လွှတ်တော်၏ဆုံးဖြတ်ဆောင်ရွက်ချက်များကို ဥပဒေနှင့်မညီဟု ထပ်ခါထပ်ခါ ကန့်ကွက်နေခြင်းအပေါ် ဒီချုပ်အမတ်များထောက်ပြ

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုလွှတ်တော်အတွင်း ဆုံးဖြတ်ဆောင်ရွက်ထားသည့်ကိစ္စများကို ဥပဒေနှင့်မညီဟု ထပ်ခါထပ်ခါ ကန့်ကွက်နေခြင်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လွှတ် တော်ကိုယ်စားလှယ်များက ယမန်နေ့ (မတ်လ ၁၂ ရက်)တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများ ကိုးကားပြီး ထောက်ပြဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအမတ် ဦးသိန်းထွန်းအပါအဝင် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၁၄၃ ဦးတင်သွင်းသည့်ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေ ကြမ်းကို လေ့လာစိစစ်ရန် ဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီက မတ်လ ၅ ရက်တွင် လွှတ်တော် သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ နှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးစဉ် အစီရင်ခံစာပါ အ ချက်များကို ကန့်ကွက်ပြီး ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ မူကြမ်း ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းခြင်းမ ပြုရန် တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ သည်။

ပုဒ်မ ၂၆၁ သည် ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်သည့်ပုဒ်မဖြစ်ကြောင်း၊ အခြေခံဥပဒေပုဒ်မတစ်ခုသည် သီးခြားရပ်တည်နေခြင်းမဟုတ် ဘဲ ချိတ်ဆက်နေကြောင်း ဒီချုပ် အမတ် ဦးမျိုးဝင်းက ဆွေးနွေး သည်။

ထိုသို့ ချိတ်ဆက်ပြင်ဆင် ခြင်းမရှိပါက ဥပမာအားဖြင့် ဝန် ကြီးများကို သမ္မတက ခန့်အပ်နေ ရခြင်းများ၊ လွှတ်တော်က ခန့်ခွင့် ရှိပြီး ဖြုတ်ခွင့်မရှိခြင်းများ၊ သက် ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များက ဝန်ကြီးချုပ်ကို ကြိုက်သလောက်ခန့်၊ သမ္မတက သဘော မကျပါက ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ကြိုက်သလို ဖြုတ်လို့ရခြင်းများ စသည့် သက်ဆိုင်ရာ ပုဒ်မ ၂၆၁၊ ၂၆၂၊ ၂၆၃၊ ၂၆၄ တို့ကို ပြသ၍ ဦးမျိုးဝင်းက ဆွေးနွေးသည်။

‘‘အဲဒါတွေဟာ  ဒီလိုချိတ် ဆက်နေတဲ့အတွက် စိစစ်ရေးပူး ပေါင်းကော်မတီက ဒီ ၂၆၁ ကို ပြင်မယ်ဆိုပါက ဆက်နွှယ်နေတဲ့ အတွက် ၄၅ ကော်မတီထဲ ထည့် သွင်းဆောင်ရွက်သင့်ပါကြောင်း စိစစ်တွေ့ရှိချက် အနှစ်ချုပ်လေး ကိုပဲ ထည့်လိုက်တော့ ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်သံတွေ ထွက်လာတာလို့ ထင်ရပါတယ်’’ ဟု ၎င်းက ဆိုသည်။

ကိုယ်စားလှယ်တစ်ဦးအနေ ဖြင့် ကန့်ကွက်ပိုင်ခွင့်ရှိသော် လည်း ဥပဒေနှင့် ညီ၊ မညီ ဆုံး ဖြတ်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ ခုံရုံးကသာ လုပ်ဆောင်ရမည့် အလုပ်ဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

နိုင်ငံနှင့် လူမျိုးအတွက် အ ကျိုးဖြစ်ထွန်းစေမည့် ကိစ္စများကို မည်သည့်လွှတ်တော်ကိုယ်စား လှယ်မဆို လွှတ်တော်တွင် အ ဆိုတင်သွင်းခွင့်ရှိကြောင်း၊ အဆို အပေါ် သဘောထားမညီပါက ဒီမိုကရေစီနည်းကျ များရာမဲနှင့် လွှတ်တော်၌ ဆုံးဖြတ်အတည်ပြု ရခြင်းသည် လွှတ်တော်၏ အစဉ် အလာဖြစ်ကြောင်း ၎င်းက ဆို သည်။

ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးကမူ လက်ရှိဆောင်ရွက်ချက် များသည် ဥပဒေနှင့် မညီကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ် တော်အနေဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၏ ဂုဏ်သိက္ခာကို ထိန်း သိမ်းနိုင်ရန် အကြံပြုလိုကြောင်း ဆွေးနွေးသည်။

‘‘အကြံပြုတင်ပြလိုတာက တော့ နံပါတ် (၁) အရေးကြီးအဆို မဟုတ်တဲ့ ဦးအောင်ကြည်ညွန့်ရဲ့ အရေးကြီးအဆို အတည်ပြုခဲ့ခြင်း ကို ပြန်လည်ရုပ်သိမ်းပြီးတော့ ဥပဒေနဲ့ မညီတဲ့ ၄၅ ဦး ကော်မတီ ကို ဖျက်သိမ်းရန်’’ဟု ဦးသောင်း အေးက ဆွေးနွေးပြီး ပုဒ်မ ၂၆၁ ပြင်ဆင်ရန်အချက်ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက် လက်ဆောင်ရွက်ပေးပါဟု ၎င်း ကပြောကြားခဲ့သည်။

13 March 2019