ကလေးသူငယ်၊ ကျောင်းနေအရွယ် တွေကြား စိတ်ကြွဆေးပပျောက်ရေးအစီအမံချမှတ်ဖို့ တိုက်တွန်း

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရန်ကုန်တိုင်းဒေသ ကြီး  အတွင်း   အရွယ်မရောက်သေးတဲ့ က လေးသူငယ်တွေနဲ့  ကျောင်းသားအရွယ်  လူ ငယ်တွေအကြားမှာ   တွေ့ကြုံနေတဲ့     မူးယစ်  စိတ်ကြွဆေးပြား  (WY)  သုံးစွဲမှုတွေ ပ ပျောက်စေရေး  အစီအမံတွေ   ချမှတ် ဆောင်ရွက်ဖို့     ရန်ကုန်တိုင်းဒေသကြီး  အစိုးရ ကို   တိုက်တွန်းကြောင်း   အဆိုကို   ဒဂုံမြို့သစ်  (တောင်ပိုင်း)  မြို့နယ်  မဲဆန္ဒနယ် အ မှတ် (၁)  လွှတ်တော်ကိုယ်စားလှယ်   ဦးညီညီ က တင်သွင်းခဲ့ပါတယ်။

သည်အဆိုကို   ရန်ကုန်တိုင်း ဒေသကြီး   လွှတ်တော်မှာ  တင်သွင်းခဲ့ပြီး   အစိုးရကို  တိုက်တွန်းကြောင်း အဆိုကို   မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်  အမှတ်(၁)  တိုင်းဒေသကြီး    လွှတ်တော်ကိုယ်စားလှယ်   ဦးလှဌေးက    ထောက်ခံဆွေးနွေးခဲ့ပါတယ်။

သည်အဆိုကို   လုံခြုံရေးနှင့် နယ်စပ် ရေးရာ   ဝန်ကြီးက   ဆွေးနွေးဖို့ သဘောတူ တဲ့ အတွက်    လွှတ်တော်မှာ လက်ခံဆွေး နွေးသွားမှာ  ဖြစ်တာကြောင့်    ဆွေးနွေးလို တဲ့   လွှတ်တော်  ကိုယ်စားလှယ်   ရှိပါက   အ မည်စာရင်း  ပေးပို့ဖို့   လွှတ်တော်ဥက္ကဋ္ဌက  ကြေညာခဲ့ပါတယ်။

23 Sep 2019