ရန်ကုန်စည်ပင်ကားအစီးရေ ၈၀ ဝယ်ယူရန် လွှတ်တော်အတည်ပြု

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွင်း  ကားအစီးရေ ၈၀ ဝယ်ယူရန်တိုင်း ဒေသကြီးလွှတ်တော်က အောက် တိုဘာ ၄ ရက်တွင်အတည်ပြုခဲ့ သည်။

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းကိုအတည်ပြုခဲ့ခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကားများဝယ်ယူ ခွင့်ရရှိခြင်းဖြစ်သည်။

အဆိုပါကားအစီး ၈၀ အ တွက် အသုံးပြုမည့်ငွေကြေးပမာ ဏသည် ကျပ် သန်း ၂,၀၀၀ ကျော်ဖြစ်သည်။ ‘‘ကားကိစ္စက အမှန်တော့မဖြစ်သင့်ဘူး။ဝန်ကြီး  ရှင်းပြတော့ ရှင်းတယ်လေ။ အ ရင်တုန်းက ကော်မတီဝင်တွေ အားလုံးက ကားထပ်ပြီးယူမယ် လေ။ အရင်ကော်မတီတွေက  ကားရှိပြီးသားတွေပဲ။ ဒါကတော့  သဘောမတွေ့ဘူးပေါ့ဗျာ။ ခြောက်စီးဆိုရင်လက်ခံတယ်။၁၁ ယောက်စလုံးတင်တာဆိုတော့ ဒါ တွေကမကောင်းဘူးပေါ့ဗျာ’’ ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကား ဝယ်ယူမည့် ကိစ္စကိုယခင်က လွှတ်တော်တွင် ကန့်ကွက်မှုများ ရှိခဲ့သည်။ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းအတည်ပြု စဉ် အဆိုပါကိစ္စကို မကန့်ကွက် ရန်ညှိနှိုင်းခဲ့ခြင်းကြောင့် ကန့် ကွက်သူမရှိအတည်ဖြစ်ခဲ့သည် ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ၃၃ မြို့နယ်ရှိ စည်ပင်သာယာရေး ဥက္ကဋ္ဌ တစ်ဦးလျှင် ကားတစ်စီး နှုန်း (၃၃စီး)၊ အဖွဲ့ဝင်နှစ်စီးစီ၊  ရွေးချယ်ခံကော်မတီဝင်ခြောက် ဦး၊ လုပ်ငန်းတာဝန်ခံခုနစ်ဦး၊ အတွင်းရေးမှူးများအပါအဝင် ၁၃ စီးဝယ်ယူမည်ဟု ရန်ကုန် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းကပြော သည်။

အလားတူညွှန်ကြားရေးမှူး  နှင့်အထက် လုပ်ငန်းအသုံးပြုရန်  ၁၅ စီး၊ လုပ်ငန်းစစ်လမ်းကြောင်း နှင့် ဧည့်ကြိုရာတွင် အသုံးပြုရန် တစ်စီး၊ အခမ်းအနားများ၌ ကြို ပို့ရန်သုံးစီး၊ လုပ်ငန်းသုံးအသုံးပြု ရန် ၁၃ စီး၊ စုစုပေါင်း အစီး ၈၀ ဝယ်ယူရန် တင်ပြထားခြင်းဖြစ် သည်ဟု ၎င်းကပြောသည်။

4 Oct 2019