မျက်မြင်သက်သေတွေကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေ သီးခြားပြဋ္ဌာန်းဖို့ မရှိသေး

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

မျက်မြင်သက်သေ တွေကို   အကာအကွယ်ပေးနိုင်တဲ့   ဥပဒေ   တစ် ရပ်ကို သီးခြားပြဋ္ဌာန်းဖို့    အစီအစဉ်မရှိ သေး ဘူးလို့   ပြည်ထောင်စု   တရားလွှတ် တော်ချုပ်မှ   တရားသူကြီး ဦးအောင်ဇော် သိန်း က     ပြောပါတယ်။

ဇူလိုင်လ  ၁၈   ရက်နေ့က   ကျင်းပတဲ့ ပြည်သူ့လွှတ်တော်   အစည်းအဝေးမှာ  စစ် ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်    ဦး ထွန်း ဝေက   မျက်မြင်သက်သေများကို   အ ကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့     အစီအစဉ်ရှိ   မရှိ   မေး မြန်းတာကို    ဖြေကြားတာဖြစ် ပါတယ်။

သက်သေတွေကို အကာအကွယ်ပေး ခြင်းဆိုတာ    တရားရုံးများမှာ မှန်ကန် ထိ ရောက်တဲ့    စစ်ဆေးစီရင်   ဆုံးဖြတ်မှု  ရရှိစေ ဖို့အတွက်  မှုခင်းနှင့်စပ်လျဉ်းပြီး    ကျူးလွန်ခံ ရ သူနဲ့    သိမြင်သက်သေတွေက   မကွယ်မ ဝှက်     လာရောက်ထွက်ဆိုရာမှ  ခြိမ်း ခြောက် ခြင်းခံရတဲ့   သက်သေတစ်စုံတစ် ယောက် ကို   အမှုစစ်ဆေး  စီရင်ခြင်းမတိုင်မီ ၊    စစ် ဆေး ဆဲကာလအတွင်းနဲ့    စစ်ဆေးစီရင်ဆုံး ဖြတ် ပြီး နောက်ပိုင်းအထိ    အကာအကွယ် ပေးဖို့ဆိုလိုခြင်း ဖြစ်တယ်လို့      သိရပါတယ်။

များသောအား ဖြင့်  မူးယစ်ဆေးဝါးမှု၊  လူကုန်ကူးမှု၊   ငွေ ကြေး ခဝါချမှု     အစရှိတဲ့    အုပ်စုဖွဲ့ကျူးလွန် တဲ့ရာဇဝတ်မှုခင်းတွေမှာ    ကျူးလွန်ခံရသူ တွေနဲ့သက်သေတွေကို    တရားခံတွေနဲ့   သူတို့ရဲ့အပေါင်းအပါတွေ က   အန္တရာယ်ပေး   ခြိမ်း ခြောက်မှုမှ   အကာ အကွယ်ပေးဖို့   ရည်ရွယ်ခြင်းဖြစ်တယ်လို့ လည်း     သိရပါတယ်။

သက်သေတွေကို အကာအကွယ်ပေး ရေး    ဆောင်ရွက်ကြရာမှာ    ကနေဒါ၊ဟောင် ကောင်၊  အိုင်ယာလန်၊အစ္စရေး၊အီတလီ၊ နယူးဇီလန်၊  ထိုင်ဝမ်၊  ဆွစ်ဇာလန်၊ ယူက ရိန်း၊အင်္ဂလန်နဲ့ အမေရိကန်    စတဲ့နိုင်ငံ တွေ ရဲ့ အထူးမှုခင်းတွေမှာ   လိုအပ်ချက်တွေ အရ    ဒေသတွင်း    ရဲတွေက   သက်သေအ ကာအကွယ်ပေးရေးအတွက် သီးခြားအစီ အမံနဲ့     စီစဉ်ဆောင်ရွက်ပေးခဲ့တာကို လည်း    လေ့လာတွေ့ရှိရတယ်လို့   တရားသူ ကြီး   ဦးအောင်ဇော်သိန်းက   ပြောပါ တယ်။

