လွှတ်တော်မှာ အရေးကြီးအဆိုတချို့  တင်ခွင့်မရတာ ပြည်သူတွေ နစ်နာတယ်လို့ ဆို

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ကိုယ်စားလှယ်တွေ  ရဲ့  အရေးကြီးအဆိုအချို့   လွှတ်တော်မှာ တင်သွင်းခွင့်မရတာဟာ  လွှတ်တော်တာ ဝန်ရှိသူတွေက လွှတ်တော်ရဲ့အခြေခံမူ တွေကို  ချိုးဖောက်နေတာဖြစ်ပြီး  ပြည်သူ တွေနစ် နာတယ်လို့   လွှတ်တော်ကိုယ်စား လှယ်အချို့က    ဝေဖန်ပြောဆိုနေကြပါ တယ်။

ဇူလိုင်လ  ၁၅  ရက်နေ့ကစပြီး  ပြန်လည် စတင်လိုက်တဲ့  ဒုတိယအကြိမ်  ပြည်သူ့ လွှတ်တော်  ၁၃  ကြိမ်မြောက်ပုံမှန်အစည်း အဝေးမှာ  လက်ရှိအချိန်အထိ   လွှတ်တော် ဥက္ကဋ္ဌကနေ    လွှတ်တော်သို့  တင်သွင်းခွင့် မပြုတဲ့  အရေးကြီးအဆိုသုံးခု    ရှိနေပြီဖြစ်ပါ တယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်  ဒေါက်တာမောင် သင်းတင်သွင်းတဲ့  မီတာခတိုးမြှင့်ကောက် ခံမှု  ဆိုင်းငံ့ပေးရေးအရေးကြီးအဆိုနဲ့နိုင်ငံ ရဲ့အချုပ်အခြာအာဏာကာကွယ်ရေးနဲ့ ပတ်သက်တဲ့  အရေးကြီးအဆို၊  ရခိုင်အမျိုး သားပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်  ဒေါ်ခင်စောဝေရဲ့  ရခိုင်ပြည်နယ်နဲ့  ချင်းပြည်နယ်တို့မှာ  အင်တာနက်ဝန် ဆောင်မှု  ပြန်ဖွင့်ပေးရေးအရေးကြီးအဆို တို့  ဖြစ်ပါတယ်။

မြေပုံမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးဖေသန်းက   အခုလို  အရေးကြီးအဆိုတွေတင်သွင်းခွင့်မရတာ နဲ့ပတ်သက်ပြီး  “လွှတ်တော်အနေနဲ့နိုင်ငံ ရေးအရဖြစ်စေ၊  အဖွဲ့အစည်းအရပဲဖြစ်စေ  ဒါမျိုးကိုပိတ်တာဟာ   ပြည်သူတွေကိုနစ် နာစေတယ်၊  ဒါမျိုးဟာ    အစဉ်အလာတစ်ခု ဖြစ်သွားရင်လဲ   လွှတ်တော်ရဲ့လုပ်ဆောင် ချက်တွေဟာ  ပြည်သူတွေကိုအ လေး မထားရာရောက်နိုင်တယ်”လို့  ပြောပါ တယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ   နည်းဥပ ဒေပုဒ်မ  ၁၆၃  မှာတော့  အရေးကြီးအဆို  ဟာလောလောဆယ်ပေါ်ပေါက်လာတဲ့  ကိစ္စဖြစ်ပြီး  အများပြည်သူနဲ့အရေးတကြီး သက်ဆိုင်တဲ့  ကိစ္စဖြစ်ပြီး    လွှတ်တော် ရဲ့ ဆုံး ဖြတ်ချက်ကိုရယူဖို့လိုအပ်တဲ့ ကိစ္စ လည်း  ဖြစ်ရမယ်လို့  ပါရှိပါတယ်။

ဒါ့အပြင်  လွှတ်တော်မှာ   သာမန်နည်း လမ်းနဲ့တင်ပြဆွေးနွေးဖို့  မဖြစ်နိုင်တဲ့ကိစ္စ လည်းဖြစ်ရမယ်လို့ပါရှိကာအရေးကြီးအ ဆိုတင်သွင်းခြင်းနဲ့ပတ်သက်ပြီး  ပုဒ်မခွဲ  သုံးခုနဲ့ပြဋ္ဌာန်းထားပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအနေနဲ့လည်း သည် ပြဋ္ဌာန်းထားတဲ့  နည်းဥပဒေနဲ့ညီရင် အများပြည်သူနဲ့သက်ဆိုင်တဲ့  လောလော ဆယ်အရေးကြီးကိစ္စတစ်ရပ်ကိုဆွေးနွေး ဖို့ အဆိုတင်သွင်းခွင့်ပြုရမယ်လို့နည်းဥပဒေ မှာပြဋ္ဌာန်းထားပါတယ်။

