လွှတ်တော်ရေးရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းမယ်

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ရေးရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ဒီကနေ့ ပြည် သူ့လွှတ်တော်မှာ ရှင်းလင်းတင်ပြပါတယ်။

သည် အကြံပေးအဖွဲ့ဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂ဝကို ဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ဖွံ့ဖြိူးတ်ိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို အထောက်အကူပြုရေး၊လွှတ်တော်ရဲ့လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးကိစ္စအတွက် အထောက်အကူပြုစေရေး စတဲ့လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအတွက် ဘာသာရပ်၊ဘာသာစကား၊ အိုင်တီနည်းပညာ၊ ဥပဒေရေးရာ စတာတွေကိုလည်း ကျွမ်းကျင်လာစေဖို ့အကူအညီပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌမှ အကြံဉာဏ်တောင်းခံလာရင်လည်း အကြံပေးရမှာ ဖြစ်ပါတယ်။

သည် အကြံပေးအဖွဲ့မှာ အဖွဲ့ဝင် ၃ ယောက်ပါဝင်ဖို့ လျာထားပြီး တောင်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်အေးအေးမူ နဲ့ UNDP မှ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ်(ငြိမ်း) ဦးတင်အောင်ချိုတို့ကို ပါဝင်ဖို့ လျာထားပါတယ်။

အဖွဲ့ဝင်များရဲ ့လစဉ်ချီးမြင့်ငွေအဖြစ် ကျပ် ၆ သိန်းခံစားခွင့်ရရှိမှာဖြစ်ပြီး ခရီးသွားလျင် တည်းခိုစရိတ်အဖြစ် တစ်ရက်လျှင် ၅,၀၀၀ ကျပ် နဲ့ အခြားအသုံးစရိတ် ၅,ဝဝဝကျပ် ၊တာဝန်အရ ခရီးသွားလာခြင်းအတွက် စားသောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ တို့ကို ခံစားခွင့်ရှိပါတယ်။ဒါ့အပြင် လွှတ်တော်က သတ်မှတ်သည့်ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အကြံပေးအဖွဲ့ရဲ့ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှစကာ တစ်နှစ်ဖြစ်ပြီး လုပ်ငန်းတာဝန်ရဲ့လိုအပ်ချက်အရလည်း သက်တမ်းတိုးနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်က ရှင်းလင်းတင်ပြပါတယ်။

15 Jul 2019