ဥပဒေတစ်ခုတည်းတွင် ရှေ့နောက်မညီသဖြင့် အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ရမည်ဆိုသည့်အချက် ပယ်ဖျက်သင့်ဟု လွှတ်တော်တွင်ဆွေးနွေး

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။} မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။

အသက်(၁၈)နှစ် ပြည့်မှ ထိမ်းမြားလက်ထပ်နိုင်မည် ဟု ပြဋ္ဌာန်းထားသည့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ကြမ်းပုဒ်မ ၂၃ ကို ပယ်ဖျက်ရန် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်မှ ပြင် ဆင်ချက်ဖြင့် ပေးပို့လာသည့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေကြမ်းကို ဇန်နဝါရီ ၂၈ ရက်တွင် အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာ  ပုဒ်မ ၂၃ ကို ပယ် ဖျက်သင့်ကြောင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသက်(၁၈)နှစ် ပြည့်မှ လက်ထပ်ခွင့်ရှိသည်ဆို သည့်အချက်သည် ရှေ့နောက်ညီ ညွတ်မှုမရှိသဖြင့် ပယ်ဖျက်ရန် ဆွေးနွေးခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ပြော သည်။

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းပုဒ်မ ၃ တွင် ကလေးသူငယ်ဆိုသည်မှာ အ သက်(၁၈)နှစ် မပြည့်သေးသော သူကိုဆိုသည်ဟု ရေးသားထား သဖြင့် ယင်းအချက်နှင့် အသက်ပုဒ်မ ၂၃ တွင် ဖော်ပြထားသည့် (၁၈)နှစ်ပြည့်မှ လက်ထပ်ခွင့်ရှိသည်ဆိုသော အချက်တို့သည် ဒွိဟဖြစ်နေသည်ဟု ၎င်းကထောက်ပြ သည်။

‘‘ဥပဒေတစ်ခုတည်းမှာ ဒွိဟ ဖြစ်စရာ ဖြစ်နေတယ်။ ကလေး အကျိုးစီးပွားနဲ့ လည်း သက်ဆိုင် မှုမရှိတဲ့အတွက် အဲဒီပုဒ်မကို ပယ်ဖျက်သင့်ပါတယ်’’ဟု ဒေါက် တာတင်တင်ဝင်းက ပြောသည်။

ယင်းအပြင် ဓလေ့ထုံးတမ်း ဥပဒေများတွင် လက်ထပ်ထိမ်း မြားခြင်းနှင့် သက်ဆိုင်သည့် အ သက်အပိုင်းအခြားများသည် လွန်စွာကွဲပြားခြားနားသဖြင့်  ပုဒ်မ ၂၃ ကို ပယ်ဖျက်ရန်အကြံပြုခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေး ခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ကျော်ဝင်း ကလည်း လက်ထပ်ထိမ်းမြားနိုင် သည့် အသက်   ကန့်သတ်ထားသည့်အချက်ကို     ပယ်ချသင့် ကြောင်း ဆွေးနွေးသည်။

လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့်ဥပဒေများမှာ လူ မျိုး၊ ဘာသာတိုင်းတွင်ရှိသဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင် ရာဥပဒေတွင် လက်ထပ်ထိမ်းမြား ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၃ကို ပယ်ဖျက်သင့်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် လက်ထပ်ထိမ်း မြားနိုင်သည့် အသက်ကိုကန့် သတ်ထားခြင်းသည် ဟိန္ဒူ၊ ခရစ် ယာန်၊ အစ္စလာမ်စသည့် ဘာသာ များ၏ လက်ထပ်ထိမ်းမြားခြင်း ဓလေ့များနှင့် ပြဿနာဖြစ်ပွားနိုင် ကြောင်း ဦးကျော်ကျော်ဝင်းက ဆွေးနွေးသည်။

အဆိုပါ ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းတွင် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များထက် ကလေးသူငယ် အခွင့်အရေးနှင့် သက်ဆိုင်သည့်အကြောင်း အရာများကို ပိုမိုအလေးထားကာ ထည့်သွင်းရေးဆွဲသင့်ကြောင်း ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးသိန်းက ပြောသည်။

‘‘ကလေးသူငယ်တွေအ တွက် အဓိကကတော့ သူတို့ကို အကာအကွယ်ပေးဖို့။ နောက် တစ်ခုကတော့ ပညာသင်ကြားနိုင် တဲ့ အခွင့်အလမ်းပေးရမယ်။ အဲ ဒါလုပ်ပေးရင် သူတို့လုံခြုံသွား မယ်။ သူတို့ဘဝ ဒါအရေးကြီး တာ။ ဒီလိင်ပိုင်းဆိုင်ရာတွေ ဘာ တွေက မစဉ်းစားရင်လည်း ရ တယ်’’ဟု ၎င်းကဆိုသည်။

ကလေးများ စောစောအိမ် ထောင်ပြုခြင်းကို အားမပေး ကြောင်း၊ ဂျပန်နိုင်ငံတွင်လည်း နောက်ကျမှ အိမ်ထောင်ပြုကြောင်းလည်း ယခင်အစိုးရ လက်ထက် ဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောသည်။

ကလေးသူငယ် အခွင့်အ ရေးများ ဆိုင်ရာဥပဒေကြမ်းအ ပိုဒ် ၂၃ တွင် အသက်(၁၈)နှစ်ပြည့် ပြီးမှ ထိမ်းမြားလက်ထပ်ရန် ပဋိ ညာဉ်မြောက်သည်ဆိုသော အ ချက်ပါဝင်သည်။ ယင်းအချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်သဖြင့် အမျိုးသမီးအရေး လှုပ်ရှား သူများ၊ လွှတ်တော်ကိုယ်စား လှယ်များကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုသို့ ဝေဖန်မှုများ ရှိခဲ့သဖြင့်အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အဆိုပါ (၁၈) နှစ်ပြည့်ပြီးမှ ထိမ်းမြားလက်ထပ် ရမည်ဆိုသည့်အချက်ကို ထည့် သွင်းပြင်ဆင်ကာ အမျိုးသားလွှတ်တော်သို့    တင်သွင်းခြင်း    ဖြစ် သည်။

ယင်းဥပဒေကြမ်းကိုဆွေး နွေးရန် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၁၇ ဦးအပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး စာရင်းပေးထားပြီး ယမန် နေ့(ဇန်နဝါရီ ၂၈ ရက်) တွင် ခုနစ် ဦးဆွေးနွေးခဲ့သည်။ ကျန်လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် ဇန်နဝါရီ ၃၀ ရက် လွှတ် တော်အစည်းအဝေးတွင် ဆွေး နွေးရမည် ဖြစ်သည်။