လူထုဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြည်ပချေးငွေ ကန်ဒေါ်လာ သန်း ၁၈၀ ကျော် ချေးယူရေး လွှတ်တော်သို့တင်ပြ

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တိုင်းနှင့်ပြည်နယ်လေးခုမှာ လူထုဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ဖို့အတွက် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ချေးယူရေး စိုက်ပျိုးရေး၊မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော် က လွှတ်တော်သို့တင်ပြပါတယ်။

  သည်ကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ထံမှပေးပို့ထားတဲ့ လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ဖို ့အာရှဖွံ့ဖြိုးရေးဘဏ်( ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေရယူ ရေး နဲ ့စပ်လျဉ်းပြီး လွှတ်တော်သို ့တင်ပြတာဖြစ်ပါတယ်။ သည်စီမံကိန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ချင်း ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်းဒေသကြီး နဲ ့တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၁၇)ခုမှာ အ ကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။။

သည်မြို ့နယ် ၁၇ ခုကတော့ ချင်းပြည်နယ်မှာ ဟားခါး၊ ဖလန်း၊ တီး တိန်၊ ထန်တလန် ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ဖောင်းပြင်၊ နာဂကိုယ် ပိုင် အုပ် ချုပ်ခွင့်ရဒေသမှာ လေရှီး၊ လဟယ်၊ နန်းယွန်း ၊ တနင်္သာရီတိုင်းဒေသကြီး မှာ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံ နဲ ့ဧရာဝတီတိုင်းဒေသကြီးမှာ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ မြို့နယ်တို ့ဖြစ်ပါတယ်။

 ဒုဝန်ကြီးက `စီမံကိန်းရဲ့အဓိကရည်ရွယ်ချက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ကျေး လက်နေမိသားစုတွေဝင်ငွေတိုးပွားစေပြီးလူနေမှုအဆင့်အတန်းမြင့်မားလာစေမှုနဲ့အတူ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန်ဖြစ်ပါတယ်`လို ့ပြောပါတယ်။ ၂၀၁၇ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနဲ ့ဆက်စပ်တဲ့ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ညွှန်းကိန်း အရ မြန်မာ နိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေအမြင့်မားဆုံး နိုင်ငံစာရင်းတွင်ပါ ဝင်နေပါတယ်။ သဘာဝဘေးကျရောက်တတ်တဲ့ နေရာဒေသများမှာ နေထိုင်သူများ၊ ရာသီဥတုကြောင့် ထိခိ်ုက်လွယ် သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ကြသူများ နဲ ့ဘေးအန္တရာယ်ကာကွယ်ရေး ဆိုင်ရာအသိ ပညာ နည်း ပါးသူမျာဟာ သဘာဝဘေး ကြောင့်ပိုမိုထိခိုက်မှုများကြုံတွေ့ နေပါတယ်။သည်အကျိုး ဆက်ကြောင့် လည်း ဆင်းရဲနွမ်းပါးမှုများရှိနေတယ်လို ့ဒုဝန်ကြီး ဦးလှကျော်က လွှတ်တော်မှာ ရှင်းလင်းတင်ပြပါတယ်။ သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများ ဆောင် ရွက်ရာမှာ သဘာဝဘေးအန္တရာယ်လျှော့ချကာကွယ်ရေးလုပ်ငန်းများကိုတစ်ပါတည်း ထည့်သွင်း ဆောင်ရွက်ဖို ့လိုအပ်လာပြီး သည်အချက်ကိုအခြေခံကာ တုံ့ပြန်နိုင်စွမ်းအား ကောင်းတဲ့ လူထုဖွံ့ြ့ဖိုးရေးစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ဖို ့ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို ့သိရပါတယ်။

