လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ကြဖို့ ကိုယ်စားလှယ်တွေကို လွှတ်တော်နာယက တိုက်တွန်း

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့   လွှတ်တော်အ စည်းအဝေးများရပ်နားထားတဲ့အချိန်မှာ မိမိတို့ရဲ့မဲဆန္ဒနယ်အလိုက်    ပြည်သူတွေရဲ့  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ကြဖို့   ပြည်ထောင်စုလွှတ် တော်နာယက   ဦးတီခွန်မြတ်က    မှာကြား ထားပါတယ်။

စက်တင်ဘာလ   ၂၀    ရက်နေ့က ကျင်းပတဲ့   ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးမှာ   ပြည်ထောင်စုလွှတ်တော် ၁၃     ကြိမ်မြောက်     ပုံမှန်အစည်းအဝေးများ ပြီးဆုံးကြောင်း      နိဂုံးချုပ်အမှာစကား ပြောကြားရာမှာ  အခုလိုထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။

ဦးတီခွန်မြတ်က   “မကြာခင်ရက်ပိုင်း အတွင်းမှာ    ၂၀၁၈-၂၀၁၉   ခုနှစ်    ဘဏ္ဍာ ရေးနှစ်     ကုန်ဆုံးတော့မှာဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ    ဖွံ့ဖြိုး ရေးရန်ပုံငွေနဲ့   ဆောင်ရွက်ခဲ့တဲ့လုပ်ငန်း များအတွက်   ယနေ့အထိ   လုပ်ငန်းပြီးစီး ကြောင်း    ၁၄၂    မြို့နယ်က    အစီရင်ခံစာ တင်ပြပြီးဖြစ်ပါတယ်၊   ကျန်ရှိတဲ့မြို့နယ် များအနေနဲ့လဲ     သတ်မှတ်ရက်အမီ ပေးပို့ကြဖို့နဲ့    ပိုလျှံရန်ပုံငွေများရှိပါက    ငွေ တိုက်ဦးစီးဌာနသို့   အချိန်မီပြန်လည်အပ်နှံ ကြဖို့ဖြစ်ပါတယ်”လို့   မှာကြားပါတယ်။

ဒုတိယအကြိမ်    ပြည်ထောင်စုလွှတ် တော်ရဲ့   ၁၃   ကြိမ်မြောက်ပုံမှန်အစည်းအ ဝေးကာလအတွင်းမှာတော့   လာမယ့်   အောက်တိုဘာလ   ၁    ရက်နေ့မှာ    စတင် မယ့်    ၂၀၁၉-၂၀၂၀   ဘဏ္ဍာရေးနှစ် အတွက်    နှစ်စဉ်    မဖြစ်မနေပြဋ္ဌာန်းဆောင် ရွက်ပေးရမယ့်နိုင်ငံတော်ရဲ့အမျိုးသား စီမံကိန်းဥပဒေကြမ်း၊   ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း နဲ့    ၂၀၁၉    ခုနှစ်   ပြည်ထောင်စု၏အခွန်အ ကောက်ဥပဒေကြမ်းတို့ကို   ဆွေး နွေးအတည်ပြုပေးနိုင်ခဲ့ပါ   တယ်။

ဒါ့အပြင်   ဥပဒေ   ခုနစ်ခုအ တည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး   ၂၀၁၉   ခုနှစ်  ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း   အပါအဝင်    ဥပဒေကြမ်းနှစ်ခုကိုလည်း    နိုင်ငံတော် သမ္မတက    လက်မှတ်ရေးထိုးထုတ်ပြန် နိုင်ဖို့အတွက်   ပေးပို့ထားပြီးဖြစ်ပါတယ်။

အစည်းအဝေးကာလအတွင်းမှာ နိုင်ငံတော်သမ္မတထံမှ   ပေးပို့လာတဲ့အ ပြည်ပြည်ဆိုင်ရာ   သဘောတူစာချုပ်များနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်   ငါးခု၊   ပြည်ပချေးငွေ ဆိုင်ရာကိစ္စရပ်သုံးခုတို့ကို   ဆွေးနွေး အတည်ပြုခြင်းတွေ   ဆောင်ရွက်နိုင်ခဲ့ပါ တယ်။

ဒါ့အပြင်    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈    ခုနှစ်)    ပြင်ဆင်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့အစီရင်ခံစာများအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အ စည်းများမှ   ပေးပို့လာတဲ့အစီ ရင်ခံစာစုစုပေါင်း    ၁၀   ခုကို လည်း    ဆွေးနွေးအတည်ပြု ခြင်း၊   မှတ်တမ်းတင်ခြင်းများ     ဆောင်ရွက်နိုင်ခဲ့တယ်လို့     သိ ရပါတယ်။

23 Sep 2019