တစ်ပတ်အတွင်း ဥပဒေအတည်ပြုချက်များနဲ့ အစိုးရကတိများ

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေ ထဲက လွှတ်တော်တွင်းဥပဒေအတည်ပြု ချက်နဲ့ အစိုးရရဲ့ကတိအချို့ကို ကောက် နုတ်ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် က လွှတ်တော်အစည်းအဝေးတွေကို မေ လ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

လောင်းကစားဥပဒေ
နိုင်ငံခြားသားတွေအနေနဲ့ ကာစီနို လောင်းကစားဝိုင်းတွေ တရားဝင်ဖွင့်လှစ် ခွင့်ပြုထားတဲ့လောင်းကစားဥပဒေကို မေ လ ၇ ရက်နေ့က ကျင်းပတဲ့ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်ပြီဖြစ် ပါတယ်။

သည်ဥပဒေမှာဆိုရင် သက်ဆိုင်ရာ ဌာနတွေရဲ့ခွင့်ပြုချက်တွေနဲ့ နိုင်ငံခြားသား တွေ ကာစီနိုလောင်းကစားဝိုင်းတွေ ဖွင့် လှစ်ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံသားတွေ ကိုတော့ ဖွင့်ခွင့်ပြုမထားပါဘူး။ ကာစီနို ဝိုင်းတွေ နိုင်ငံအတွင်းမှာ တရားဝင် ခွင့်ပြု လိုက်တဲ့အတွက် နိုင်ငံအတွက် ရသင့် ရထိုက်တဲ့အခွန်အခတွေ ရရှိလာမှာဖြစ် တယ်လို့ သိရပါတယ်။

သည်ဥပဒေထဲမှာဆိုရင် ပြည်တွင်း လောင်းကစားဝိုင်းတွေရဲ့စောင့်ကြည့် ထိန်းချုပ်မှုတွေကိုပါ ခေတ်နဲ့အညီ ရေးဆွဲ ထားပြီး ဥပဒေပါ တားမြစ်ချက်တွေကို လိုက်နာမှုမရှိရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေနဲ့ ကျပ် ၁၀ သိန်း အထိ ငွေဒဏ်ဆောင်ရမယ့်ပြစ်ဒဏ်တွေ လည်း ပါဝင်လာပါတယ်။

KG တန်းအတွက် သင်ထောက်ကူပစ္စည်း
KG+12 စနစ်ပညာရေးအောင်မြင် နိုင်ရေးအတွက် KG တန်းတွေရဲ့ လိုအပ် တဲ့သင်ထောက်ကူပစ္စည်းတွေနဲ့ ဆရာ ဆရာမတွေရဲ့အရည်အသွေးကို မြှင့်တင်  ဖြည့်ဆည်းသွားမယ်လို့ ပညာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

မေလ ၁၀ ရက်က ကျင်းပတဲ့အမျိုး သားလွှတ်တော်အစည်းအဝေးမှာ မန္တလေး တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၀)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး ရဲ့ KG+12 စနစ် ပညာရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းရာမှာ အခုလိုပြောတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးက နောင်လာမယ့် ပညာသင်နှစ်တွေမှာ ခွဲဝေရရှိမယ့် ရန်ပုံ ငွေပေါ်မူတည်ပြီး KG ကျောင်းသား ကျောင်းသူတွေအတွက် သင်ထောက်ကူ ပစ္စည်းတွေ ဖြည့်ဆည်းပေးတာ၊ ဆရာ ဆရာမ အရည်အသွေးမြှင့်တင်ရေးဆောင် ရွက်တာနဲ့ မိဘအုပ်ထိန်းသူ၊ ပြည်သူများ နှင့် ဆွေးနွေးပွဲများဆောင်ရွက်သွားမယ် လို့ လွှတ်တော်မှာ ရှင်းလင်းဖြေကြားသွား ပါတယ်။

လွှတ်တော်အမတ်များရဲ့ လှုပ်ရှားမှုများအပေါ် စောင့်ကြည့်မှု
လွှတ်တော်အမတ်တွေရဲ့လှုပ်ရှားမှု တွေအပေါ် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ တွေရဲ့ စောင့်ကြည့်သတင်းယူဆောင် ရွက်ချက်တွေဟာ ဥပဒေနဲ့ညီကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က  လွှတ်တော်သို့ ရှင်း လင်းသွားပါတယ်။

