နိုင်ငံပိုင်မြေများ လက်ဦးမှုယူငှားရမ်းပြီး အလုပ်မလုပ်သည့် လုပ်ငန်းရှင်များကို စိစစ်အရေးယူရန် လွှတ်တော်အမတ်တိုက်တွန်း

{7Day News Journalမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

 နိုင်ငံပိုင်မြေယာ၊ အဆောက်အအုံနှင့် လုပ်ငန်းများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံရန် ငှားရမ်းခွင့်ပြုခဲ့ သည့် စီမံကိန်းများကို ပြန်လည် စစ်ဆေး၍ ကတိကဝတ်နှင့်အညီ ဆောင်ရွက်ထားခြင်းမရှိပါက ခွင့် ပြုချက်ရပ်ဆိုင်းခြင်း၊ အရေးယူ ခြင်းများပြုလုပ်ရန် ဒီချုပ်ဝါရင့် အမတ်ဒေါ်ခင်စန်းလှိုင်က တိုက် တွန်းသည်။

‘‘အရင်းအမြစ်တွေရှိနေပါ လျက်နဲ့၊ အခွင့်အလမ်းတွေ ရနိုင် ပါလျက်နဲ့ ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါလုပ်ငန်းတွေ ကို ထိရောက်စွာ အကောင်အ ထည်မဖော်တာကြောင့် အချိန်နဲ့ အမျှ တိုင်းပြည်ရဲ့စီးပွားရေးဟာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေရပါ တယ်’’ဟု ၎င်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် နိုင်ငံပိုင်မြေယာ၊ အဆောက် အအုံနှင့် လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် ခွင့်ပြုထားသည့် စီမံကိန်းများကို ပြန်လည်စစ်ဆေး၍ ကတိ ကဝတ်နှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ခွင့်ပြုချက်ရပ်ဆိုင်းခြင်း၊ အရေယူခြင်းများပြုလုပ်ရန် တိုက် တွန်းသည့်အဆိုကို ဒေါ်ခင်စန်း လှိုင်က တင်သွင်းခဲ့ပြီး လွှတ်တော် က လက်ခံဆွေးနွေးရန် သဘော တူသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုမြင့် တက်လာရေး အစိုးရက ကြိုးပမ်း နေသော်လည်း နိုင်ငံပိုင်မြေယာ၊ အဆောက်အအုံနှင့် လုပ်ငန်းများ ကို လက်ဦးမှုရယူငှားရမ်းကာ ကတိအတိုင်း အကောင်အထည် မဖော်သည့် လုပ်ငန်းရှင်များ ကြောင့် အိတ်ပေါက်နှင့် ဖား ကောက်သလို ဖြစ်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အစိုးရအဆက်ဆက် နိုင်ငံ ပိုင်အရင်းအမြစ်များတွင် ရင်းနှီး မြှုပ်နှံရန် ငှားရမ်းခွင့်ပြုခဲ့သည့် စာချုပ်များအနက် အချို့သည် ငှားရမ်းခမျှတမှုမရှိခြင်း၊ တစ်ဖက် စောင်းနင်းဖြစ်စေသည့်အချက်အ လက်များထည့်သွင်းချုပ်ဆိုထား ခြင်းတို့ရှိနေ၍ ပြန်လည်စိစစ်သုံး သပ်သင့်ကြောင်း ၎င်းက ပြော သည်။  အစိုးရအဆက်ဆက် ချုပ်ဆိုခဲ့သည့် စာချုပ်များအရ မြေယာ များကို တစ်ဧကလျှင် ကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းဖြင့် ခွင့် ပြုပေးထားခြင်း၊ မည်သည့်လုပ် ငန်းမဆို လွှဲပြောင်းလုပ်ကိုင်ခြင်း ကို နိုင်ငံတော်နှင့် ဌာနက စွက်ဖက်ခွင့်မရှိခြင်း၊ မည်သည့်အကြောင်း နှင့်မျှ အငှားချထားခြင်းခံရသူ၏ သဘောတူညီချက်မပါဘဲ ပျက် ပြယ်ခွင့်မရှိဟု ချုပ်ဆိုထားခြင်း စသည့်အချက်အလက်များ ပါဝင် နေသည်ဟု ထောက်ပြသည်။

‘‘အစိုးရအနေနဲ့ကတော့ တကယ်အကောင်အထည်မဖော် နိုင်တဲ့ဟာတွေဆိုရင် ပြန်လည် သိမ်းယူတာပဲဖြစ်ဖြစ်၊ နေရာယူ ထားပြီးတော့ ခုချိန်ထိ အကောင် အထည်မဖော်နိုင်တာတွေကို အ ရေးယူတာပဲဖြစ်ဖြစ် ဆောင်ရွက် သင့်တယ်။ အရေးယူဖို့ဆိုတာ ထက် နိုင်ငံတော်အတွက် တကယ်လိုအပ်နေတဲ့ အရင်းအမြစ်တွေ ကို ပြန်လည်ရရှိဖို့ အဓိကပါပဲ’’ ဟု ဒေါ်ခင်စန်းလှိုင်က လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်း ထောက်များအား ပြောသည်။

ဒီမိုကရေစီစနစ်တွင် ရှေ့ အစိုးရ၏ကောင်းမွေ၊ ဆိုးမွေကို နောက်အစိုးရက လက်ခံရသည် မှန်သော်လည်း ယခင်အစိုးရ၏ အားနည်းချက်များကို နိုင်ငံ့အကျိုး အတွက် ပြန်လည်တည့်မတ်ခြင်း နှင့် ပြင်ဆင်ရန် လိုအပ်ပါက ပြင်ဆင်ရန် တာဝန်ရှိကြောင်း ဂန့်ဂေါ အမတ် ဒေါ်ယဉ်မင်းလှိုင်က အဆို ကို ထောက်ခံဆွေးနွေးသည်။

ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိ၍ ဆက်လက်ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များ အမည်စာရင်းပေးသွင်း ရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်က ကြေညာသည်။