သဘာဝသယံဇာတ တူးဖော်ခြင်းမှရရှိသည့် ဝင်ငွေများကို နိုင်ငံသားများသို့ပွင့်လင်းမြင်သာစွာ ချပြရန် ဒေါက်တာဒေါ်သက်သက်ခိုင်မေးမြန်း

{Popular News Journalမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရာက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

နေပြည်တော် ဖေဖော်ဝါရီ ၇

သဘာဝသယံဇာတ တူးဖော်ခြင်းမှရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြရန် ဒဂုံမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်က ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်မေးမြန်းခဲ့သည်။

၎င်းက မြန်မာနိုင်ငံက (၂၀၁၄)ခုနှစ်၊ ဇူလိုင်လမှာ အကြိုအဖွဲ့ဝင်(Candidate) အနေနှင့် ဝင်ရောက်ခဲ့သည့်Extractive Industries Transparency Initiative (EITI)ဆိုသည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရ ာပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေသည့်အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတတူးဖော်ခြင်းမှ ရရှိသည့်နိုင်ငံတော်၏ ဝင်ငွေများကိုနိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး အစီအစဉ်များ မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက” နှစ်စဉ်ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းတဲ့ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများတွင်ပြည်ထောင်စုဝန်ကြီးဌာနအလိုက်ရငွေသုံးငွေများကိုပွင့်လင်းမြင်သာစွာလေ့လာတွေ့ရှိနိုင်ပြီးတွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှနိုင်ငံတော်ကရရှိတဲ့ဝင်ငွေများသည်သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ရငွေများအဖြစ်ဝင်ရောက်ခြင်းဖြစ်၍ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့အလုံးစုံဝင်ရောက်ပြီးဖြစ်ပါတယ်။အဆိုပါရငွေများကိုနှစ်စဉ်ထုတ်ဝေသောCitizen’s Budget စာစောင်တွင်လည်းကောင်း၊ဝန်ကြီးဌာနWebsiteတွင်လည်းကောင်းအများပြည်သူသိရှိအောင်ဖော်
ပြပေးလျက်ရှိပါတယ်” ဟုဖြေကြားခဲ့သည်။

ထို့ပြင်နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများ၏ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအခြားစာရင်းရှင်SEE Other Account(UFA OA)၏သဘောသဘာဝနှင့်UFA(OA)သည်ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းတွင်ပါဝင်သောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်တွင်ရှင်းလင်းတင်ပြခြင်း၊နိုင်ငံပိုင်သတင်းစာများတွင်ထည့်သွင်းဖော်ပြခြင်း၊နိုင်ငံပိုင်မီဒီယာများ၊သတင်းစာများတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဦးဆောင်၍ဘတ်ဂျက်ဆိုင်ရာဆွေးနွေးပွဲများ၊စီးပွားရေးစကားဝိုင်းများပြုလုပ်ခြင်းတို့ဖြင့်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်လည်းဆောင်ရွက်ခဲ့ကြောင်း၎င်းကတင်ပြခဲ့သည်။

သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှရရှိသည့်နိုင်ငံတော်၏ဝင်ငွေများကိုနိုင်ငံသားများသို့ပွင့်လင်းမြင်သာစွာချပြလျက်ရှိပါကြောင်းနှင့်ယင်းဝင်ငွေများမှာပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့အလုံးစုံဝင်ရောက်ပြီးဖြစ်ပါကြောင်းဦးမောင်မောင်ဝင်းကဖြေကြားခဲ့သည်။

လက်ရှိတွင်ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ဝင်ရောက်ပြီးဖြစ်သောနိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏Other Account OAစာရင်းများနှင့်ပတ်သတ်၍စာရင်းသဘောအရလက်ကျန်ပေါ်နေသောငွေရပ်များကိုမည်သို့ဆက်လက်ဆောင်ရွက်သင့်သည်ကိုနိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင်ဆွေးနွေးသုံးသပ်လျက်ရှိပါကြောင်းလည်းပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး၏ဖြေကြားချက်အပြီးတွင်ဒေါက်တာဒေါ်သက်သက်ခိုင်ကဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။

သူမက” မြန်မာစီးပွားရေးဘဏ်မှှာဖွင့်လှစ်ထားတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီရဲ့အခြားစာရင်းOther Accountများမှာပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့လွှဲပြောင်းတဲ့အဝင်အထွက်စာရင်းများရဲ့အသေးစိတ်စာရင်းများကိုနှစ်စဉ်ဘဏ္ဍာနှစ်အလိုက်ထုတ်ဝေတဲ့ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြပေးနိုင်ခြင်းရှိ/မရှိ” ဆက်စပ်မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏အခြားစာရင်းOther Account တွင်နောက်ဆုံးလက်ကျန်ရှိနေသောစာရင်းများကိုပွင့်လင်းမြင်သာစွာသိရှိနိုင်ရန်မြန်မာ့စီးပွားရေးဘဏ်၏လက်ကျန်
ရှင်းတမ်းအပါအဝင်ဘဏ္ဍာရေးရှင်းတမ်းများအားအများပြည်သူသိရှိနိုင်ရန်ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိဟုလည်းမေးမြန်းခဲ့သည်။

၎င်း၏ဆက်စပ်မေးခွန်းကိုဒုတိယဝန်ကြီးကနှစ်ပတ်လည်အစီရင်ခံစာတွင်အသေးစိတ်စာရင်းအားလုံးကိုထည့်သွင်းအစီရင်ခံရမည်ဆိုပါကအစီရင်ခံစာမှာအများကြီးဖြစ်သွားမည့်အနေအထားရှိကြောင်းပြောကြားခဲ့သည်။

ဦးမောင်မောင်ဝင်းက” ကျွန်တော်တို့ကနှစ်ပတ်လည်အစီရင်ခံစာကျရင်တော့အဖွဲ့အစည်းတစ်ခုချင်းအလိုက်နှစ်ချုပ်စာရင်းများကျွန်တော်တို့ဒါကိုတော့ဒီ ယာယီအမှန်စာရင်းဆိုတာရှိပါတယ်။နောက်ရှေ့ပြေးအမှန်စာရင်းဆိုတာရှိပါတယ်။နောက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကစစ်ဆေးပြီးတဲ့အခါအမှန်စာရင်း အဲ့ဒီအမှန်စာရင်းကတော့နောက်ဆုံးဖြစ်တဲ့အမှန်စာရင်းပါပဲ။အဲ့ဒီအမှန်စာရင်းမှာတော့နှစ်ချုပ်စာရင်းအတိုင်းအတာနဲ့ညီမျှတဲ့ အစီရင်ခံလျက်ရှိပါကြောင်း” ဖြေကြားခဲ့သည်။

ထို့ပြင်OAလက်ကျန်များအပါအဝင်ဘဏ္ဍာရေးရှင်းတမ်းများကိုလုပ်ထုံးလုပ်နည်းနှင့်အညီမြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့တင်ပြလျက်ရှိကြောင်းဆက်လက်ဖြေကြားခဲ့သည်။