မေလ ၁၀ ရက်နေ့က ကျင်းပတဲ့ပြည် သူ့လွှတ်တော်အစည်းအဝေးမှာ ကော့ သောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးခင်ဇော်က လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် စစ် ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေရဲ့ ဆောင် ရွက်ချက်တွေဟာ    ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ မေးမြန်းခဲ့ရာမှာ အခုလိုရှင်းလင်း တင်ပြသွားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မြင့်နွယ်က “ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံ ထောက်ခြင်းနှင့် စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့်ကိစ္စမဟုတ်ဘဲ လူသိ ရှင်ကြားပွင့်လင်းမြင်သာစွာ ဆောင်ရွက် သည့်ကိစ္စရပ်ဖြစ်သောကြောင့် အလွယ် တကူသတင်းရရှိနိုင်သည့်ကိစ္စရပ်တွေဖြစ် တဲ့အတွက် ၄င်းကိစ္စရပ်အပေါ် သတင်း ရယူခြင်းမှာ နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင် ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ဆန့်ကျင်ချိုး ဖောက်တယ်လို့ ဆိုနိုင်မည်မဟုတ် ကြောင်းနှင့် အများပြည်သူနဲ့အတူ ပွင့် လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ လွှတ်တော်ရပ်နားချိန်မှာ သက်ဆိုင်ရာမဲဆန္ဒတွေအတွင်း ဒေသခံ ပြည်သူတွေနဲ့တွေ့ဆုံကာ လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အခမ်းအနားများတက်ရောက်ခြင်း၊ ဒေသ ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဖိတ်ကြားထားတဲ့အစည်းအဝေးသို့ တက် ရောက်ခြင်းတွေဟာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တဲ့ကိစ္စများသာဖြစ်ကြောင်း လည်း ဗိုလ်ချုပ် မြင့်နွယ်က ပြောကြား သွားပါတယ်။

ကြက်ခြေနီက ကားငါးစီး အခွန်ကင်းလွတ်ခွင့်
အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)က တင်သွင်းတဲ့ရုံးသုံး မော်တော်ယာဉ် ငါးစီးကို အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုဖို့ မေလ ၉ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကျင်းပ တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးမှာ သည်မော်တော်ယာဉ် ငါးစီးတင် သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်နဲ့ပတ် သက် ပြီး တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးသူရိန်ဇော်က နိုင်ငံသားအကျိုးသာ ဦးစားပေးထောက်ခံ သင့်ကြောင်းနဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာဖြစ်ပါ တယ်။

သည့်အတွက် မေလ ၉ ရက်နေ့ကပြု လုပ်တဲ့ပြည်ထောင်စုလွှတ်တော်မှာ သည် ကိစ္စနဲ့ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့် ပြုဖို့ဆန္ဒမဲရယူရာမှာ ထောက်ခံမဲ ၃၆၄ မဲနဲ့ ကန့်ကွက်မဲ ၁၆၉ မဲရရှိတာကြောင့် လွှတ်တော်နာယက က အတည်ပြု ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ရေနံစိမ်းတင်သင်္ဘောကြီးများရဲ့အန္တရာယ်
တရုတ်နိုင်ငံသို့ရေနံစိမ်းတွေ တင်ပို့နေ တဲ့သင်္ဘောကြီးတွေရဲ့ဆီယိုဖိတ်မှုအန္တ ရာယ်ကနေ ကာကွယ်ရေးအဆိုကို အမျိုး သားလွှတ်တော်ကနေ လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

သည်အဆိုကို မေလ ၈ ရက်နေ့ပြု လုပ်တဲ့အမျိုးသားလွှတ်တော်အစည်းအ ဝေးမှာ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုရှင်က ရခိုင်ပြည်နယ် မဒေး ကျွန်းရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတွေတင်ပို့ရာမှာ တန်ချိန်သုံး သိန်းခန့်အရွယ်ရှိ သင်္ဘောကြီးတွေဟာ ဆိပ်ကမ်းသို့ ဝင်ထွက်လျက်ရှိပြီး ကြီးမား တဲ့မတော်တဆထိခိုက်မှုတွေ၊ ဆီယိုဖိတ်မှု တွေဖြစ်ပေါ်နိုင်ရာ ဒါတွေကို ကာကွယ်ဖို့ လုံလောက်တဲ့အစီအမံတွေကို အစိုးရအ နေနဲ့ စီမံရေးဆွဲထားဖို့ အဆိုတင်သွင်းခဲ့ တာဖြစ်ပါတယ်။

