ပွင့်လင်းလွှတ်တော် အကြောင်း
“ပွင့်လင်း လွှတ်တော်” ဆိုတာကတော့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အရပ်ရပ်နဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေပြုရေး၊ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုးကိစ္စတွေကို လွတ်တော်မှာ အဆိုပြုတင်သွင်းရေး၊ အကောင်အထည်ဖော်ဆောင်ရွက်ရေးမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ထိတွေ့ခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုမိုဖြစ်ပေါ်စေဖို့ အထောက်အကူပေးမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူများနဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံကလည်း စည်းလုံးစွာ၊ ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုရှိစွာ၊ စည်းစနစ်ကျနစွာနဲ့ အပြန်အလှန် အကျိုးပြုဆောင်ရွက်နိုင်စေဖို့ရည်ရွယ်တဲ့ ဒီ “ပွင့်လင်းလွှတ်တော်” အစီအစဉ်ပေါ်ပေါက်လာဖို့အတွက် မြန်မာ့ပဉ္စမ မဏ္ဍိုင်အဖွဲ့ (Myanma Fifth Estate) နဲ့ ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ (Open Myanmar Initiative) တို့က အစပြုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းလုံးမှာ ရှိတဲ့ ပွင့်လင်းမြင်သာမှု တာဝန်ခံယူမှု တာဝန်ခံမှုမြှင့်တင်ရေး၊ လွှတ်တော်နဲ့ ကိုယ်စားလှယ်များ လေ့လာစောင့်ကြည့်ရေးကို ဆောင်ရွက်ကြတဲ့ လူမှုအဖွဲ့အစည်းများရဲ့ ပေါင်းစပ်ပါဝင်မှုနဲ့အတူ ပြည်သူတွေကို ကိုယ်စားပြုတဲ့တိုင်းပြည်ရဲ့မဏ္ဍိုင်လေးရပ်လုံးက ပြည်သူတွေအပေါ် တာဝန်ယူမှု တာဝန်ကျေမှုရှိစေရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။