မီးဖြတ်ချိန်မဟုတ်ဘဲ ပြတ်တောက်၍ လွှတ်တော်အမတ်က လျှပ်စစ်ဒုဝန်ကြီးထံ တိုက်ရိုက်တိုင်ကြား

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လျှပ်စစ်မီးဖြတ် ချိန်မဟုတ်ဘဲ ပြတ်တောက်မှုများ ဖြစ်ပေါ်၍ ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ တိုက်ရိုက် တိုင်ကြားစာပေးပို့ခဲ့ သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် ရန်ကုန်မြို့၏ အခြားမြို့နယ်များနည်းတူ လျှပ်စစ်မီး ဖြတ်ချိန်၊ လာချိန် ဇယားပေးထား သော်လည်း မီးဖြတ်ချိန်တွင် အ ပြည့်အဝဖြတ်ပြီး မီးလာချိန်၌ မကြာခဏ ပြတ်တောက်သဖြင့် ယင်းသည် ပြည်သူက အစိုးရအပေါ်ယုံကြည်မှု ပျက်စေနိုင်ကြောင်းဦးအေးနိုင်၏ တိုင်ကြားစာတွင် ဖော်ပြသည်။

‘‘မီးဖြတ်ဖြတ်ချတဲ့ ကိစ္စတွေ ကို စိစစ်ပေးဖို့ ဒုဝန်ကြီးကို ပြော ခဲ့တယ်။ နည်းဥပဒေမှန်တယ်ဆို ရင်တော့ ရှိပါစေ။ သီးခြားဖြတ်ချ တဲ့ပုံစံမျိုးဆိုရင် အရေးယူပေးပါဆိုပြီး တိုင်ကြားစာပေးလိုက်တယ်။ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ညီရင် လက်ခံပါတယ်။မညီရင် အရေးယူပေးဖို့ပေါ့’’ဟု ဦးအေးနိုင်က ဆိုသည်။

ဦးအေးနိုင်က မေလ ၂၀ ရက်တွင် ကျင်းပသော ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေး ခေတ္တရပ်နားချိန်၌ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင် များ၏ သတ်မှတ်နေရာသို့ သွား ရောက်၍ ဒေါက်တာထွန်းနိုင်ထံ တိုင်ကြားခြင်းဖြစ်သည်။

မေလကစတင်ကာ ရန်ကုန် မြို့တွင် လျှပ်စစ်ဓာတ်အား မလုံ လောက်၍ မြို့နယ်အားလုံးသို့အလှည့်ကျစနစ်ဖြင့် မီးပေးဝေနေ ကာ မီးလာသည့်အချိန်၊ မီးပြတ်တောက်မည့်အချိန်များကို ထုတ်ပြန်ထားသည်။ သို့သော် လျှပ်စစ်မီးလာချိန် မမှန်၍ ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။

22 May 2019