Amyotha Hluttaw Bill Committee

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်‌တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(က)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၄(က)နှင်‌့ အမျိုးသားလွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တို့အရ ဥပဒေကြမ်းကော်မတီ ကို အောက်ပါအမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်-

(က) ဦးဇော်မင်း မဲဆန္ဒနယ်အမှတ်(၆)၊ စစ်ကိုင်းတိုင်းဒေသကြီး ဥက္ကဋ္ဌ
(ခ) ဦးအောင်ကြည်ညွန့် မဲဆန္ဒနယ်အမှတ်(၄)၊ မကွေးတိုင်းဒေသကြီး
(ဂ) ဦးသိန်းလွင် မဲဆန္ဒနယ်အမှတ်(၁၀)၊ ကချင်ပြည်နယ်
(ဃ) ဒေါ်နန်းနီနီအေး မဲဆန္ဒနယ်အမှတ်(၆)၊ ကရင်ပြည်နယ်
(င) ဒေါ်ကျိန်ငိုက်မန် မဲဆန္ဒနယ်အမှတ်(၇)၊ ချင်းပြည်နယ်
(စ) ဦးလားလ်မင်းထန် မဲဆန္ဒနယ်အမှတ်(၁၀)၊ ချင်းပြည်နယ်
(ဆ) ဒေါက်တာမျိုးအောင် မဲဆန္ဒနယ်အမှတ်(၁၀)၊ ကရင်ပြည်နယ်
(ဇ) ဒေါ်နွယ်နွယ်အောင် မဲဆန္ဒနယ်အမှတ်(၂)၊ မွန်ပြည်နယ်
(ဈ) ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည် မဲဆန္ဒနယ်အမှတ်(၄)၊ မန္တလေးတိုင်းဒေသကြီး
(ည) ဦးစိုင်းထွန်းအောင် မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းပြည်နယ်
(ဋ) ဦးကျော်ကျော် မဲဆန္ဒနယ်အမှတ်(၄)၊ ရခိုင်ပြည်နယ်
(ဌ) ဦးဆန်းမြင့် မဲဆန္ဒနယ်အမှတ်(၃)၊ ဧရာဝတီတိုင်းဒေသကြီး
(ဍ) ဦးအောင်သိန်း မဲဆန္ဒနယ်အမှတ်(၁၂)၊ ပဲခူးတိုင်းဒေသကြီး
(ဎ) ဗိုလ်မှူးချုပ်ခင်မောင်အေး တပ်မတော်သားကိုယ်စားလှယ်
(ဏ) ဒေါက်တာမြတ်ဉာဏစိုး မဲဆန္ဒနယ်အမှတ်(၃)၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

၃။ ကော်မတီ၏သက်တမ်းသည် အမျိုးသားလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။