လွှတ်တော်ထဲက ကတိများ

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြီးခဲတဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေထဲက လွှတ်တော်တွင်း ဥပဒေအတည်ပြု ချက်နဲ့ အစိုးရရဲ့ ကတိအချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လွှတ်တော်အစည်းအဝေးတွေကို မေလ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ကျင်း ပ ခဲ့ပါတယ်။

၂၀၃၀ မှာ ရာနှုန်းပြည့် လျှပ်စစ်မီးရရှိရေး
၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ် စစ်မီး ရရှိရေးနဲ့ပတ်သက်ပြီး တိကျတဲ့ မူဝါ ဒလမ်းညွှန်မှု တွေနဲ့ ဆောင်ရွက်ရေးအဆိုကို  လွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။

သည် အဆိုကို မေလ ၂၂ ရက်နေ့ ကျင်း ပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ဆိပ်ကမ်းမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက တင် သွင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုရှင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ လျှပ် စစ်စွမ်းအား ၁ဝဝ ရာခိုင်နှုန်းပြည့်ဝ စွာ ရရှိရေးဆောင်ရွက်နေရာ သည် ကိစ္စနဲ့ စပ် လျဉ်းပြီး ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် ထားရှိမှုကို တိကျတဲ့ မူဝါဒလမ်းညွှန်မှု တွေ နဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအ ဆိုကို တင် သွင်းသွားတာဖြစ်ပါတယ်။

အဆိုရှင်က နိုင်ငံအနေနဲ့ စွမ်းအင် ကဏ္ဍနဲ့ ပတ် သက်လာရင် ပထမဆုံးလို အပ်တာက နိုင်ငံတော် အဆင့် အမျိုး သား အဆင့် မူဝါဒကောင်စီတစ်ရပ် ဖွဲ့စည်းပေး ဖို့ လိုအပ်လာကြောင်းနဲ့ သည်ကောင်စီ ကို National Energy Policy Council (NEPC) လို့ ခေါ်ကြတယ်လို့ ပြောပါတယ်။

ဦးတင်မောင်ဝင်းက“ဒီကောင်စီရဲ့ အ ထက်မှာ အစိုးရအဖွဲ့ပဲ ရှိပါတော့တယ်၊ ဒီကောင်စီရဲ့ အလုပ် ဟာ စွမ်းအင်နဲ့ဆိုင် တဲ့အဆုံးအဖြတ်ပေးရမယ့် အမျိုးသား အ ဆင့်မူဝါဒတွေ၊ မဟာဗျူဟာတွေ အားလုံးကို စုစည်းသုံးသပ်တဲ့အဖွဲ့ ဖြစ်ပါတယ်” လို့ လွှတ်တော်မှာ အဆိုတင်သွင်းစဉ် ရှင်းလင်း တင်ပြ သွားပါတယ်။

သည်အဆိုကို ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဖူးဘဆွေက ထောက်ခံဆွေးနွေးပြီး သူကလည်းထိပ်တန်း ရောက်ဖို့ အလာအလာရှိတဲ့ နိုင်ငံတွေဟာ စွမ်းအင် နဲ့ လျှပ်စစ်ကဏ္ဍ ကို စနစ်တကျ စီမံခန့်ခွဲတာကို တွေ့ရ တယ် လို့ ဆွေးနွေးသွားပါတယ်။

ဦးနေဖူးဘဆွေက “စွမ်းအင်လုံ လောက်ရင် နိုင်ငံဖွံ့ဖြိုးဖို့ရှိပေမဲ့ လုံလောက် အောင်ထုတ်တဲ့ စွမ်း အင်ရဲ့ ဈေးနှုန်းကို လဲ ထည့်တွက်ဖို့ လိုပါတယ်”လို့ ပြော ပါ တယ်။

သည်အဆိုကို ကန့်ကွက်သူမရှိခဲ့တာ ကြောင့် ဆွေးနွေးကြမယ့်လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး အ မည်စာရင်းပေး ကြဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်က ကြေ ညာ ထားပါတယ်။

အကျဉ်းသားရဲဘက်ရဲ့ လစာကိစ္စ
အကျဉ်းသားရဲဘက်တစ်ဦးလက်ရှိ ပေး နေ တဲ့ လစာဟာ သင့်တော်တဲ့နှုန်း ဖြစ် တာကြောင့် လုပ် အားခတိုးမြှင့်သတ်မှတ် ပေးဖို့ အစီအစဉ်မရှိသေး ဘူးလို့ ပြည်ထဲ ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးဗိုလ်ချုပ် အောင် သူက လွှတ်တော်သို့ ရှင်းလင်းတင်ပြသွား ပါ  တယ်။

