တရားသူကြီးများ တရားခွင်တွင် ကျမ်းသစ္စာကျိန်ဆိုရမည့်အဆို လွှတ်တော်အတည်ပြု

{7Day News Journalမှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တရားခွင်တွင် အမှုများဆုံးဖြတ်စီရင်ရသည့် တရားသူကြီးများကိုယ်တိုင် တိ ကျလေးနက်စွာကျမ်းသစ္စာကျိန် ဆိုရမည့်အဆိုကို ယမန်နေ့က အ မျိုးသားလွှတ်တော်၌ အတည်ပြု ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမိုး တင်သွင်းသည့်  ပြည်သူများ ယုံ ကြည်ကိုးစားအားထားပြီး ဖြောင့် မတ်မှန်ကန်မျှတသည့်တရားစီ ရင်ရေးဖြစ်ထွန်းစေရန် တရားသူ ကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိ ကျလေးနက်စွာကျိန်ဆိုရေးအဆို ကို ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့သည်။

အဆိုနှင့်ပတ်သက်၍ ပြည် ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်က ပြန် လည်ဖြေရှင်းရာတွင် တရားသူ ကြီးများ တာဝန်စတင်ထမ်း ဆောင်ချိန်၌ ကျမ်းသစ္စာကျိန်ဆို ခြင်းသည် ထမ်းဆောင်သည့် တာဝန်သက်တမ်းတစ်ခုလုံးအ တွက် ပဋိညာဉ်ပြုရာရောက်သည် ဟု ပြောသည်။

ထို့ကြောင့် အဆိုကို မှတ် တမ်းအဖြစ်ထားရှိရန် အဆိုပြု သော်လည်း အဆိုရှင်က‘‘လက်ရှိ အချိန်မှာ တစ်ကြိမ်ပဲကျိန်ဆိုပြီး လုပ်ဆောင်နေတော့လည်း အောက်ခြေတရားသူကြီးအဆင့် ဆင့်တွေက လွဲမှားနေပါတယ်။ အခုအခြေအနေအရ ကျိန်ဖို့ လည်း အမှန်တကယ်လိုအပ်နေ ပါတယ်။ ကျိန်ပြီးဆောင်ရွက်လို့ လည်း မှန်မှန်ကန်ကန်လုပ်ရင် မကျိန်စရာဘာအကြောင်းမှ မရှိ ပါဘူး’’ ဟု ၎င်းကပြောသည်။

ထိုသို့ သဘောထားကွဲလွဲနေ သဖြင့် လွှတ်တော်အဆုံးဖြတ်ခံ ယူ၍ မဲခွဲဆုံးဖြတ်ရာအဆိုကို ထောက်ခံသူများသဖြင့် အောင် မြင်ခဲ့သည်။

အဆိုအနိုင်ရရှိ၍ တရားသူ ကြီးများကိုယ်တိုင် အဂတိကင်း ရှင်းပြီး ပြည်သူများကတရားစီရင် ရေးအပေါ် ပိုမိုယုံကြည်လာနိုင်သ လားဟု လွှတ်တော်အစည်းအဝေး အပြီးတွင် 7Day Daily သတင်း စာကမေးမြန်းရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် တရားသူကြီးကျင့်ဝတ်နှင့် ယင်း ကိုဖောက်ဖျက်ပါက လုပ်ထုံး လုပ်နည်းဖြင့် အရေးယူနိုင် သောနည်းလမ်းများဖြင့်လည်း ထိန်းကျောင်းရန် ဆောင်ရွက်နေ ကြောင်း ဦးမျိုးတင့်ကပြောသည်။

တရားသူကြီးများ ကျမ်း သစ္စာကျိန်ဆိုမည့်အဆိုကို သက် ဆိုင်ရာအဖွဲ့အစည်းက အ ကြောင်းကြားလာပါက သက်ဆိုင် ရာလုပ်ထုံးလုပ်နည်းဖြင့် ဆက် လက်ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ နေ ပြည်တော်အခြေစိုက်တရားလွှတ် တော်ရှေ့နေဦးခင်မောင်ဇော်က တရားစီရင်ရေးကို ထူးခြားသက် ရောက်စေမည်ဟု မထင်ကြောင်း မှတ်ချက်ပြုသည်။

‘‘တရားသူကြီးတွေ ကျမ်း ကိုင်ပြီး ကျမ်းကျိန်တာနဲ့ထူးခြား ပြီး တရားစီရင်ရေးက အဂတိ ကင်းလာမယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျ’’ ဟု ၎င်းက မှတ်ချက် ပြုသည်။

ငယ်စဉ်  ကလေးဘဝက တည်းက ပြည်သူ့နီတိများတွင် တရားရုံးရှေ့မလိမ်ရကြောင်းကို အရိုးထဲစွဲအောင် သင်ကြားပေး ခြင်း၊ တရားသူကြီးများလည်း တ ရားစီရင်ရေးတွင် တာဝန်ယူချိန် သိက္ခာရှိရန်လိုအပ်ပြီး ထိုသို့ဖြစ် စေရန် ထိုက်တန်သည့်လစာ၊ ခံ စားခွင့်တို့ ပေးထားရန် လိုအပ် ကြောင်း ၎င်းကထောက်ပြသည်။

‘‘တရားစီရင်တဲ့နေရာမှာ ငွေကြေးမက်ပြီး ဘက်လိုက်လို့မရ ဘူး။ အဲဒီလိုလုပ်ရင် အင်မတန် ဂုဏ်သိက္ခာမဲ့တဲ့အလုပ်ဖြစ်တယ် ဆိုတာ သူတို့ခေါင်းထဲထိရိုက် သွင်းထားရမယ်’’ ဟု ဦးခင်မောင် ဇော်က အကြံပြုသည်။

ဆက်လက်၍ သက်သေများ တရားရုံးရှေ့တွင် ကျမ်းကိုင်ပြီး လိမ်၍သက်သေထွက်ဆိုသည့် ဖြစ်စဉ်များနှင့်ဘက်လိုက်သည့် တရားသူကြီးများကို ထိထိရောက် ရောက်အရေးယူရန် လိုအပ် ကြောင်း ၎င်းကထောက်ပြသည်။