လစ်လပ် ဝန်ကြီး ၃ ဦးနေရာအတွက် ခန့်ထားမှု ကန့်ကွက်သူမရှိ အတည်ပြု

{လွတ်လပ်တဲ့အာရှအသံသတင်းဌာနမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။} မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး ၃ နေရာတွေအတွက် NLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးရဲ့ အမည်စာရင်းကို တင်သွင်းရာမှာ ဒီနေ့ ကချင်ပြည်နယ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်။

စည်ပင်သာယာရေးဝန်ကြီးအဖြစ် NLD ပါတီက ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် NLD ပါတီက မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် NLD NLD ပါတီက ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း တို့ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

လူမှုရေးဝန်ကြီးကိုတော့ လက်ရှိ စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးနေဝင်းကို ပြောင်းလဲခန့်အပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၀န်ကြီး ၃ ဦး အမည်စာရင်းကို ဒီနေ့ကျင်းပတဲ့ ကချင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပြီး မနက်ဖြန် ကျင်းပမယ့် လွှတ်တော်မှာ ကျမ်းကျိန် ကတိသစ္စာခံမှာဖြစ်တယ်။

သမ္မတရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကချင်ဝန်ကြီး ၂ ဦးဖြစ်တဲ့ ဦးမြသိန်း၊ ဒေါက်တာ သင်းလွင် တို့ ရာထူးကနေ နုတ်ထွက်စာတင်တာကို ခွင့်ပြုခဲ့ပြီး ဦးHလအောင်ကတော့ တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက် အဲဒီဝန်ကြီး ၃ ဦးကို အစားထိုးခန့်အပ်မှာဖြစ်ပါတယ်။

ဒီနေ့ ကချင်ပြည်နယ် လွှတ်တော်က စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီ၊ စိုက်ပျိုးမွေးမြူရေးနဲ့  ဆည်မြောင်းဝန်ကြီးအဖြစ် မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း တို့ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် အမည်စာရင်း အတည်ပြုခံခဲ့ရတဲ့ ဦးဒါရှီလဆိုင်းက သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာကို စစ်ဆေးပြီး လိုအပ်တာတွေကို ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်သွားမယ်လို့ ကပြောပါတယ်။

“ ဘယ်အပိုင်းကို အဓိကလုပ်မလဲဆိုတာထက် ဘယ်ကဏ္ဍက ပိုပြီးလိုအပ်နေလဲဆိုတာ ကြည့်ပြီး ဆုံးဖြတ်ရမှာ။ အဓိကလုပ်ရမယ့်ကဏ္ဍက အများကြီးရှိတယ်။ ဖားကန့်ဆိုရင် အထူးသဖြင့် သယံဇာတ တူးဖော်မှုကြောင့် မြစ်ချောင်းအင်းအိုင် တိမ်ကောတဲ့အနေအထားတွေ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ရှိတယ်။ ဥပဒေတွေကိုကြည့်ပြီး ဘယ်လောက်အတိုင်းအတာအထိ ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ရှိမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အဲဒီကဏ္ဍတွေကို အဓိကထားပြီး ဆောင်ရွက်ရမယ်”

စည်ပင်သာယာရေးဝန်ကြီးအဖြစ် အတည်ပြုခံရတဲ့ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ကချင်ပြည်နယ်ထဲမှာ စည်ပင်သာယာရေး အဖွဲ့ရှိပြီး စည်ပင်သာယာ ဘတ်ဂျက် အသုံးစရိတ် မရှိတဲ့ မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေးနဲ့  ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမယ့် မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကချင်ပြည်နယ်က မြေလွတ်မြေရိုင်း ကိစ္စတွေ အပါအဝင် အခွန်အခ အပြည့်အဝရရှိနိုင်ဖို့ တရုတ် တစ်သျူးဌက်ပျောကိစ္စတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ အဓိကလိုအပ်နေတဲ့ မြေလွတ်မြေရိုင်းကိစ္စ။ နောက်တစ်ခုက အခွန်အခ အပြည့်အဝရရှိနိုင်မယ့် တစ်သျှူးငှက်ပျောကိစ္စရှိတယ်။ အဲဒီကိစ္စတွေက တော်တော်လေး အလေးထား ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်ပါတယ်။ မြေလွတ်မြေလပ် မြေရိုင်းဆိုရင် ကချင်ပြည်နယ်ထဲမှာရှိတဲ့ လုပ်ကွက်ငယ်တောင်သူတွေ၊ တစ်ပိုင်တစ်နိုင်တောင်သူတွေ၊ အထူးသဖြင့် မြေမဲ့ယာမဲ့တောင်သူတွေ ဒီလိုတောင်သူတွေကို သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက်၊ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဒါတွေက တကယ့်ကို အရေးတကြီး ဆောင်ရွက်ပေးရမယ့် ကိစ္စဖြစ်ပါတယ်။ ကချင်ပြည်နယ်ဟာ ကျန်တဲ့ ပြည်နယ်နဲ့စာရင် မြေလွတ်မြေလပ်မြေရိုင်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို စနစ်တကျနဲ့ မြေမဲ့ယာမဲ့တောင်သူလယ်သမားတွေ အဓိက ရရှိအောင် အစီအမံတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်”

လူမှုရေးဝန်ကြီးကိုတော့ လက်ရှိ စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးနေဝင်းကို ပြောင်းလဲခန့်အပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။