အပြောင်းအလဲတွေပါတဲ့ စည်ပင်ဥပဒေသစ် အတည်ပြု

ဥပဒေဟောင်းထက် ပြည်သူက ရွေးချယ်ခွင့်ပိုရလာမယ့် စည်ပင်သာယာရေး ဥပဒေသစ်ကို လွှတ်တော်က ဇွန် ၂၇ရက်နေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။အခုအသစ် ပြင်ဆင် အတည်ပြုလိုက်တဲ့ စည်ပင်ဥပဒေမှာ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၆ဦး ကို ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးကော်မတီမှာ ကော်မတီဝင်က ၁၁ဦးအထိရှိလာတော့မှာပါ။

Source: အပြောင်းအလဲတွေပါတဲ့စည်ပင်ဥပဒေသစ်အတည်ပြု – BBC News မြန်မာ