ခြေဥပြင်ဆင်ရေး ဥပဒေကြမ်း  ရေးဆွဲဖို့ ဥပဒေပြုရေးအခန်းအထိ   ပြီးဆုံး

{Kumudra News မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အဖွဲ့ဝင် ၄၅ ဦး နဲ့ ဖွဲ့စည်း ထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူး ပေါင်း ကော်မတီ ဟာ ဥပဒေကြမ်း ရေးဆွဲဖို့ အခန်း (၄)ဥပဒေပြုရေး အထိ ပြီးဆုံးပြီဖြစ် တာကြောင့် လတ်တလောမှာ အစည်း အ ဝေး ရပ်နားထားတယ်လို့ သိရပါတယ်။

ကော်မတီအဖွဲ့ဝင် ပုပ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရည် မွန်က “အခု နားထားတယ်၊ လွှတ်တော် ပိတ်ပြီး ၁၀ ရက် ပြန် ထိုင်ပြီး တစ်ဖြတ်ပြန် နားတယ်၊ ပြန်မဖွင့်ခင်မှာ ၁၀ ရက် ပြန် ထိုင် ဦးမယ်၊ ခရီးတော့ ရောက်ပါတယ်၊ မြန် ပါတယ်၊ ပုဒ်မ ပုဒ်မ ခွဲတွေ များတော့ နည်းနည်း တော့ အချိန်ယူရတာပေါ့”လို့ ပြောပါ တယ်။

လက်ရှိကော်မတီမှာ အဖွဲ့ဝင် သုံး ဦး နုတ်ထွက် သွားပြီဖြစ်လို့ ကျန်ရှိတဲ့ ၄၂ ဦး နဲ့ အစည်းအဝေး တွေ ဆက်လက်ပြုလုပ် နေတာ ပါ။ အစည်းအဝေး ၄၆ ကြိမ် အထိ ပြီးဆုံးပြီ ဖြစ်ပါတယ်။ အခန်း(၄)ဥပဒေ ပြု ရေး အထိ ပြီးဆုံးပြီဖြစ်တဲ့အတွက် ပုဒ်မ ၁၉၈ ခု အထိ ပြီးဆုံးပြီဖြစ်ပါတယ်။

ကော်မတီအနေနဲ့ လွှတ်တော်အတွင်း ပါတီ အသီးသီးမှ အဆိုပြုတင်ပြလာတဲ့ ပြင်ဆင်၊ ဖြည့် စွက်၊ အကြံပြုချက် ပေါင်း ၃၇၆၅ ချက် ပါဝင်တဲ့ အစီရင်ခံစာကို ဇူလိုင် လ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မှာ တင်သွင်းပါတယ်။

ဦးရည်မွန်က “ဥပဒေကြမ်းလွှတ်တော်ကို တင်နိုင်မယ့် အခြေအနေတော့ အတိ အ ကျ ပြောဖို့ ခက်သေးတာပေါ့နော်၊ နောက်အစည်းအဝေးက တော့ လွှတ်တော် ပြန်မစခင် ၁၀ ရက်အလိုမှာ ပြန် စဖို့တော့ ရှိ တယ်၊ အဲဒီ ၁၀ ရက်အပြီးမှာတော့ အ ကြမ်း ဖျင်း ပြောလို့ ရမယ်ထင်တယ်၊ အခန်းက လဲ ၁၅ ခန်းဆိုတော့ ပုဒ်မတွေ လဲ တော်တော် များသေး တယ်”လို့ ပြောပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီး ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းမှာ ပြည်ခိုင်ဖြိုးပါ တီမှ ဦးဆောင်ပြီး ဥပဒေကြမ်း သုံးခုကို ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်း ထားပါတယ်။ တပ်မတော် သား လွှတ် တော် ကိုယ်စားလှယ် အစုအဖွဲ့ကလည်း ခြေ/ဥ ပြင် ဆင်ရေး ဥပဒေကြမ်း နှစ်ခု တင်သွင်း ထားပါတယ်။

7 Oct 2019