နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် မတ် ၃၀ ရက် နံနက် ၁၀ နာရီ က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ပြည် ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၏ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သမ္မတဦးထင်ကျော် ရာထူးမှ အနားယူသွား၍ လစ်လပ်သွားသည့် သမ္မတနေရာ အတွက် ရွေးချယ်တင်မြှောက်ရာ၌ မတ် ၂၈ ရက်တွင် ဦးဝင်းမြင့် ကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည် ပြုကြေညာခဲ့ပြီး ဦးမြင့်ဆွေကို ဒုတိယသမ္မတ(၁)အဖြစ်လည်း ကောင်း၊ ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတ(၂)အဖြစ်လည်း ကောင်း အတည်ပြုခဲ့ကြသည်။

 

 

ဆက်လက်ဖတ်ရှုရန် >>>