ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ရှစ်ဦး ခန့်အပ်ရန် သမ္မတက လွှတ်တော်သို့ အမည်စာရင်းပေးပို့

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှစ်ဦးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်သို့ပေးပို့ရာ ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် သမ္မတက ခန့်အပ် တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်နာယကထံ သို့ မတ်လ ၄ ရက် ရက်စွဲဖြင့် ပေး ပို့သည့်စာတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အဖြစ် ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ် ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်း အောင်၊ ဦးမင်းဆွေ၊ ဦးဆွေတင့် လွင်တို့ကို ခန့်အပ်တာဝန်ပေးလို ကြောင်း ဖော်ပြထားပြီး ပြည် ထောင်စုလွှတ်တော်၏ သဘော တူညီချက်ရယူပေးနိုင်ရန်ဟု ပါရှိ သည်။ နိုင်ငံတော်သမ္မတထံမှ အ ဆိုပြုတင်ပြလာသည့် ပုဂ္ဂိုလ်များ နှင့်ပတ်သက်ပြီး ကန့်ကွက်မှုတစ် စုံတစ်ရာ မရှိပါက ခန့်အပ်ရန် သ ဘောတူကြောင်း လွှတ်တော်က ကြေညာမည်ဖြစ်ပြီး ကန့်ကွက် လိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းအစီအစဉ်ကို မတ်လ ၈ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေ ညာသည်။

အဆိုပြုတင်ပြထားသည့် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သတ်မှတ်ထားသည့် အ ရည်အချင်းများနှင့် မပြည့်စုံ ကြောင်း သက်သေအထင်အရှား ပြ၍ ကန့်ကွက်လိုသည့်လွှတ် တော်ကိုယ်စားလှယ်ရှိပါက မတ် လ ၇ ရက် နောက်ဆုံးထားပြီး အ မည်စာရင်းပေးပို့နိုင်ကြောင်း လည်း အသိပေးခဲ့သည်။

လက်ရှိပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင် ခုနစ်ဦးဖြင့် စုဖွဲ့ထားရာ ယခုရှစ် ဦး ခန့်အပ်တာဝန်ပေးပါက ၁၅ဦးရှိလာမည်ဖြစ်သည်။

‘‘နောက်ထပ်  တစ်ဝက် လောက်တိုးပြီး ဖွဲ့စည်းတာက ၂၀၂၀ ရွေးကောက်ပွဲအတွက် တချို့ကဏ္ဍတွေပေါ့လေ။ ဥပမာ ကော်မရှင်အဖွဲ့ဝင်ဆိုရင် မဲစာ ရင်းဆို မဲစာရင်းကဏ္ဍနဲ့ ဆိုင်တဲ့ ဟာ၊ ရွေးကောက်ပွဲဥပဒေဆို ဥပဒေနဲ့ဆိုင်တဲ့ဟာ သူ့ကဏ္ဍနဲ့သူ ကိုင်ကြတာရှိတယ်လေ။ အဲဒီအ တွက် လိုအပ်ချက်အရ ခန့်တာမျိုး ဖြစ်မယ်လို့ မြင်တယ်’’ ဟု ရွေး ကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ MYNFREL မှ အမှုဆောင်အရာရှိ ဒေါ်ဇင်မာဦးက ပြောသည်။

ယခင်အစိုးရလက်ထက် ဦးတင်အေးဥက္ကဋ္ဌအဖြစ် တာဝန် ယူသည့် ရွေးကောက်ပွဲကော်မရှင် တွင် အဖွဲ့ဝင်ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ သည်။ ယင်းမတိုင်မီ ၂၀၁၀ ရွေး ကောက်ပွဲအတွက် ဦးသိန်းစိုး ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ရွေး ကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

6 March 2019