Amyotha Hluttaw Agriculture, Livestock and Fisheries Development Committee

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀၆၊ ၁၀၇ နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သည် –

(က) ဦးအောင်ကြည်ညွန့် မဲဆန္ဒနယ်အမှတ်(၄)၊ မကွေးတိုင်းဒေသကြီး ဥက္ကဋ္ဌ
(ခ) ဦးစောယှားဖောင်အွာ မဲဆန္ဒနယ်အမှတ်(၁၂)၊ ကရင်ပြည်နယ်
(ဂ) ဦးလှဆန်း မဲဆန္ဒနယ်အမှတ်(၁)၊ မကွေးတိုင်းဒေသကြီး
(ဃ) ဦးအောင်မျိုးလတ် မဲဆန္ဒနယ်အမှတ်(၅)၊ မန္တလေးတိုင်းဒေသကြီး
(င) ဦးခင်ဝင်း မဲဆန္ဒနယ်အမှတ်(၂)၊ မကွေးတိုင်းဒေသကြီး
(စ) ဦးကျော်နိုင် မဲဆန္ဒနယ်အမှတ်(၁၂)၊ ရန်ကုန်တိုင်းဒေသကြီး
(ဆ) ဦးတင်မောင်ဝင်း မဲဆန္ဒနယ်အမှတ်(၁၀)၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဇ) မန်းတိုးရွှေ မဲဆန္ဒနယ်အမှတ်(၉)၊ ဧရာဝတီတိုင်းဒေသကြီး
(ဈ) ဦးခင်ဇော်ဦး မဲဆန္ဒနယ်အမှတ်(၃)၊ မွန်ပြည်နယ်
(ည) ဦးကျော်သန်း မဲဆန္ဒနယ်အမှတ်(၁၀)၊ ရခိုင်ပြည်နယ်
(ဋ) ဦးကျင့်ခန့်ပေါင် မဲဆန္ဒနယ်အမှတ်( ၆)၊ ချင်းပြည်နယ်
(ဌ) ဦးခင်မျိုးဝင်း မဲဆန္ဒနယ်အမှတ်(၁၂)၊ တနင်္သာရီတိုင်းဒေသကြီး
(ဍ) ဒေါ်မမလေး မဲဆန္ဒနယ်အမှတ်(၈)၊ ရှမ်းပြည်နယ်
(ဎ) ဗိုလ်မှူးချုပ်ချစ်ဦး တပ်မတော်သားကိုယ်စားလှယ်
(ဏ) ဒေါက်တာဝင်းမြင့် မဲဆန္ဒနယ်အမှတ်(၁၁)၊ ပဲခူးတိုင်းဒေသကြီး အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီအမည် ပြင်ဆင်ခြင်းနှင့် ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။