အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေကို ကျင်းပလျက်ရှိ တဲ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းနိုင်အောင် ကြိုးစားမည်

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အမျိုးသမီးများအ ပေါ်အကြမ်းဖက်မှုကို   ကြိုတင်ကာကွယ် တားဆီးပေးတဲ့ဥပဒေမူကြမ်း     (POVAW)    ကို   ကျင်းပလျက်ရှိတဲ့   လွှတ်တော်အစည်း အဝေးမှာ    တင်သွင်းနိုင်အောင်  ကြိုးပမ်း သွားမယ်လို့  လူမှုဝန်ထမ်းကနေ    သိရပါ တယ်။

လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊   လူမှု ဝန်ထမ်းဦးစီးဌာန၊    ညွှန်ကြားရေးမှူးချုပ်   ဒေါ်စန်းစန်းအေးက  “အမျိုးသမီးတွေအ ပေါ်    အကြမ်းဖက်မှုကနေ    တားဆီးကာ ကွယ်ရေးဥပဒေကို    ရေးဆွဲနေပါတယ်၊   နှစ် ပေါင်းတော်တော်ကြာ   ရေးဆွဲတယ်၊ Child  Right   Law   လိုပဲ   နှစ်ပေါင်းတော် တော်ကြာ   ရေးဆွဲခဲ့ကြတယ်၊   ဒါတွေ   ရေးဆွဲရတာလဲ   ရှိရင်းဥပဒေတွေကော    အ မျိုးသမီးတွေကို   အထူးပြုကာကွယ်ပေး မယ့်ဥပဒေတွေကို  ရေးဆွဲမှာဖြစ်တယ်၊    ဒီဥပဒေကို    ရေးဆွဲလိုက်တာဟာ    အမျိုးသ မီးတွေကို     အကာအကွယ်ပေးဖို့ဆောင် ရွက်တာဖြစ်တယ်၊   အမျိုးသားတွေအ တွက်ကို   ဒုက္ခသွားပေးဖို့    မဟုတ်ပါဘူး၊   ဒါ လူ့ကျင့်ဝတ်တရားတွေနဲ့ဆောင်ရွက်ရ မယ့် လုပ်ငန်းတွေ    ဆောင်ရွက်ကြမယ်ဆို    ဘာမှ ဖြစ်စရာအကြောင်းမရှိဘူး၊    Uပဒေ ကိုတော့    ဒီလွှတ်တော်ကာလအတွင်းမှာ    လွှတ်တော်တွင်းရောက်အောင်    ကြိုးပမ်းပါ မယ်”လို့    ပြောပါတယ်။

နေပြည်တော်     Horizon    Lake    View     မှာကျင်းပပြုလုပ်တဲ့     အမျိုးသမီး များအား    နည်းမျိုးစုံဖြင့်    ခွဲခြားမှုပပျောက် ရေးဆိုင်ရာ    ကုလသမဂ္ဂကွန်ဗင်းရှင်း  (CEDAW)   အလုပ်ရုံဆွေးနွေးပွဲမှာ    ပြော ခဲ့တာဖြစ်ပါတယ်။

သည်လိုဆွေးနွေးကျင်းပရတာဟာ    အမျိုးသမီးများအပေါ်    နည်းမျိုးစုံဖြင့်    ခွဲ ခြားဆက်ဆံမှုပပျောက်ရေး   ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို    အကောင်အထည်ဖော်တဲ့ နေရာမှာ    သည်ကွန်ဗင်းရှင်းနဲ့   ပတ်သက် ပြီးတော့    မြန်မာနိုင်ငံအနေနဲ့ရှေ့ဆက်ပြီး တော့လုပ်မယ့်လုပ်ငန်းတွေမှာ     အားလုံးနဲ့ ပူးပေါင်းပြီး တော့     ဆောင်ရွက်ဖို့အတွက် ကို    ကျင်းပ တာဖြစ်တယ်လို့    သိရပါတယ်။

