Amyotha Hluttaw Citizens' Fundamental Rights, the Democracy and Human Rights Committee

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀၆၊ ၁၀၇ နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သည် –

(က) ဒေါက်တာဌေးကြွယ် မဲဆန္ဒနယ်အမှတ်(၁)၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ
(ခ) ဒေါက်တာခွန်ဝင်းသောင်း မဲဆန္ဒနယ်အမှတ်(၁၁)၊ ကချင်ပြည်နယ်
(ဂ) ဦးအောင်ကျော်စိုး မဲဆန္ဒနယ်အမှတ်(၇)၊ ကယားပြည်နယ်
(ဃ) ဦးစောချစ်ဦး မဲဆန္ဒနယ်အမှတ်(၃)၊ ကရင်ပြည်နယ်
(င) ဦးပူဂင်ကမ်းလျန် မဲဆန္ဒနယ်အမှတ်(၅)၊ ချင်းပြည်နယ်
(စ) ဦးကိုကိုနိုင် မဲဆန္ဒနယ်အမှတ်(၈)၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဆ) ဦးကင်းရှိန် မဲဆန္ဒနယ်အမှတ်(၉)၊ တနင်္သာရီတိုင်းဒေသကြီး
(ဇ) ဦးဝင်းကြိုင် မဲဆန္ဒနယ်အမှတ်(၁၀)၊ ပဲခူးတိုင်းဒေသကြီး
(ဈ) ဦးဝင်းမြင့် မဲဆန္ဒနယ်အမှတ်(၈)၊ မကွေးတိုင်းဒေသကြီး
(ည) ဦးအောင်မျိုးလတ် မဲဆန္ဒနယ်အမှတ်(၅)၊ မန္တလေးတိုင်းဒေသကြီး
(ဋ) ဦးကျော်သိန်း မဲဆန္ဒနယ်အမှတ်(၇)၊ ရခိုင်ပြည်နယ်
(ဌ) ဦးဖေချစ် မဲဆန္ဒနယ်အမှတ်(၉)၊ ရန်ကုန်တိုင်းဒေသကြီး
(ဍ) ဒေါ်မေသန်းနွဲ့ မဲဆန္ဒနယ်အမှတ်(၁၁)၊ ဧရာဝတီတိုင်းဒေသကြီး
(ဎ) ဗိုလ်မှူးချုပ်ကျော်ဆွေဦး တပ်မတော်သားကိုယ်စားလှယ်
(ဏ) ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက် မဲဆန္ဒနယ်အမှတ်(၁၂)၊ ချင်းပြည်နယ် အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီအမည် ပြင်ဆင်ခြင်းနှင့် ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။