မြောက်ဦးကို ချမ်းသာပေးရန် လက်နက်ကိုင်များကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌ မေတ္တာရပ်ခံ

{DVB TV News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တပ်မတော်နဲ့ ရက္ခိုင့်တပ်အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ယူနက်စကိုဝင်နိုင်ရေး ကြိုးပမ်းနေကြတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ချမ်းသာပေးကြဖို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက မေတ္တာရပ်ခံလိုက်ပါတယ်။

မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ အသည်းနှလုံးဖြစ်သလို ရခိုင်သမိုင်းတလျှောက် ရခိုင်လူမျိုးတွေ နေထိုင်ခဲ့ပုံကို ဖော်ပြနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီယဉ်ကျေးမှုဇုန်ကို သက်ဆိုင်သူအားလုံးက ကာကွယ်ဖို့လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ နှစ်ဖက် စစ်ပွဲတွေဟာ ဘယ်သူတွေ ဘာပဲပြောပြော ညီအစ်ကိုချင်းဖြစ်ကြတဲ့ ပြဿနာသာဖြစ်ကြောင်း၊ ဗမာ-ရခိုင်လူမျိုးရေးပြဿနာ မဟုတ်ကြောင်း ပြောပါတယ်။

အဲဒါကြောင့် ဒီပြဿနာဟာ ဘာကြောင့်ဖြစ်ရလဲဆိုတာကို နားလည်သိရှိဖို့လိုကြောင်း၊ နားလည်မှုလွဲမှားနေရင် ပြဿနာကို ဖြေရှင်းရာမှာလည်း လွဲမှားတတ်ကြောင်း၊ အဲဒီလို သိရှိမှာသာလျှင် ပြဿနာကို အဖြေရှာဖြေရှင်းလို့ရမှာဖြစ်ကြောင်း အကြုံပြုခဲ့ပါတယ်။

11 May 2019