ဓာတ်လှေကားစနစ်
ဆေးရုံနဲ့စာသင်ကျောင်းတွေအပါအ ဝင် နိုင်ငံပိုင်အဆောက်အအုံတွေမှာ မသန်စွမ်းများ သွားလာရအဆင်ပြေစေ ဖို့ ဓာတ်လှေကားစနစ်ပါဝင်တဲ့အဆောက် အအုံတွေ ဆောင်ရွက်ပေးသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောပါတယ်။

မေလ ၈ ရက်နေ့ ကျင်းပတဲ့အမျိုး သားလွှတ်တော်အစည်းအဝေးမှာ မသန် စွမ်းတွေအတွက် သွားလာရလွယ်ကူရေး နဲ့ပတ်သက်တဲ့မေးခွန်းကို ဖြေကြားချိန်မှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

ဒေါက်တာ မြင့်ထွေးက အထပ်အမြင့် ဆုံး အဆောက်အအုံတွေအတွက် ဘဏ္ဍာ ငွေရရှိမှုပေါ်မူတည်ပြီး     ဓာတ်လှေကား စနစ်ပါဝင်တဲ့အဆောက်အအုံတွေ ဆောင် ရွက်သွားမယ်လို့ ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မေးခွန်းကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက မေးမြန်းခဲ့တာဖြစ်ပြီး “နိုုင်ငံတစ်ဝန်း အသစ်ထပ်မံဆောက်လုပ် မယ့်ဆေးရုံနဲ့ စာသင်ကျောင်းတွေ၊ ဌာန ဆိုင်ရာအဆောက်အအုံတွေအပါအဝင် နိုင်ငံပိုင်အဆောက်အအုံတွေမှာ မသန် စွမ်းသူတွေ အလွယ်တကူအဆင်ပြေစွာ  အသုံးပြုနိုင်ဖို့အတွက် လျှောက်လမ်းပါ ဝင်တဲ့အထောက်အကူပြုပုံစံမျိုး ထည့် သွင်းဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိ မရှိ” ဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဘတ်ဂျက်တောင်းခံမယ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက် ရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ရုံးတွေနဲ့ ဟောင်းနွမ်းနေတဲ့ရုံးတွေအတွက် ပြင် ဆင်ဆောက်လုပ်ဖို့ လာမယ့်ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်တောင်းခံသွားမယ်လို့ ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ် တော်သို့ ရှင်းလင်းတင်ပြသွားပါတယ်။

မေလ ၈ ရက်နေ့ ကျင်းပတဲ့ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မိုင်းပန်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးစိုင်းကျော်မိုးရဲ့သူ့မြို့နယ်အတွက် ဝန်ထမ်းအိမ်ရာတွေဆောက်လုပ်ခြင်း၊ ပြုပြင်ပေးခြင်းနဲ့ပတ်သက်ပြီး မေးခွန်း မေးမြန်းရာမှာ အခုလိုထည့်သွင်းပြော ကြားသွားတာဖြစ်ပါတယ်။

ဝန်ကြီးက လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဌာနပိုင်ရုံးအနေနဲ့ ဖွင့်လှစ် နိုင်ခြင်းမရှိသေးတဲ့ရုံးတွေ၊ အိုမင်းဟောင်း နွမ်းနေပြီဖြစ်တဲ့ဌာနပိုင်ရုံးအဆောက်အအုံ တွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို အသစ် ပြန်လည်တည်ဆောက်နိုင်ရေး လျာထား တင်ပြတောင်းခံသွားမှာဖြစ်ပြီး ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဦးစားပေးအစီအစဉ် အလိုက် ဆောင်ရွက်ပေးသွားမယ်လို့ ပြော ကြားသွားပါတယ်။

12 May 2019