ဦးလှကျော်က.`စီမံကိန်းမြို့နယ်များရွေးချယ်တဲ့အခါမှာ သဘာဝဘေးထိခိုက်လွယ်တဲ့မြို့နယ်များစုဖွဲ့နိုင်မှု ၊ယခင်ကသဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့မှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် နောင်အနာဂတ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့မှန်းဆမှု ၊၂၀၁၄သန်းခေါင်စာရင်းအရ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နိုင်စွမ်းအားနည်းမှု စတဲ့အချက်တွေပေါ်မှာအခြေခံပြီးရွေးချယ်ထားပါတယ်`လို ့ပြောပါတယ်။ စီမံကိန်းလုပ်ငန်းတွေကိုကျေးရွာလူထုရဲ ့လိုအပ်ချက်နဲ့အညီအများသဘောတူရွေးချယ်ဆောင်ရွက်မှာဖြစ်ပြီး ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးစီးပွားဖွံ့ဖြိုးရေးနဲ့ သဘာဝ ဘေး အန္တရာယ်ကာကွယ်ရေးဆိုူင်ရာ အခြေခံအဆောက်အအုံလုပ်ငန်းများ၊ ကျေးလက်အိမ်ထောင်စုများဝင် ငွေတိုး ပွားစေရေးနဲ့စိုက်ပျိုးရေး၊မွေးမြူရေးအပါအဝင် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျှော့ချရေးဆိုင်ရာလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သည်စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်နို်င်ဖို ့အာရှဖွံ့ဖြိုးရေးဘဏ်နဲ ့ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဦးစီး ဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ပဏာမစုူးစမ်းလေ့လာမှု လုပ်ငန်းကို ၂၀၁၈ခုနှစ် မှာတစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးစီမံကိန်းဒီဇိုင်းကိုရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ စီမံကိန်းဒီဇိုင်းအရ စီမံကိန်းကုန်ကျစရိတ်ဟာ အမေရိ ကန်ဒေါ်လာ ၂၄၄.၉၅သန်းဖြစ်ပြီး စီမံကိန်းကာလက (၇)နှစ်ဖြစ်ကာ ၂၀၁၉-၂၀၂၀ ကနေ ၂၀၂၅-၂၀၂၆ အထိဆောင်ရွက်သွားဖို ့ရည်မှန်းထားပါတယ်။

 သည်စီမံကိန်းအရ မြို့နယ် ၁၇ မြို့နယ်မှာရှိ ကျေးရွာ ၂,၉၄၂ ရွာမှ ကျေးလက်လူဦးရေ ၁.၈၁ သန်းကို အကျိုး ပြုစေမှာဖြစ်ပါတယ်။ ADB ရဲ ့ ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်တွေကတော့ ဆိုင်းငံ့ကာလက ၈နှစ်၊ ပြန် ဆပ်ကာလက ၂၄ နှစ်ဖြစ်ပြီး စုုစုပေါင်း ချေးငွေ သက်တမ်း ၃၂ နှစ်ဖြစ်ပါတယ်။အတိုးနှုန်းမှာ ဆိုင်းငံ့ကာလ ရှစ်နှစ်အတွင်း တစ်နှစ်လျှင် ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ ၂၄ နှစ်အတွင်း တစ်နှစ်ကို ၁.၅ ရာ ခိုင်နှုန်းဖြစ်တယ်လို ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကပြောပါတယ်။ ချေးငွေ အပြည့်အဝ ထုတ်ယူသုံးစွဲပြီးချိန်က စပြီးတော့ အကြမ်းဖျဉ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်းမှာ တစ်နှစ်ကို အတိုး အမေရိကန်ဒေါ်လာ ၁.၈၅ သန်းခန့်ကို ပြန်ဆပ်ရမှာဖြစ်ပါတယ်။ ပြန်ဆပ်ကာလအတွင်းမှာ တော့ တစ်နှစ်ကို အရင်းနဲ့ အတိုးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၀.၄၅ သန်းခန့်ကို နှစ်စဉ် ပြန်လည်ပေး ဆပ်သွားရမှာဖြစ်ပါတယ်။

 ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက`အချိန်စေ့ရောက်တဲ့ နှစ်အလိုက် အတိုးအရင်း ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ဘက်ဂျက်မှာ သက်ဆိုင်ရာ ဘဏ္ဍာ ရေးနှစ်အလိုက် ချေးငွေ ပေးဆပ်ရန်အတွက် လျာထားဆောင်ရွက်ရမှာဖြစ်ပါတယ်`လို ့ပြောပါတယ်။ သည်ချေးငွေနဲ ့စပ်လျဉ်းပြီး ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်း ဖို ့လွှတ်တော် နာယကက ကြေညာထားပါတယ်။ လယ်ဆည်ဝန်ကြီးဌာနအနေနဲ ့၂၀၁၉ ခုနှစ် ဇွန်လ၃ဝရက်နေ့အထိ စာရင်းများအရ ဝန်ကြီးဌာနကနေ ရယူထားတဲ့ ပြည်ပကြွေးမြီစုစု ပေါင်း အမေရိကန်ဒေါ်လာ ၂၀၃၉.၀၂၂ သန်းရှိပြီး ပေးဆပ်ဖို ့လက် ကျန်ကတော့ အမေရိကန် ဒေါ်လာ ၈၄၉.၅၈၁ သန်းရှိတယ်လို ့သိရပါတယ်။

9 Sep 2019