စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက် ချဲ့ထွင်သင့်ကြောင်းအဆို လွှတ်တော်တွင် ဆွေးနွေးမည်

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။} မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။

လယ်ယာစိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ကြမ်းများ ကို ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်၍ နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်ရန် ဆောင်ရွက်သင့်ကြောင်း အဆို ကို ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးမည်ဖြစ်သည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်း အဝေး၌ ယင်းအဆိုကို တင်သွင်း ပြီး လွှတ်တော်က လက်ခံဆွေး နွေးရန် သဘောတူခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ လာသော ကုန်ကြမ်းများကို ပြည် တွင်း၌ပင် အရည်အသွေး ပြည့် မီသော ကုန်ချောများအဖြစ် ထုတ် လုပ်နိုင်ပါက နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်သည့်အပြင် ပို့ကုန်ဝင်ငွေ တိုးလာမည်ဖြစ်ကြောင်း ဒေါ်ချို ချိုက အဆိုတင်သွင်းစဉ် ပြော သည်။ ‘‘ရေပြင်က ဖမ်းဆီးရမိတဲ့ ငါး၊ ပုစွန်တွေကို ထိုင်းနိုင်ငံကို ကုန်ကြမ်းအဖြစ် ရောင်းချရာမှ ကုန်ချောထုတ်လုပ်တဲ့ ပေါ်လစီ ကို အစိုးရက ဥပဒေသတ်မှတ် ဆောင်ရွက်စေဖို့လိုပါတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသော ကုန်ပစ္စည်းများအပေါ် မူတည်၍ လိုအပ်သည့် စည်သွတ် စက်ရုံများကို အစိုးရက အကောင် အထည်ဖော်ဆောင်ရွက်ပေးသင့် ကြောင်း ဒေါ်ချိုချိုက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ အခြေ အနေအရ ပို့ကုန်ထက် သွင်းကုန် က ပိုမိုများပြားနေ၍ နှစ်စဉ်ကုန် သွယ်မှုလိုငွေပြနေကြောင်း ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက အဆိုကို လက်ခံဆွေးနွေးရန် ထောက်ခံစဉ်ပြောသည်။

ထို့ကြောင့် ဈေးကွက်မီသည့် အရည်အသွေးမြင့် ကုန်ပစ္စည်း များ ထုတ်လုပ်၍ ပြည်ပသို့ တင် ပို့နိုင်မှသာ ကုန်သွယ်မှုလိုငွေကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူ သဖြင့် ဆွေးနွေးလိုသည့် ကိုယ် စားလှယ်များ အမည်စာရင်းပေး သွင်းရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်က ပြောကြားသည်။

29 November 2018