Amyotha Hluttaw International Relations, Inter-parliamentary Relations & Cooperation Committee

နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀၆၊ ၁၀၇ နှင့်အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သည် –

(က) ဒေါက်တာသန်းဝင်း မဲဆန္ဒနယ်အမှတ်(၁)၊ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ
(ခ) ဦးဂျေယောဝူ မဲဆန္ဒနယ်အမှတ်(၁)၊ ကချင်ပြည်နယ်
(ဂ) ဦးခွန်သိန်းဖေ မဲဆန္ဒနယ်အမှတ်(၉)၊ ရှမ်းပြည်နယ်
(ဃ) ဦးမောင်မောင်လတ် မဲဆန္ဒနယ်အမှတ်(၉)၊ စစ်ကိုင်းတိုင်းဒေသကြီး
(င) ဒေါ်နန်းမိုးမိုးထွေး မဲဆန္ဒနယ်အမှတ်(၄)၊ ကရင်ပြည်နယ်
(စ) ဦးဇော်ဟိန်း
မဲဆန္ဒနယ်အမှတ်(၇)၊ တနင်္သာရီတိုင်းဒေသကြီး
(ဆ) ဒေါက်တာဝင်းမြင့်
မဲဆန္ဒနယ်အမှတ်(၁၁)၊ ပဲခူးတိုင်းဒေသကြီး
(ဇ) ဦးချစ်ထွေး
မဲဆန္ဒနယ်အမှတ်(၃)၊ မကွေးတိုင်းဒေသကြီး
(ဈ) ဦးရဲမြင့်စိုး
မဲဆန္ဒနယ်အမှတ်(၇)၊ ရန်ကုန်တိုင်းဒေသကြီး
(ည) ဦးစခင်ဇော်လင်း မဲဆန္ဒနယ်အမှတ်(၂)၊ ဧရာဝတီတိုင်းဒေသကြီး
(ဋ) ဦးစိုင်းအုန်းကျော်
မဲဆန္ဒနယ်အမှတ်(၄)၊ ရှမ်းပြည်နယ်
(ဌ) ဦးနိုင်ကိုကို
မဲဆန္ဒနယ်အမှတ်(၁၂)၊ ကချင်ပြည်နယ်
(ဍ) ဦးဖေတင်
မဲဆန္ဒနယ်အမှတ်(၆)၊ မွန်ပြည်နယ်
(ဎ) ဗိုလ်မှူးဇဝန
တပ်မတော်သားကိုယ်စားလှယ်
(ဏ) ဒေါ်ထုမေ
မဲဆန္ဒနယ်အမှတ်(၁၁)၊ ရခိုင်ပြည်နယ် အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီအမည်ပြင်ဆင်ခြင်းနှင့် ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။