ခြေဥပြင်ဆင်ရေး ၁၂၂ ဦး ဆွေးနွေးရန် အမည်စာရင်းပေးထား

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို ဆွေးနွေးရန် တပ်မတော်သားကိုယ်စားလှယ် ၇၈ ဦးအပါအဝင် စုစုပေါင်း ကိုယ်စား လှယ် ၁၂၂ ဦး အမည်စာရင်းပေး ထားကြောင်း လွှတ်တော်ကိုယ် စားလှယ်များထံမှ စုံစမ်းသိရှိရ သည်။

အခြေခံဥပဒေကို ပြင်ဆင် ရန် အကြံပြုချက် ၃,၇၀၀ ကျော် ပါဝင်သော ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ သည် ဇူလိုင် ၂၂ ရက် နောက်ဆုံး ထား၍ အမည်စာရင်းပေးသွင်းရ မည်ဖြစ်ရာ အထက်ပါအတိုင်း အမည်စာရင်းပေးထားကြောင်း ကိုယ်စား လှယ်များကပြောသည်။

အမည်စာရင်း ပေးထားသူ များတွင် တပ်မတော်က ၇၈ ဦးဖြင့် အများဆုံးဖြစ်ကာ ပြည်ခိုင်ဖြိုး ပါတီဝင်ကိုယ်စားလှယ် ၂၇ ဦး လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းပါတီ အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက အတည်ပြု သည်။ ‘‘အားလုံးနီးပါးတော့ ပြော ချင်ကြတယ်ဆိုလို့ ပြောခွင့်ပေး ထားတယ်’’ ဟု ဦးသောင်းအေးက ပြောသည်။

တပ်မတော်သားကိုယ်စား လှယ် ၇၈ ဦးအထိ အမည်စာရင်း ပေးသွင်းထားခြင်းနှင့် ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်မောင်မောင်ကို သတင်း ထောက်များက မေးမြန်းရန် ကြိုး စားသော်လည်း ၎င်းက အမည်စာရင်းပေးထားသည့် အရေအ တွက်ကို အတည်ပြုခြင်းမရှိသည့် အပြင် တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်းလည်း မရှိခဲ့ပေ။

ရခိုင်အမျိုးသားပါတီက ငါးဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက သုံးဦး အမည်စာရင်းပေးထားသည်ဟု ဆို သည်။ လွှတ်တော်တွင်း အများစု ဖြစ်သည့် ဒီချုပ်ပါတီကမူ ခြောက်ဦးသာ ပါဝင်ဆွေးနွေးမည်ဖြစ် ကြောင်း ဒီချုပ်အမတ် ဒေါ်ခင်စန်း လှိုင်က ပြောသည်။

‘‘ဒီ ၃,၇၀၀ ကျော် ပြင်ဆင် ချက်တွေ လုပ်တုန်းကလည်း NLD ဘက်က ဆွေးနွေးခဲ့ပြီးပြီလေ။ ဘာမှ ထွေထွေထူးထူး ထပ်ပြီး ဆွေးနွေးစရာမရှိတော့ဘူး။ ဘုံသဘော တူပြီးသား အချက်တွေအပေါ်မှာ ထပ်ပြီး ဆွေးနွေးစရာမှ မလိုတော့ တာ။ သူတို့ဘက်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကတော့ ဒီ(ပူးပေါင်း ကော်မတီ) ဆွေးနွေးတဲ့အထဲမှာ လည်း မပါခဲ့တော့ အဓိကဆွေး နွေးကြမှာပေါ့’’ဟု ဒေါ်ခင်စန်းလှိုင် က ပြောသည်။

24 Jul 2019