၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးတို့ အတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထားကြောင်း သိရသည်။

နေပြည်တော်၌ သြဂုတ် ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့တွင် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

Source: ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group