လွှတ်တော်အတွင်း တပ်မတော်သားပါဝင်မှုလျှော့ချရေး ညှိနှိုင်းဆောင်ရွက်ရန် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ၌ ဆွေးနွေး

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်များ တွင် ပါဝင်နေသည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို တစ်ဆင့်ချင်း လျှော့ချနိုင်ရေး ညှိနှိုင်းဆောင် ရွက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော် မတီအစည်းအဝေးတွင် ပါဝင်သူအချို့က အကြံပြုဆွေးနွေးခဲ့ ကြောင်း ကော်မတီဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ (မတ်လ ၁၁ ရက်)တွင် ပြုလုပ်သည့် ပူးပေါင်းကော် မတီ၏ လေးကြိမ်မြောက်အစည်း အဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)တွင် ဖော်ပြထားသည့် နိုင်ငံတော်အခြေခံမူများကို ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဦးရေ လျှော့ချရေးကို မည်သည့်ပါတီ ကိုယ်စားလှယ်က ဆွေးနွေးသည်ဆိုခြင်းနှင့် တစ်ဆင့်ချင်း လျှော့ချရာတွင် မည် သည့်အချိန်၌ အရေအတွက် မည်မျှ (ရာခိုင်နှုန်း မည်မျှ) လျှော့ချ မည်ဆိုခြင်းကိုမူ ၎င်းက အသေး စိတ်မပြောပေ။

 ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၁၄ တွင် ‘ပြည် ထောင်စုလွှတ်တော်၊ တိုင်းဒေသ ကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ် မှတ်သည့်ဦးရေအတိုင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်’ ဟု ပြဋ္ဌာန်းထားသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည် နယ်၊ တိုင်းလွှတ်တော်နှင့် ပြည် ထောင်စုလွှတ်တော်တို့တွင် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေ သည်။

 တတိယအကြိမ် ကျင်းပ သည့် အဆိုပါ ကော်မတီအစည်း အဝေးတွင် အခန်း (၁) နိုင်ငံတော် အခြေခံမူများကို ဆွေးနွေးရာ၌ ကော်မတီအဖွဲ့ဝင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များ တစ်စုံတစ်ရာ ဝင်ရောက် ဆွေးနွေးခြင်းမရှိခဲ့ ကြောင်း ကော်မတီအဖွဲ့ဝင်များ က ပြောသည်။

‘‘သူတို့တစ်တွေ ကျွန်တော် ထင်တယ်။ ဘုံညှိနှိုင်းမှုရှိတယ်လို့ ထင်တယ်။ NLD နဲ့’’ဟု ကော် မတီဝင်တစ်ဦးက ပြောသည်။

အစည်းအဝေး၌ ပြည်ခိုင် ဖြိုးပါတီက ဝင်ရောက်ဆွေးနွေး ခြင်းမရှိသည့်ကိစ္စနှင့် ပတ်သက် ၍ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသောင်း အေးက ‘‘ဆွေးနွေးဖို့ မလိုလို့ မဆွေးနွေးတာ ဖြစ်မှာပေါ့’’ဟု ပြောသည်။

ပူးပေါင်းကော်မတီ အတွင်း ရေးမှူးလည်းဖြစ်၊ ယင်းသို့ ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သူလည်းဖြစ် သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ‘‘အခန်း (၁)တော့ ဒီနေ့ပြီးသွားပြီ။ တချို့ ဟာဆိုရင်လည်း NLD အနေနဲ့ မပြင်တဲ့ အပိုင်းတွေရှိတယ်လေ။ ပြင်ဆင်ဖို့ဆိုတဲ့ အကြံပြုချက်မရှိ ဘူးဆိုရင် မူလတိုင်း ထားတာပဲ ပေါ့’’ဟု ပြောကြားသော်လည်း အသေးစိတ်ကိုမူ မဖြေပေ။

   ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)ပါ အခြေခံမူများတွင် ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၌ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များ ပါဝင်ခွင့်ရရှိရေး၊ အရေးအ ပေါ် အခြေအနေတစ်ရပ် ပေါ် ပေါက်ပါက တပ်မတော်က တား ဆီးကာကွယ်ခွင့်ရှိရေး စသည့်အ ချက်များ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို လုပ်ထုံးလုပ်နည်းအ တိုင်း ဆောင်ရွက်ပြီး လွှတ်တော် ထဲရှိ တပ်မတော်သားအရေအ တွက်ကို ရာခိုင်နှုန်းတစ်ခုသို့ လျှော့ချရေး ပြင်ဆင်မည်ဆိုပါက လက်ခံခြင်း ပြု၊ မပြု ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်၌ ကျင်းပ သည့် တပ်မတော် သတင်းစာရှင်း လင်းပွဲတွင် သတင်းထောက်တစ် ဦးက မေးမြန်းရာ တပ်မတော် သတင်းမှန် ပြန်ကြားရေးကော် မတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်း ညီက ‘‘ဆွေးနွေးဆောင်ရွက်သွား ရမယ့် အချက်ထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်’’ဟု ဖြေကြားထားသည်။

12 March 2019