မေလ ၂၁ ရက်နေ့ ပြုလုပ်တဲ့ အမျိုး သား လွှတ် တော်အစည်းအဝေးမှာ စစ် ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ လွှတ်တော်ကိုယ်စား လှယ် ဦးကိုကိုက နိုင်ငံအကျဉ်းသားရဲဘက်တစ်ဦး ရဲ့ တစ်ရက် လုပ် အားခနှုန်းထားတွေကို ကျပ် ၂ဝဝ မှ ပြင်ပတစ်ရက်လုပ်အားခ ကျပ် ၄၈ဝဝ ရဲ့ သုံး ပုံ တစ်ပုံ ခန့်သို့ တိုးမြှင့်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းရာမှာ ဒုဝန်ကြီးက အခုလို ရှင်း လင်း ဖြေဆိုသွားတာ ဖြစ် ပါတယ်။

ဒုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ် စခန်းများမှ ရဲဘက်အကျဉ်းသားများအတွက် ထုတ်ပေးတဲ့ လုပ်အားဆုငွေများ ကိုတွက်ချက်ပါက ပျမ်းမျှအားဖြင့် အလုပ် ဆင်းဦးရေ ၁၅,ဝဝဝ ရှိပြီး တစ်လလျှင် အ လုပ်ဆင်းရက် ပျမ်းမျှ ၂၅ ရက်၊ တစ်ရက် လျှင် ကျပ် ၂၅၀ နှုန်းနဲ့ ထုတ်ပေးရတဲ့ အ တွက် တစ်လလုပ်အားဆုငွေမှာ ငွေကျပ် ၉၃့ရ၅၀ သန်းရှိပြီး တစ်နှစ်စာတွက်ရင် ငွေကျပ် ၁,၁၂၅,ဝဝ သန်း ကုန်ကျမယ်လို့ ပြောပါတယ်။ အကျဉ်းသား ကုန်ထုတ် လုပ်ငန်းတွေရဲ့ တစ်နှစ်ပျမ်းမျှ အမြတ် ဝင် ငွေကျပ် ၁,၄၆၄့၂၉၈ သန်းသာရှိတာ ကြောင့် ရဲ ဘက်အကျဉ်းသားလုပ်အား ဆုငွေ ထုတ်ပေးပြီး ငွေကျပ် ၃၃၉,၂၉၈ သန်းသာ ကျန်ရှိမှာဖြစ်ပါ တယ်။ တစ်ရက်အလုပ်ဆင်းခ ငွေကျပ် ၁ဝဝဝ နှုန်းနဲ့ တွက် ချက်ရင် ငွေကျပ် ၄၅၀,ဝဝဝ သန်းရှိမှာ ဖြစ်ပြီး ငွေကျပ် ၁၅ဝဝ နှုန်းနဲ့ တွက်ချက် ရင်  ငွေကျပ် ၆၇၅,ဝဝဝ သန်း ကုန်ကျမှာ ဖြစ်တာကြောင့် လုပ် အားခ တိုးမြှင့်ပေးဖို့ အခက်အခဲ ရှိတယ် လို့ ရှင်း လင်းတင်ပြ သွားပါတယ်။

သင့်အတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှုန်း ထားတစ်ရပ်သတ်မှတ်ပြီး တိုးမြှင့်ပေး မယ်ဆိုရင် လည်း ရန်ပုံငွေများစွာ လိုအပ် မှာဖြစ်တယ်လို့ သိရ ပါတယ်။ ဒါကြောင့် အကျဉ်းသားရဲဘက်တစ်ဦးရဲ့ လုပ်ခလ စာကို ပြင်ပလုပ်ခ တစ်ရက် ကျပ် ၄,၈ဝဝ ရဲ့ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့်သတ် မှတ် ပေးဖို့ အစီအ စဉ်မရှိကြောင်းနဲ့ဌာနအ နေနဲ့ လည်း ရဲဘက် အကျဉ်းသားများသို့ လုပ် အား ခဆုငွေထုတ်ပေးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ လမ်း ညွှန် ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက် လျက်ရှိတယ်လို့ ရှင်းလင်းဖြေကြားသွား ပါတယ်။

ပင်စင်လစာ
လက်ရှိ ဘဏ္ဍာနှစ်အတွက် ပင်စင်နဲ့ ဆုကြေး အသုံးစရိတ်အတွက် ကျပ်သန်း ပေါင်း ရှစ်သိန်း ကျော် (၈၁၇,၉ဝဝ .၅ဝဝ) လျာထားတယ်လို့ စီမံ ကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမောင်မောင် ဝင်းက လွှတ်တော်မှာ ရှင်းလင်းတင် ပြ သွားပါတယ်။

