အာဏာရှင်ခေတ် အသုံးအနှုန်းကို တပ်မတော်ကန့်ကွက် | DVB

အာဏာရှင်ခေတ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်လိုက်ပါ တယ်။

သြဂုတ်လ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်ရဲ့ အဂတိတရားမကင်းတဲ့ လုပ်ဆောင်ချက်တွေ ထိန်းညှိပေးဖို့ အစီအမံ တခု ရေးဆွဲပြဋ္ဌာန်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဦးခင်မောင်လတ်က ဆွေးနွေးတာမှာ အာဏာရှင်ခေတ်ဆိုတဲ့ အသုံးအနှုန်းသုံးသွားတာကို တပ်မတော်က အခုလို ကန့်ကွက်လိုက်တာပါ။

Source: အာဏာရှင်ခေတ် အသုံးအနှုန်းကို တပ်မတော်ကန့်ကွက် | DVB