{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}
အရပ်ဘက်လူထု ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင် ခွင့်များကို လေးစားလိုက်နာရန် နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် နိုင်ငံတကာသဘောတူစာချုပ် ICCPR ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးရန် အိမ်မဲမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်သန္တာက တိုက်တွန်း သည်။
ဒီမိုကရေစီ တည်ဆောက် ရေး လွန်စွာအရေးပါသည့် အရပ် ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာ ရပိုင်ခွင့်များကို လေးစား လိုက်နာရန်နှင့် တရားဥပဒေစိုး မိုးမှုရှိစေရန် ယင်းတို့နှင့် သက် ဆိုင်သည့် နိုင်ငံတကာ သဘော တူစာချုပ် (International Covenant on Civil and Political Rights) ကို မြန်မာနိုင်ငံက လက် မှတ်ရေးထိုးရန် အိမ်မဲအမတ် ဒေါ် သန္တာက အဆိုတင်သွင်း တိုက် တွန်းခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံရဲ့လူ့အခွင့်အ ရေးအခြေအနေဟာ တိုးတက် လာပေမယ့် လိုအပ်မှုများရှိနေဆဲ ဖြစ်ပြီး ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နိုင်ငံသားတည်းဟူသော ဘောင် အကန့်အသတ်ကို အာမခံခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတစ်ခုအတွင်း မှီ တင်းနေထိုင်ကြသော မည်သူမဆို ၏ ရပိုင်ခွင့်များကို စောင့်ရှောက် နိုင်မှာဖြစ်ပါတယ်’’ ဟု ဒေါ်သန္တာ က ဆိုသည်။
မြန်မာနိုင်ငံသည် နိုင်ငံတ ကာ လူ့ရပိုင်ခွင့်စာချုပ်ကိုးခုရှိ သည့်အနက် အမျိုးသမီးများအား ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးစာချုပ်၊ ကလေးသူ ငယ်ရပိုင်ခွင့်များဆိုင်ရာ စာချုပ်၊ မသန်စွမ်းသူများရပိုင်ခွင့်ဆိုင်ရာစာချုပ်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာစာချုပ် ဟူ သည့် သဘောတူစာချုပ် လေးခု ကို လက်မှတ်ရေးထိုးထားပြီး စာ ချုပ်ငါးခုကို လက်မှတ်ရေးထိုးရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း အ ဆိုတင်သွင်းသူ ဒေါ်သန္တာကလွှတ် တော်၌ပြောသည်။
ICCPR စာချုပ်တွင် အပိုင်း (၆) ပိုင်း၊ အပိုဒ် ၅၃ ပိုဒ်ပါဝင်ပြီး အပိုင်း (၃) ပိုင်းနှင့် အပိုဒ် ၂၇ ပိုဒ်တို့သည် လူ့ရပိုင်ခွင့်များကို အဓိကဖော်ပြထားကာကျန်အပိုဒ် များသည် ကော်မတီ၏ လုပ်ပိုင် ခွင့်နှင့် လုပ်ထုံးလုပ်နည်းများဖြစ် ကြောင်း ၎င်းက ပြောသည်။
