အမတ်တွေအနေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ လွှတ်တော်ဥက္ကဌ တိုက်တွန်း

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်သူကအပ်နှံထားတဲ့ ဥပဒေပြုအာဏာကို အသုံးချပြီး ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ဖွဲ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြဖို့ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

သည်ကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးစီးကြောင်း မကြေညာခင် နိဂုံးချုပ် အမှားစကား ပြောကြားရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

ဦးတီခွန်မြတ်က`မိမိတို့ဟာ မဲဆန္ဒရှင်ပြည်သူကိုကိုယ်စားပြုပြီးလွှတ်တော်လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေကြတာဖြစ်ပါတယ်။ ပြည်သူကအပ်နှင်းထားတဲ့ ဥပဒေပြုအာဏာကို အသုံးချပြီး နိုင်ငံသားများ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်အောင် အမြဲကြိုးစားဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့အားလုံးတာဝန်သိသိ၊ သစ္စာရှိရှိ ဘက်စုံကဏ္ဍစုံမှ ာစည်းလုံးညီညွတ်စွ ာဆောင်ရွက်ကြရမှာဖြစ်ပါတယ်`လို့ပြောကြားသွားပါတယ်။

သည်လိုဆောင်ရွက်တဲ့အခါ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးအာဏာတို့ကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီးအချင်းချင်းအပြန်အလှန် ထိန်းညှိုဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနဲ့ ဥပဒေပြုရေးကဏ္ဍမှာလည်းပြည်သူ့လူထုအကျိုးစီးပွားကိုကာကွယ်မြှင့်တင်ပေးနိုင်တဲ့ဥပဒေများရေးဆွဲပြဌာန်းရမှာဖြစ်ပြီး ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေကိုလည်းခေတ်နဲ့လျော်ညီအောင် ပြုပြင်ပြောင်းလဲသွားကြရမှာဖြစ်တယ်လို့ပြောကြားသွားပါတယ်။

ဦးတီခွန်မြတ်က`ပြည်သူကရွေးချယ်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်များပီသစွာပြည်သူ့အကျိုးကိုဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုစဉ်ဆက်မပြတ်ကာကွယ်မြှင့်တင်ဆောင်ရွက်ပေးကြပါ။တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပုူးပေါင်းညှိုနှိုင်းဆောင်ရွက်ကြပါ။မဲဆန္ဒရှင်ပြည်သူလူထုထံပြန်လည်ရောက်ရှိတဲ့အခါပြည်သူတို့ရဲ့လိုလားချက်တွေ၊အခက်အခဲတွေ၊တင်ပြချက်တွေကိုအလေးထားမှတ်သားနားထောင်ပါ`လို့လည်းတိုက်တွန်းပြောကြားသွားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကြီးတည်ငြိမ်အေးချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက်မိမိတို့အားလုံးလက်တွဲညီညီနဲ့ရှေ့ဆက်ကြရမှာဖြစ်ကြောင်းနဲ့တိုင်းရင်းသားပြည်သူအားလုံးအေးအတူပူအမျှဥမကွဲသိုက်မပျက်စည်းလုံးညီညွတ်စွာနေထိုင်နိုင်ဖို့စိတ်ရင်းစေတနာမှန်နဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်သွားကြရမှာဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့သည်ကနေ့မှာ အစည်းအဝေးပြီးစီးကြောင်း လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ကြေညာခဲ့တာဖြစ်ပါတယ်။

6 Jun 2019