ဦးအောင်ဇော်သိန်းက“မြန်မာနိုင်ငံမှာ နိုင်ငံတော်သည်   နိုင်ငံသားတွေရဲ့ လုံခြုံမှု အ တွက်   ဥပဒေအရ အကာအကွယ် ပေးရန် ဖွဲ့စည်းပုံအခြေခံ    ဥပဒေ    ပုဒ်မ    ၃၅၇   မှာ ပြဋ္ဌာန်းချက်တစ်ရပ်    ထည့်သွင်းထားပြီး ၂၀၁၇    ခုနှစ်မှာ  ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်  ၅  နဲ့ နိုုင်ငံသားတွေရဲ့ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံ ခြုံ မှုကို   ကာကွယ်ပေးရေး  ဥပဒေ  ပြဋ္ဌာန်း ကာ   နိုင်ငံတော်က       နိုင်ငံသားတွေကို    တာဝန် ယူမှု၊   တာဝန်ခံမှု    ဆောင်ရွက်ပေးထား ပြီး ဖြစ်ပါတယ်”လို့     ပြောပါတယ်။

ပြဋ္ဌာန်းပြီး    တည်ဆဲဥပဒေတွေကို   လေ့ လာကြည့်ရင်လည်း  ရာဇသတ်ကြီးအခန်း (၂၂)မှာ    ရာဇဝတ်မကင်းသောခြောက် လှန့် မှု၊   စော်ကားမှု၊ စိတ်ငြိုငြင်စေမှု များနှင့် စပ် လျဉ်းပြီး      အကာအကွယ်ပေးထားတဲ့    ပြ ဋ္ဌာန်း ချက်များကိုလည်းကောင်း၊ သက် သေ ခံ ဥပဒေမှာ     ရာဇဝတ်မှုကျူးလွန်ခြင်း နဲ့ စပ်လျဉ်းပြီး  သတင်းပေးသူကို    အကာအ ကွယ်ပေးဖို့   ပုဒ်  ၁၂၅    မှာလည်းကောင်း၊ သက်သေများက   တရားရုံးသို့ လာရောက် သက်သေ    ထွက်ဆိုချက်အပေါ်   မေးခွန်း များနဲ့   စပ်လျဉ်းပြီး    အကာအကွယ်ပေးဖို့ ပုဒ်မ    ၁၄၈၊   ၁၅၁၊ ၁၅၂   တို့မှာလည်း ကောင်း   မျက်မြင်သက်သေတွေကို    အကာ အကွယ်ပေးဖို့အတွက်     ပြဋ္ဌာန်းပေးထား ပြီးဖြစ်တယ် လို့     သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်ဥပဒေမူကြမ်း ပုဒ်မ ၉၄   နဲ့    ၉၅ တို့ မှာ  ပြစ်မှုကျူးလွန် ခြင်း ခံရတဲ့  ကလေးငယ်များနဲ့  ကလေးငယ် သက် သေ များကို   အကူအညီနှင့်အကာ  အ ကွယ်ပေးခြင်းခေါင်းစဉ်နဲ့လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ   ၁၇(ည)မှာလည်း   သတင်းပေးသူများ၊ သက်သေများ၊နစ်နာသူ  (သို့မဟုတ်)တိုင် ကြားသူတွေ  အကာအကွယ်ပေးခြင်း ကို လည်းကောင်း     စတဲ့ ပြဋ္ဌာန်းချက်အသီးသီး ကိုလည်း   ထည့်သွင်း  ပြဋ္ဌာန်းထားပြီး ဖြစ် တယ်လို့     သိရပါတယ်။

ဒါ့ကြောင့် သက်ဆိုင်ရာ     တည်ဆဲ ဥပ ဒေ အသီးသီးမှာ  သက်သေတွေကို  အကာ အ ကွယ်ပေးဖို့   ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့်  ပြည်ထောင်စုတရား လွှတ် တော်ချုပ်အနေနဲ့     သက်သေတွေကို    အ ကာအကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ်ကို  သီး ခြား    ရေးဆွဲပြဋ္ဌာန်းဖို့    အစီအစဉ်မရှိ သေး ဘူးလို့     တရားသူကြီး  ဦးအောင်ဇော် သိန်း က    လွှတ်တော်မှာ     ရှင်းလင်းတင်ပြပါ တယ်။

22 Jul 2019