အဆို တင်သွင်းရခြင်း၏ ရည်ရွယ်ချက်ကို ဒေါ်သန္တာက ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခြေခံမူ ဖြစ်သည့် နိုင်ငံတော်၏ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှ ခြင်းစသည့် လောကပါလ တရား များ ပိုမိုထွန်းကားရန်၊ လူ့အခြေခံ ရပိုင်ခွင့်များ ကာကွယ်နိုင်ရန်နှင့် ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်တို့ ဖြစ်ကြောင်း ရှင်းပြသည်။
ထို့အပြင် အသက်ရှင်ရပ် တည်ခွင့်နှင့် လူသားဂုဏ်သိက္ခာ၊ ဥပဒေရှေ့ မှောက်တွင်တန်းတူညီ မျှမှု၊ ဘာသာရေး လွတ်လပ်ခွင့် နှင့် ကိုယ်ပိုင်ဘဝ၊ ညှဉ်းပန်းနှိပ် စက်ခြင်း၊ မလျော်မကန်ပြုမူခြင်း နှင့် အဓမ္မဖမ်းဆီးခြင်းတို့မှ လွတ် မြောက်ခွင့်၊ နိုင်ငံရေးတွင် ပါဝင် ခွင့်၊ လူနည်းစုရပိုင်ခွင့်၊ ကျား၊ မတန်းတူ၊ တူညီသည့်ရပိုင်ခွင့် များကို လေးစားလိုက်နာရန်နှင့် လူ့ဘဝအဆင့်အတန်းကို မြှင့် တင်ရန်တို့ဖြစ်ကြောင်း ဒေါ်သန္တာ က ဆက်ပြောသည်။
‘‘စာချုပ်ပါရပိုင်ခွင့် ချိုး ဖောက်ခံရသူအား ထိရောက် သော ကုစားမှုပေးနိုင်ရန်တို့ လည်း ဖြစ်ပါတယ်’’ ဟု ၎င်းကဆို သည်။
အထက်ပါအဆိုကို ကော လင်းအမတ် ဦးမျိုးဇော်အောင်က ထောက်ခံဆွေးနွေးပြီး လူတစ်ဦး ချင်းစီကို ကာကွယ်ပေးရန်၊ မူဝါဒ အခြေခံသည့် ယဉ်ကျေးသော လူ့ အဖွဲ့အစည်း တည်ဆောက်ရန် နှင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် ဖြစ် သည်ဟုပြောသည်။
‘‘အစိုးရကောင်းတွေတက် လာရင် ပြည်သူတွေ လုံခြံုပြီး တော့မှ အစိုးရဆိုးတွေ တက်လာ ရင် ပြည်သူတွေဘဝ မလုံမခြံုဖြစ် ရတဲ့အခြေအနေကို ကျွန်တော်တို့ ကာကွယ်ဖို့ဆိုရင် ပြည်သူတွေကို ဥပဒေနဲ့ အကာအကွယ် ပေးရ တာဖြစ်ပါတယ်။ ငါးနှစ်တစ်ကြိမ် အစိုးရတွေ ပြောင်းသွားကြတဲ့အ ခါမှာ ပြည်သူတွေရဲ့လွတ်လပ်မှုနဲ့ လုံခြံုမှုကို အကာအကွယ်ပေးနိုင် ဖို့ လိုပါတယ်။ အဲဒီအတွက်ခိုင် မာတဲ့ ပြည်တွင်းဥပဒေတွေ ချ မှတ်ရသလို နိုင်ငံတကာ သဘော တူညီချက်တွေလည်း ထိန်းမတ်ရ မှာဖြစ်ပါတယ်’’ ဟု ဦးမျိုးဇော် အောင်က ဆိုသည်။
စာချုပ်ကို ပါဝင်လက်မှတ် ရေးထိုးရာတွင် ခြွင်းချက်မရှိပါဝင် နိုင်သလို ခြွင်းချက်ဖြင့်လည်း ပါ ဝင်နိုင်ကြောင်း ၎င်းက ပြော သည်။ လက်ရှိတွင်ယင်းစာချုပ် ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဝင် ၁၇၂ နိုင်ငံရှိပြီး ကျန် ၁၉ နိုင်ငံတွင် မြန်မာနိုင်ငံကတစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း ဦးမျိုး ဇော်အောင်က ဆိုသည်။
ဒေါ်သန္တာ၏အဆိုကို လွှတ် တော်၌ လက်ခံဆွေးနွေးရန် ကန့် ကွက်သူမရှိ၍ ဆက်လက်ဆွေး နွေးမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က မေလ ၂၁ ရက်တွင် ကြေညာ သည်။
23 May 2019