ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ဦးတီခွန်မြတ်အား ရွေးချယ်တင်မြှောက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရှမ်းပြည်နယ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ကို မတ် ၂၂ ရက်က ရွေးချယ်တင်မြှောက်ခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မတ် ၂၁ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ဦးတီခွန်မြတ်အား ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ မတ် ၂၂ ရက်တွင်ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသစ်နေရာအတွက် ဦးတီခွန်မြတ် ကို ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က တင် သွင်းခဲ့ပြီး ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်း အေးကိုနှင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက တင်သွင်းခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ထောက် ခံမဲအများဆုံးရရှိခဲ့၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သစ်အဖြစ် တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် >>>>