မြစ်ဆုံအရေး နှုတ်ပိတ်နေရန် CPI ကလာဘ်ပေးခဲ့ဟု လွှတ်တော်အမတ်ဖွင့်ချ

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။} မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မလုပ်ဆောင်ရန် လက်ရှိအစိုးရအနေဖြင့် အချိန် ကာလတစ်ခုထိ ဆွဲဆန့်သင့်ပြီး  လုပ်ဆောင်မည်ဆိုပါက ပြည်သူ လူထု၏ သဘောထားစစ်တမ်း ကောက်ယူသင့်ကြောင်း  ကချင် ပြည်နယ်မဲဆန္ဒနယ် (၁)  အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူကပြောသည်။

တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ (တစည)မှ ဦး ဂျေယောဝူသည် သမ္မတဦးသိန်း စိန် အစိုးရလက်ထက်တွင် မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်၍ ပြည် ထောင်စုလွှတ်တော်တွင် ကန့် ကွက်ကြောင်းအဆို တင်သွင်း ခဲ့သူဖြစ်သည်။ လတ်တလောတွင် မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ် ဆောင်ရန် တရုတ်နိုင်ငံ CPI ကုမ္ပဏီ၏ ကြိုးစားမှုနှင့် ပတ်သက်ပြီး ဦးဂျေယောဝူက ယမန်နေ့တွင် ရန်ကုန်မြို့  ရန်ကင်းမြို့နယ်ရှိ Real Link ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ မီဒီယာ များအား အထက်ပါအတိုင်း ပြော ကြားခြင်းဖြစ်သည်။

‘‘အချိန်အခါတစ်ခုထိ ဆွဲ ဆန့်သင့်တယ်။ ဒါမှမဟုတ်ရင် လည်း ကျွန်တော်တို့ကတော့တစ် နိုင်ငံလုံးရဲ့သဘောထားကို စစ် တမ်းကောက်သင့်တယ်လို့ယူဆ တယ်။ စစ်တမ်းကလုပ်ပေးပါဆို ရင်တော့ ကျွန်တော်တို့က ဘာမှ ပြောစရာမလိုဘူးလေနော်’’ ဟု  ဦးဂျေယောဝူကပြောသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းအ ရေးနှင့် ပတ်သက်ပြီး ရေငုံနှုတ် ပိတ်နေပေးရန် CPI ကုမ္ပဏီက ၂၀၁၁ ဒီဇင်ဘာလပိုင်းတွင် လာရောက်တွေ့ဆုံ၍ လာဘ်ပေး ခဲ့ကြောင်း ၎င်းက သတင်းထောက် များအား ပြောသည်။

‘‘CPI ကုမ္ပဏီက အထွေ ထွေမန်နေဂျာကိုယ်တိုင်ပါတယ်။    မြန်မာလိုလည်းပြောတတ်တယ်။  နိုင်ငံ့အကြီးအကဲခေါင်းဆောင် တွေကိုလည်း အများကြီးပေးခဲ့ တယ်တဲ့။ အကောင့်လေး  နှစ်ခု သုံးခုလောက် ရချင်ပါတယ်လို့ ပြောတယ်။ ကျွန်တော့်မှာ ဘာအ ကောင့်မှမရှိဘူးလို့ပြောတာပေါ့။   ဦးဂျေယောဝူအကောင့်ပေးပါ။   အကောင့်ထဲ ထည့်ပေးချင်လို့ ပေါ့။ တစ်ခုပဲကူညီပါ။ မြစ်ဆုံ ကိစ္စကို သူတို့က လော်ဘီပြန်လုပ် ပါတော့မယ်ပေါ့။ ပြီးရင် ဦးဂျေ ယောဝူအနေနဲ့ မြစ်ဆုံကိစ္စကြား ရရင်မျက်စိပိတ်၊ နားပိတ်နေပေး ပါပေါ့’’ ဟု  ဦးဂျေယောဝူကပြောသည်။ ထို့ကြောင့် CPIကုမ္ပဏီတာဝန်ရှိသူများကို မောင်းထုတ်ခဲ့ ကြောင်း ၎င်းကဆိုသည်။

‘‘လက်ရှိအချိန်ထိတော့ အ စိုးရက လုပ်မယ်လို့လည်း မကြေ ညာသေးဘူးပေါ့။ သဘာဝဘေး အန္တရာယ်ဆိုတာက ကြေညာပြီး မှ လာတာမဟုတ်ဘူးလေ။ ကျွန် တော်တို့က ဒုက္ခခံရင် ငါတို့ခံ၊ အကျိုးအမြတ်ဆိုရင်သူတို့ရ အဲဒီ လိုပုံစံမျိုးဖြစ်နေတော့ ဒါမျိုးတော့ မဖြစ်သင့်ဘူးပေါ့’’ ဟု ဦးဂျေ ယောဝူကပြောသည်။

လက်ရှိအစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါ  က ကန့်ကွက်မည်ဖြစ်ပြီး လွှတ် တော်တွင်လည်း မေးခွန်းနှင့်အဆိုများ  မေးမြန်းမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

တပ်မတော်အစိုးရလက် ထက်တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော် ရန်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး သမ္မတဟောင်းဦးသိန်းစိန်လက် ထက်တွင် ပြည်သူလူထုက ကန့် ကွက်၍ အဆိုပါ စီမံကိန်းရပ်ဆိုင်းခဲ့သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းအကောင်အထည်ဖော်ရန် ကြိုးစားနေမှုကို စုဝေးကန့်ကွက်  သည့် ဆန္ဒပြပွဲအားမြစ်ဆုံအရေး လှုပ်ရှားသူများက ရန်ကုန်မြို့၌ ယနေ့ ပြုလုပ်မည်ဖြစ်သည်။