အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုအခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် ထပ်မံမေးမြန်

{Mizzima – News in Burmese မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ဝါးခယ်မမြို့နယ်တွင် အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ထပ်မံမေးမြန်းခဲ့သည်။

“အာဆင်းနစ်က အေရာင်အနံ့အရသာ မရွိတော့ ရေထဲမွာလည်း မသိနိုင်၊ မမြင်နိုင် ဓါတ်ခွဲစမ်းသပ်ကြည့်မှ သိနိုင်တာပါ။ သောက်တဲ့သူကလည်း အာဆင်းနစ်ကို ပါမွန်းမသိ သောက်မိနေပါက ရေရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းကြောင်း နှလုံး၊ အာရုံကြောအဖွဲ့အစည်း ထိခိုက်ပြက်စီးခြင်း ၊မြိုးရိုးဗီဇ ပြောင်းလဲနိုင်ခြင်း၊ အရည်ပြားပေါ်တွင် အမဲကွက် အဖြူကွက်များဖြစ်ပေါ်တတ်ခြင်း ခြေဖဝါး၊ လက်ဖဝါး အသားမာ တတ်ခြင်းနှင့် ဆိုးရွား ပါက အေရးပြားကင်ဆာအထိဖြစ်စေနိုင်တာကြောင့် ဖြေကြားထားသည့်အတိုင်းအမြန်ဆုံးထိထိ ရောက်ရောက် ဆောင်ရွက်ပေးစေလိုပါသဖြင့် မည့်သို့ဆောင်ရွက်ထားသည်ကို ဖြေကြားပေးပါရန်” ဟု ဒေါ်မြင့်မြင့်စန်းက မေးခွန်းတွင် ထည့်သွင်းမေးမြန်းခဲ့သည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များ၏ ရေညစ်ညမ်းမှုပမာဏနွင့် ရေထုအရည်အေသွး တိုင်းတာခြင်းစီမံချက်နှင့် အာဆင်းနစ် ကင်းစင်သော သောက်သုံးရေ ရရှိရေးစီမံချက်တို့ကို ဆောင်ရွက်ပေးစေ လိုကြောင်း ၂၀၁၈ခုနွစ် မေလ ၁၄ရက်နေ့လွတ်တော်အစည်းအေဝးတွင်ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့ဖူးသည်။

အဆိုပါမေးခွန်းအတွက် သက်ဆိုင်ရာမွ ဖြေကြားရာတွင် ဝါးခယ်မမြို့အတွင်းမွ ဒေသနေပြည်သူျမားအတွက် သောက်သုံးရေရရွိရန် အဓိကစီမံခန့်ခွဲလျက်ရှိကြောင်း အထွေထွေအုပ်ျခုပ်ရေး ဦးစီးဌာန၊ ကြေးလက် ဒေသ ဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း ရေအရည်အေသွး ဆိုင်ရာတိုင်းတာသည့် Portable Special Kids ျမားဖြင့် ပမာဏအခြေခံအချက်အလက်များ ရယူခြင်းလုပ်ငန်း အားဦးစွာ လျာထားဆောင်ရွက်ပေးမည်ဟု ဖြေကြားထားခဲ့သည်။

သို့သော် ယနေ့အထိ အေကြာင်းတစ်စုံတရာ ဆောင်ရွက်မှုကိုမျှ မသိရှိရသာကြောင့် ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလွယ်ဒေါ်မြင့်မြင့်စန်းက ဒုတိယအကြိမ် ထပ်မံမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအတွက် ၂၀၁၈-၁၉ဘဏ္ဍာနွစ်တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကန့်သတ်ခြက်အရ ဝါးခယ်မမြို့နယ်အတွင်းရွိ မြစ်ချောင်းအင်းအိုင်များမှ ရေထုညစ်ညမ်း ပမာဏနှင့် ရေထုအရည်အေသွး တိုင်းတာစောင့်ကြည့်ရန် ဦးစားပေးဆောင်ရွက်မည့် နေရာရွေးခြယ်ရန် အတွက်လုပ်ငန်းအဖွဲ့နှင့် တိုင်းဒေသကြီးကိုယ်စားလွယ်တို့ဆက်သွယ်၍ ပမာဏ ကွင်းဆင်း စစ်ဆေးမည့် လုပ်ငန်းများကို ၂၀၁၉ခုနွစ်မတ်လ ဒုတိယအပတ်အတွင်း စတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ် ဆောင် ရွက်ထားပြီး ဖြစ်ကြောင်း စိုက်ပြိုးရေး၊ မွေးမြူရေး၊ သယံဇာတနွင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း ကပြန်လည်ဖြေကြားခဲ့သည်။

4 March 2019