ခြေဥပြင်ရေးအစီရင်ခံစာ တပ်မတော် မဆွေးနွေးတော့

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာကို ယနေ့ (ဇူလိုင် ၃၀ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ကိုယ် စားလှယ်များက စတင်ဆွေးနွေးမည်ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးတော့မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြော သည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို ကန့်ကွက်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦးက ဆွေးနွေးရန် မူလက အမည်စာရင်းပေးခဲ့သော်လည်း အဆိုပါအမည်စာရင်းများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းကော်မတီဝင် ဒီချုပ်အမတ်ဦးအောင်ကြည်ညွန့် အပါအဝင် ကိုယ်စားလှယ်အချို့ က အတည်ပြုသည်။

‘‘(တပ်မတော်သားတွေ နာမည်စာရင်းပြန်ရုပ်သိမ်းသွားတာ) ဟုတ်တယ်။ ဘာမှမဖြစ်ပါဘူး။ ကျန်တဲ့လူတွေနဲ့ပဲ ဆွေးနွေးမှာပေါ့။ ဒီအစီရင်ခံစာအပေါ်မှာပဲ ဆွေးနွေးရမှာလေ။ အမည်စာရင်း တင်ထားပြီးရင် မဆွေးနွေးမနေရဘူးတော့မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ အမည် စာရင်းပေးထားတယ်။ နောက် ဆွေးနွေးဖို့ မလိုအပ်တော့ဘူးလို့ သူတို့သုံးသပ်ချက်ဖြစ်လာလို့ ပြန်ပြီးတော့ ပယ်ဖျက်လိုက်တဲ့သ ဘောပါပဲ’’ ဟု ဦးအောင်ကြည် ညွန့်က ပြောသည်။

တပ်မတော်သားကိုယ်စားလှယ်ဦးရေ အမြာက်အမြား အစီရင်ခံစာကို ဆွေးနွေးရန် အမည် စာရင်းပေးခဲ့သော်လည်း ပြန်လည်
ရုပ်သိမ်းခြင်းသည် စိုးရိမ်ရမည့်ကိစ္စမဟုတ်ဘဲ ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ အလားအလာ ကောင်းမွန်သည့် အခြေအနေဟု လည်း ဦးအောင်ကြည်ညွန့်က ပြောသည်။

‘‘အောင်မြင်တယ်လို့ ပြော လို့ရတာပေါ့။ ဆိုလိုချင်တာက သိပ်ပြီးတော့ အခုအခံ၊ အတွန်းအတိုက်မရှိဘဲနဲ့ တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးသွားနိုင်မယ် လို့ မှန်းလို့ရတာပေါ့’’ ဟု ၎င်းက ဆက်လက်ပြောသည်။ ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လက်ရှိအခြေအနေသည် တပ်မတော်နှင့် အာဏာရပါတီအကြား အခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ ညှိနှိုင်းမှုပြေလည်ခြင်း၊ မပြေလည်ခြင်းအပေါ် ခန့်မှန်းရခက်သည့် အခြေအနေ ဟု မှတ်ချက်ပြုသည်။

‘‘တပ်မတော်သားကိုယ်စားလှယ်တွေကတော့ တပ်ချုပ်အောက်မှာရှိတာကိုး။ ဆွေးနွေးဆို ဆွေးနွေးရမှာပေါ့။ ရုပ်သိမ်းဆို ရုပ်သိမ်းရမှာပေါ့။ တပ်မတော်နဲ့ NLD ကြား ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ မညီမညွတ်ဖြစ်သလား၊ ညီညွတ်သလားဆိုတာ မသိနိုင်ဘူး။ အများအားဖြင့်တော့ တပ်က လိုက်လျောဖို့ တော်တော်ခက်ပါလိမ့်မယ်’’ ဟု ဦးဖေသန်းက ပြောသည်။

တပ်မတော်နှင့်အတူ လက်ရှိ အခြေခံ ဥပဒေပြင်ဆင်ရေးလုပ် ငန်းစဉ်များသည် ဥပဒေနှင့်မညီ ဟုဆိုကာ ကန့်ကွက်ထားသည့် ပြည်ခိုင်ဖြိုးပါတီကမူ မူလရည် ရွယ်ချက်အတိုင်း ဆက်လက် ဆွေးနွေးမည်ဟု ယင်းပါတီဝင် ကိုယ်စားလှယ်အစုအဖွဲ့ခေါင်း ဆောင် ဦးသောင်းအေးက ပြော သည်။

ယင်းနှင့်ပတ်သက်၍ ယမန် နေ့တွင် သတင်းထောက်များက တပ်မတော်သားကိုယ်စားလှယ် များကို မေးမြန်းခွင့်ရရန် ကြိုးပမ်း သော်လည်း ရှင်းလင်းဖြေကြား ခြင်းမရှိပေ။

အစီရင်ခံစာအပေါ် ပါဝင် ဆွေးနွေးရန် မူလအမည်စာရင်း ပေးသွင်းမှုအရ တပ်မတော်သား များက ၇၈ ဦးဖြင့် အများဆုံးဖြစ် ကာ ပြည်ခိုင်ဖြိုးက ၂၇ ဦး၊ အာ ဏာရဒီချုပ်ပါတီဝင် ခြောက်ဦး နှင့် တိုင်းရင်းသားပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ စုစုပေါင်း ၁၂၅ ဦးအထိရှိသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအစီအစဉ် လျာ ထားချက်အရ ယနေ့တွင် ကိုယ် စားလှယ် ၂၁ ဦးက အစီရင်ခံစာ အပေါ် စတင်ဆွေးနွေးမည်ဖြစ် ကာ တပ်မတော်သားကိုယ်စား လှယ်တစ်ဦးမျှ ပါဝင်ခြင်းမရှိဘဲ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စား လှယ်ခြောက်ဦးဖြင့် အများဆုံး ပါဝင်နေသည်။

30 Jul 2019