မေလ ၂၁ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ် တော် အစည်းအဝေးမှာ စစ်ကိုင်း တိုင်း ဒေသကြီး မော်လိုက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ချို ချိုဝင်းက နှစ်ပေါင်းများစွာ တာ ဝန်ထမ်း ဆောင်ခဲ့ကြတဲ့ ပင်စင်စားဝန်ထမ်းတွေ အကြား ရာထူးအဆင့်အလိုက် ပင်စင် ခံစားခွင့် ညီ မျှမှုရှိစေရေးနဲ့ ပတ်သက်ပြီး လွှတ် တော် မှာ မေး ခွန်းမေးမြန်းရာမှာ ဒုဝန်ကြီး က အခုလိုပြောသွား တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်း နဲ့ ပတ် သက်ပြီး ဒုဝန်ကြီး ဖြေကြားရာ မှာ တော့ လက်ရှိ အခြေအနေမှာ အသက် ၆၀ မှ ၈၀ အကြား အငြိမ်း စားဦးရေမှာ စုစု ပေါင်း ၅၃၃,၈၉၂ ဦးရှိပြီး  ပင်စင် လစာ နှုန်းထား များအရ အနိမ့်ဆုံး ကျပ် ၇၅,၆ဝဝ မှ အမြင့် ဆုံးကျပ် ၂၈၈,၇၅၀ အထိ ရှိတယ်လို့ သိရ ပါတယ်။ တကယ်လို့ တစ်လုံးတည်းပင် စင် လဲ လှယ်ခွင့်ကို ကျပ် ၁၀,ဝဝဝ  အထိ သတ် မှတ်ပါက အငြိမ်းစားအနေနဲ့ ကျပ် ၁၂ သိန်းခန့် ရရှိမှာဖြစ်ပြီး အနိမ့်ဆုံးဝန်ထမ်း အငြိမ်းစားဟာ လက်ကျန်ကျပ် ၆၅,ဝဝဝ ခန့် လစဉ်ပုံမှန်ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

သည်အတွက် ကျပ် ၁၀,ဝဝဝ သတ် မှတ် ရင် နိုင်ငံတော်မှ ကျပ်ဘီလျံ ၆ဝဝ ခန့် ကုန်ကျမှာဖြစ်ပြီး ကျပ် ၂၀,ဝဝဝ သတ် မှတ်ရင်တော့ အငြိမ်းစားဟာ ကျပ် ၂၄ သိန်း ခန့် ရရှိမှာဖြစ်ပြီး နိုင်ငံတော်မှ ကျပ် ဘီလျံ ၁၀၈၈ ခန့် ကုန်ကျမှာဖြစ်တယ်လို့ သိရပါ တယ်။

ဒါ့အပြင် လက်ရှိဘဏ္ဍာနှစ်မှာ ပင်စင် ဆုကြေး အသုံးစရိတ်အဖြစ် ကျပ်သန်း ပေါင်း ရှစ်သိန်းကျော် လျာထားပြီး နောက်ဆုံး ၂၀၁၉ ခုနှစ် တိုးမြှင့် ပင်စင် လ စာ ခွင့်ပြုမှုအတွက် တစ်နှစ်လျှင် ပင်စင် အ သုံးစရိတ် ကျပ် ၂၃၁ ဘီလျံခန့် ပိုမိုသုံးစ∑ဲ ရမည်ဖြစ်ကာ စုစုပေါင်းပင်စင်အသုံး စရိတ် နှစ်စဉ် ၁ဝဝဝ ဘီလျံဝန်းကျင်ခန့် အထိ ကျခံ သုံးစွဲလျက်ရှိ တယ်လို့ သိရပါတယ်။

သုံးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး
အာဖရိကနိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ ဘီ နင်၊ ကွန်ဂို၊ တိုဂို သမ္မတနိုင်ငံတွေနဲ့ သံတမန်အဆက်အသွယ် ထူထောင်နိုင်ဖို့ လွှတ် တော်ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါ တယ်။

သည်သုံးနိုင်ငံနဲ့သံတမန် အဆက် အ သွယ် ထူထောင်ခွင့်ရရှိဖို့ ပြီးခဲ့တဲ့ မေလ ၁၆   ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ် တော်မှာ အပြည် ပြည်ဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်တင်က “သံတမန်ဆက်သွယ်မှု ထူ ထောင်ပြီးတဲ့နောက်မှာ သံအမတ် ကြီးတွေကို နီး ရာနိုင်ငံတွေကနေ ပူးတွဲခန့် အပ်ခြင်းတွေ၊ သံရုံးလို အပ်ပါက သံရုံးသွား ရောက်ဖွင့်လှစ်ခြင်းတွေကို ညှိ နှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ သံတ မန် အဆက်အသွယ် ထူထောင်ထားတဲ့နိုင်ငံ ၁၂၁ နိုင်ငံရှိပြီး အခုခွင့်ပြုလိုက်တဲ့သုံးနိုင်ငံပါဆိုရင် ၁၂၄ အထိ ရှိလာမှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအစိုးရ လက်ထက်မှာ သံတမန်ဆက်သွယ် ထူ ထောင်တဲ့နိုင်ငံ ခုနစ်နိုင်ငံအထိ တိုးချဲ့ နိုင်ခဲ့ တယ်လို့လည်း သိရပါတယ်။

