နောက်ကြောင်းပြန်တောင်းခံငွေကျပ် ၁၄ ဘီလီယံကျော်ကို ပြည်ထောင်စုလွှတ်တော်ခွင့်ပြု | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

မြစ်သာရေလှောင် တမံတည်ဆောက်ရေး စီမံကိန်း အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် နောက်ကြောင်းပြန်တောင်း ခံလာသည့် ကျပ် ၁၄ ဘီလီယံ ကျော်ကို ပြည်ထောင်စုလွှတ် တော်က ယမန်နေ့တွင် သဘော တူခွင့်ပြုသည်။ အထက်ပါ စီမံကိန်းနှင့်ပတ် သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက တော်းခံသည့်ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံကို ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိ၍ ခွင့်မပြုသင့်ကြောင်း ပုလဲ အမတ် ဒေါ်ခင်စန်းလှိုင်နှင့် ဂန့် ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်တို့ က ကန့်ကွက်ခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်ရာ ၁၁ မဲ ကွာခြားချက် ဖြင့် တောင်းခံငွေကို ခွင့်ပြုသည်။

Source: နောက်ကြောင်းပြန်တောင်းခံငွေကျပ် ၁၄ ဘီလီယံကျော်ကို ပြည်ထောင်စုလွှတ်တော်ခွင့်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