မြောက်ဦးမြို့နယ်မှ  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်  ဦးဦးလှစောက “လွှတ်တော်ကတာဝန်ရှိတဲ့သူတွေကိုယ် တိုင်က  လွှတ်တော်ရဲ့အခြေခံမှုတွေကို  ချိုး ဖောက်ရာကျနေပြီဆိုတာကိုတော့  ကျွန် တော်ပြောချင်တယ်”လို့  ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန် မြတ်ကတော့    သည်လ  ပြည်သူ့လွှတ်တော် အစည်းအဝေးပြန်စတဲ့  ဇူလိုင်လ  ၁၅  ရက် နေ့  နှုတ်ခွန်းဆက်စကားပြောကြားရာမှာ  လွှတ်တော်များရဲ့အဓိကတာဝန်ဟာ  ဥပ ဒေပြုရေးပဲဖြစ်ကြောင်းနဲ့  မိမိတို့  ပြည်သူ တွေအတွက်  ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီ တဲ့ ဥပဒေတွေကိုရေးဆွဲပြဋ္ဌာန်းကြရမှာဖြစ် တယ်လို့  ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်  ဒုတိယတာဝန်ဖြစ်တဲ့  စောင့် ကြည့်ထိန်းညှိခြင်းကိုလည်း ဥပဒေနည်း ဥပဒေများနဲ့အညီစနစ်တကျဆောင်ရွက် ကြရမှာဖြစ်တယ်လို့  ဆိုပါတယ်။  သည်လို ဆောင်ရွက်ကြရာမှာလွှတ်တော်ကိုယ်စား လှယ်များရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုကျော် လွန်ပြီး  ဝင်ရောက်စွက်ဖက်တဲ့  ပုံစံမျိုးမဖြစ် စေဖို့  အထူးသတိပြုကြရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တတိယတာဝန်ဖြစ်တဲ့  ကိုယ်စားပြု ခြင်းတာဝန်ကိုလည်း  ကျေပွန်စွာထမ်း ဆောင်နိုင်ကြပြီးသက်ဆိုင်ရာမဲဆန္ဒနယ် အတွက်သာမက  ပြည်သူလူထုတစ်ရပ်လုံး  အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်အောင်  ကြံ ဆောင်နိုင်ကြတဲ့  လွှတ်တော်ကိုယ်စား လှယ်များဖြစ်စေဖို့လည်း တိုက်တွန်း ပြော ကြား ခဲ့ပါ တယ်။

ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီမှ  ပြည်သူ့လွှတ် တော် ကိုယ်စား လှယ်  ဒေါက်တာမောင် သင်း  က    အရေးကြီး အဆိုအချို့ကို  ဥက္ကဋ္ဌကနေလွှတ်တော်သို့  တင်သွင်းခွင့်မ ပြုခြင်းနဲ့  ပတ်သက်ပြီး လွှတ်တော်အနေနဲ့ check and Balance           ရှိဖို့ကို   နည်းလမ်းရှာပြီး  တိုက်တွန်းဖို့  အစီအစဉ်ရှိတယ်လို့  ဆိုပါ တယ်။

ဒေါက်တာမောင်သင်းက  “အခု လွှတ် တော်ကဒီလိုဖြစ်နေတော့ လွှတ် တော်အ နေနဲ့ check and Balance        ရှိဖို့အတွက်ကိုလဲ   နည်းလမ်းရှာပြီး တော့  တိုက်တွန်းဖို့  အစီအစဉ်ရှိတယ်၊   လွှတ်တော်ဥက္ကဋ္ဌက  သူပယ်ချတိုင်း    ပယ် ချတိုင်းမှန်သလားဆိုတာ    စဉ်းစားဖို့လို တယ်”လို့  သုံးသပ်ပြောဆိုပါတယ်။

22 Jul 2019