ကင်ဆာရောဂါဖြစ်ပွားမှုလျှော့ချရန် ဥပဒေဖြင့်စနစ်တကျတားဆီးကာကွယ်ရေးအဆို လွှတ်တော်အတည်ပြု

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ကင်ဆာရောဂါ ဆိုးဖြစ်ပွားမှုလျော့ကျစေရေး ဥပ ဒေဖြင့် စနစ်တကျတားဆီးကာ ကွယ်ရေး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း  အဆိုကို ယမန်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုသည်။

စေတုတ္တရာပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော် အောင်လွင်၏နိုင်ငံတစ်ဝန်း စိုးရိမ် ဖွယ်မြင့်မားစွာ ဖြစ်ပွားနေသော ကင်ဆာရောဂါကို ဖြစ်ပွားမှုလျော့ ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေသည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အသိပညာပေးတား ဆီးကာကွယ်စောင့်ရှောက်ပေး ရန် အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်ငါးဦးက ထောက်ခံ ဆွေးနွေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အဆိုကို အတည်ပြုရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

‘‘ကင်ဆာရောဂါဟာ လူ့ ခန္ဓာကိုယ်က အခြေခံဖြစ်တဲ့ သာ မန်ဆဲလ်တွေကနေပြီးတော့ ကင် ဆာဆဲလ်များအဖြစ်သို့ ပြောင်းလဲ သွား၍ ဖြစ်တယ်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အကြောင်းတရား တွေအရ ဒီလိုဖြစ်ဖို့ကို ဖန်တီးပေး ပါတယ်။ ဒီထဲက မျိုးရိုးဗီဇကြောင့် ဖြစ်တာက ကင်ဆာရောဂါဖြစ်ပွား မှုနှုန်းစုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်း လောက်ပဲ ရှိပြီးတော့ ကျန်တဲ့ရာ ခိုင်နှုန်းများကတော့ ပတ်ဝန်းကျင် အကြောင်းတရားများကြောင့် ဖြစ်တာကို တွေ့ရှိနိုင်ပါတယ်’’ဟု ညောင်လေးပင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ မြင့်သိန်းက ဆွေးနွေးသည်။

 ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ပတ်ဝန်းကျင်ညစ်ညမ်း ခြင်း၊ အစားအစာတွင် ရောနှော ပါဝင်သော အရာများ၊ ဆေးဝါး များ၊ ရောင်ခြည်သင့်ခြင်း၊ အချို့ သော နာတာရှည်ကူးစက်ရောဂါ များ၊ အစာအာဟာရ၊ ကိုယ်ခံအား ကျခြင်း စသည်တို့သည် ပတ်ဝန်းကျင်အကြောင်းတရားများဖြစ် သည်ဟု ၎င်းက ဆိုသည်။

 ဒလပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြ အေးက ကင်ဆာရောဂါ ဖြစ်စေ နိုင်သည့် အကြောင်းရင်းများကို ရှောင်ကြဉ်ခြင်းသည် ရောဂါကာ ကွယ်ခြင်းဖြစ်ကြောင်း၊ ရောဂါဖြစ် ပွားမှုလျော့ကျစေရန် ဖြစ်ပွားစေ နိုင်သော အကြောင်းရင်းများစွာ ကို ဥပဒေနှင့်အညီ တားဆီးကာ ကွယ်ရန် လိုအပ်ပြီး ဥပဒေဖောက် ဖျက်ကျူးလွန်သူများကို ထိရောက် စွာ အရေးယူရန်လိုကြောင်း ဆွေးနွေးသည်။

ဆေးရွက်နှင့် ဆေးရွက်ကြီး  ထွက်ပစ္စည်းသောက်သုံးမှု ထိန်း ချုပ်ရေးဥပဒေတစ်ခုတည်းကိုပင် ထိရောက်စွာ ကျင့်သုံးနိုင်ပါက အဆုတ်ကင်ဆာနှင့် ခံတွင်းကင် ဆာကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာမြလေးစိန်က ကင်ဆာရောဂါ ဖြစ်ပွားမှုလျှော့ချရန် ဥပဒေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရန် နယ် စပ်မှ ကင်ဆာဖြစ်စေသော အစား အသောက်ပိုးသတ်ဆေးများက အစ များစွာသော သွင်းကုန်တို့ကို စနစ်တကျ စစ်ဆေးတားမြစ်နိုင် ရေး၊ ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်ဖန်တီးနိုင်ရေး ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ် ကြောင်း ဆွေးနွေးသည်။

 ‘‘ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခု တည်း ဆောင်ရွက်လို့ မရပါ ကြောင်း ကိုယ်စားလှယ်တော်ကြီး များ၏တင်ပြချက်မှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းစပ် ပြီး စနစ်တကျ ဥပဒေ၊ နည်းဥပဒေ များ ပြဋ္ဌာန်း၍ မဖြစ်မနေ ဥပဒေ အရ ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ် ပါတယ်’’ဟု ဒေါက်တာမြလေးစိန် က ပြောကြားကာ အဆိုကို အ တည်ပြုလိုကြောင်း ဝန်ကြီးဌာနသဘောထားကို ပြောကြားသည်။

ထို့နောက် အဆိုကို အတည် ပြုပေးရန် ၎င်းက လွှတ်တော်သို့ တင်ပြ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ် တော် သဘောထားရယူရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ သည်။

7 Jun 2019