သစ်အချောအထည်စက်ရုံများ
အစိုးရအနေနဲ့ သစ်အချောထည် စက် ရုံ  တွေ တည်ဆောက်ပေးရေးအဆိုကို မေလ ၂၄ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ကန်ပက်လက်  မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးညွန့်ဝင်းက တင်သွင်းခဲ့ပါတယ်။

အဆိုရှင်က နိုင်ငံတစ်ဝန်းလုံးရှိ ကျွန်းသစ် နဲ့ဈေးကွက်ဝင်သစ်မာတွေထွက်ရှိတဲ့ဒေသတွေ မှာ အစိုးရရဲ့ အစီအစဉ်နဲ့ သစ် အချောထည်စက် ရုံတွေ တည်ဆောက် ပေး ပြီး လိုအပ်တဲ့ နည်းပညာနဲ့ အရင်းအနှီးတွေ ပံ့ပိုးပေးမယ့် အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ရေး အစိုးရကို တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။

အဆိုရှင်က“သစ်တောပြုန်းတီးမှုတွေရဲ့အဓိ ကအကြောင်းအရင်းက တရားမဝင် သစ်ထုတ် လုပ်ခြင်းရဲ့ အကျိုးဆက်တွေ အဖြစ် သဘာဝပတ် ဝန်းကျင်ကို ဆိုးရွား စွာ ထိခိုက်စေပါတယ်” လို့ ပြော ပါတယ်။

ဦးညွန့်ဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက် ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် မသင့် လွှတ်တော် ရဲ့ အဆုံးအဖြတ်ရယူရာမှာ လက်ခံ ဆွေး နွေးဖို့ သဘောတူခဲ့ပါတယ်။

အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေး သဘော တူစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင် လက်မှတ်ရေးထိုးဖို့ လွှတ်တော်ကနေ အ တည် ပြု လိုက်ပါတယ်။
သည်စာချုပ်မှာ မြန်မာနိုင်ငံ ပါဝင် လက်မှတ် ရေးထိုးနိုင်ဖို့ မေလ ၂၀ ရက်နေ့ ကပြုလုပ်ခဲ့တဲ့ ပြည် ထောင်စုလွှတ်တော် အစည်းအဝေးမှာ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်ထူးက ရှင်းလင်းတင်ပြခဲ့တာဖြစ် ပြီး မေလ ၂၄ ရက်နေ့ပြည်ထောင်စုလွှတ် တော် အစည်း အဝေးမှာ လက်မှတ်ထိုးဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အာဆီယံ ဝန်ဆောင်မှုကုန်သွယ်ရေး သဘော တူစာချုပ်ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင် ဘာလမှာ ကျင်းပပြုလုပ် မယ့် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အ စည်းအဝေးမှာ အခြား အာဆီယံနိုင်ငံ များ နည်းတူ ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတာ ဖြစ် ပါတယ်။

အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးသဘော တူ စာချုပ်ဟာ ပါဝင်လက်မှတ်ရေး ထိုးပြီး ရက် ပေါင်း ၁၈၀ ပြည့်ပြီးတဲ့နောက် အာဏာသက် ဝင်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ တွေက သည်သဘော တူစာချုပ် အာဏာသက်ဝင်ဖို့အတွက် သူတို့ရဲ့ ပြည်တွင်း လုပ် ထုံးလုပ်နည်းတွေကို သည်ကာလ အတွင်း အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ကာ သဘောတူ စာချုပ် အာဏာသက်ဝင်မှု ရရှိဖို့ အ တွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းဟာ သူတို့ရဲ့ ပြည် တွင်းလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးစီးမှုကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ စာနဲ့အသိပေး အကြောင်း ကြားရမှာ ဖြစ်ပါတယ်။

တကယ်လို့လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၁၈၀ အတွင်း သူတို့ရဲ့ ပြည်တွင်း လုပ်ထုံးလုပ်နည်း များ ဆောင်ရွက်ပြီးစီးမှုကို  အသိပေး အကြောင်း ကြားနိုင် ခြင်း မရှိရင် သဘောတူစာချုပ်ပါ အဖွဲ့ဝင် နိုင်ငံ တွေရဲ့အခွင့်အရေးတွေကို ရရှိနိုင်မှာ မ ဟုတ် သလို စာချုပ်အရ တာဝန်ရှိမှုများ လည်း သက် ရောက်မှုရှိမှာ မဟုတ်ဘူးလို့ သိ ရပါတယ်။