Equality   မြန်မာမှ   Project    and     Advocacy    မန်နေဂျာ    ဒေါ်အေးအေးက    “နိုုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို    ကြည့် လိုက်မယ်ဆိုရင်   NCA အစည်းအဝေးမှာ ပဲကြည့်ကြည့်၊     ပင်လုံအစည်းအဝေးမှာပဲ ကြည့်ကြည့်     အမျိုးသမီးပါဝင်မှုအားက     နည်းနေသေးတယ်ပေါ့နော်၊     ပါဝင်ရပြီဆို လဲ    အဓိပ္ဗာယ်ရှိတဲ့ပါဝင်မှုဖြစ်ရမယ်၊    သူတို့ ရဲ့အကြံပြုချက်တွေ၊    သူတို့ရဲ့ထင်မြင်ချက် တွေကို    နားထောင်ပေးမှ     အမျိုးသမီးရဲ့အ မြင်၊   အမျိုးသားရဲ့အမြင်    ပေါင်းစပ်ပြီးမှ သာလျှင်    ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ    ပိုပြီးထိရောက် မှာ”လို့    ပြောပါတယ်။

ကျောက်တန်းမြို့နယ်    ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊    တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအဖွဲ့ဝင်     ဒေါ်အေး မြမြမျိုးက   “နှစ်ပေါင်းများစွာအ မြစ်တွယ် တဲ့ယဉ်ကျေးမှုတွေအရရော   ကျွန်မတို့ပေး ခဲ့တဲ့ပညာရေးတွေအရရော    ခွဲခြားဆက် ဆံမှုတွေရှိသေးတယ်၊    တန်းတူညီမျှ မှုမရ တာတွေရှိသေးတယ်၊    လုပ်ငန်းခွင် တွေမှာ ဆိုရင်    အနှစ်သာရအပိုင်းမှာ    ဆုံး ဖြတ်တဲ့ အပိုင်းမှာ     အများကြီးလိုနေတယ် လို့    ခံစား ရတယ်”လို့    ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေ   ထက်ဝက် ကျော်ဟာ    အမျိုးသမီးတွေဖြစ်လို့    နိုင်ငံ တော်ရဲ့လူမှုရေး၊    စီးပွားရေး၊   ဖွံ့ဖြိုးတိုး တက်ရေးတို့ဟာ     အမျိုးသမီးတွေရဲ့အပေါ် မှာ     များစွာမူတည်နေတာဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့    မိန်းကလေး ငယ်တွေရဲ့အကျိုးစီးပွားကိုရှေးရှုပြီး     အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုး သားအဆင့်  မဟာဗျူဟာစီမံကိန်း  (၂၀၁၃ –     ၂၀၂၂)  ကို    ဘေဂျင်းကြေညာစာတမ်းနဲ့  CEDAW   တို့အပေါ်    အခြေခံပြီးရေးဆွဲ ထားခြင်းမဟာဗျူဟာ   လေးရပ်၊    အဓိက လုပ်ငန်းနယ်ပယ်    ၁၂   ရပ်နှင့်    နှစ်အလိုက် လုပ်ငန်းစီမံချက်များ    ရေးဆွဲအကောင်အ ထည်ဖော်   ဆောင်ရွက်နိုင်ရေးအတွက်    ပြဋ္ဌာန်းထားပြီးတော့     သည်လုပ်ငန်းနယ် ပယ်များကို   အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းဟာCEDAW   ကို    အကောင် အထည်ဖော်ဆောင်ရွက်ခြင်းလည်းဖြစ်သ လို     စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်း တိုင်များကို     အကောင်အထည်ဖော်ရာ ရောက်တယ်လို့   သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့    အမျိုးသမီးများကို နည်းမျိုးစုံနဲ့ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအ နေနဲ့ ဖြစ်စေ၊    အမျိုးသမီးရေးရာကော်မတီ အဖွဲ့ ဝင်နိုင်ငံအနေနဲ့ဖြစ်စေ၊    အာဆီယံအ မျိုးသမီးနဲ့    ကလေးသူငယ်များအခွင့်အ ရေးဆိုင် ရာကာကွယ်စောင့်ရှောက်ရေးနှင့်   မြှင့်တင် ရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံအနေ နဲ့ဖြစ်စေ    အမျိုးသမီး၊    အမျိုးသားအားလုံး    တန်းတူ ညီမျှမှုနဲ့    နေထိုင်နိုင်မယ့်   လူ့အ သိုက်အမြုံ တစ်ခုအဖြစ်    ပြောင်းလဲဖော် ဆောင်နိုင်ဖို့    နိုင်ငံတကာမှာ    တက်ကြွစွာ    ပါဝင်လုပ်ဆောင်နေတယ်လို့   သိရပါ တယ်။

22 Jul 2019