လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော

ပြည်သူ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ပြည်သူ့ ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်ပြသည့်အခါ လုပ် ဆောင် ပေးမည်ဟု အစိုးရ ဝန်ကြီးဌာနများက ကတိပြုခဲ့သော်လည်း အားလုံးကို အမှန်တကယ် ဆောင်ရွက် ပေးနိုင် ခြင်း မရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က ဗန်းမော်-ရွှေကူဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် ရထားလမ်း ဖောက်လုပ်သည့်အခါ လယ် မြေ ဆုံးရှုံးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘဏ္ဍာနှစ်အလိုက် လျော်ကြေးများ ပေးအပ်မည်ဟု ကတိပြုခဲ့ သော် လည်း လက်တွေ့တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း က ပြောသည်။

Source: လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော