်းနိုင် တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
(ဏ) ဦးဇုန်းတိန့် ချီဖွေ မဲဆန္ဒနယ် အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။