၀န်ကြီးချုပ်က အခြေခံဥပဒေကို မလိုက်နာဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌပြော

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်က အတည်ပြုပြီးသော အဆိုနှင့် ဆုံးဖြတ်ချက် များကို ကယားပြည်နယ်ဝန်ကြီး ချုပ်က လိုက်နာမှုမရှိခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး ဖောက်ခြင်းဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်လွှတ်တော် ဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့က အတည်ပြုအဆိုနှင့် ဆုံး ဖြတ်ချက်များ အကောင်အထည် ဖော်ရမည်ဖြစ်သည်။

သို့သော် လက်တွေ့တွင် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ် တော်က အတည်ပြုပြီး အဆိုနှင့် ဆုံးဖြတ်ချက်များ အကောင်အ ထည်မဖော်ဘဲ လွှတ်တော်၏ ဆောင်ရွက်ချက်များ ဥပဒေနှင့် ညီ၊ မညီ ပြည်ထောင်စုရှေ့နေချုပ် ထံတင်ပြ၍ အကြံဉာဏ်တောင်း ခံခြင်းသာ ပြုလုပ်နေသည်ဟု ဦးလှထွေးက ရှင်းပြသည်။

‘‘သိသိကြီးနဲ့ (ပြည်ထောင် စုရှေ့နေချုပ်ထံအကြံတောင်း) သက်သက်ပြန်လုပ်တယ်ဆိုတာ က ငါတကောကောသွား ချင်တာ ပေါ့’’ ဟု ၎င်းက မှတ်ချက်ပြုပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦး အယ်လ်ဖောင်းရှိုထံ နိုဝင်ဘာ ၁ ရက်ညက ဖုန်းဖြင့်ဆက်သွယ်မေး မြန်းရန်ကြိုးစားသော်လည်းဆက် သွယ်မရပေ။

သို့ဖြစ်ပါက လွှတ်တော်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ခြင်းမရှိသည့် အစိုးရအဖွဲ့ကို မည့်သို့ ထိန်းကျောင်းမည်နည်း ဟု မေးမြန်းရာ လွှတ်တော်ကိုယ် စားလှယ်များနှင့်သာအဓိကသက် ဆိုင်ကြောင်း ဦးလှထွေးက ဆို သည်။

‘‘ကျွန်တော်ကတော့ ဒိုင်လူ ကြီးပဲလေ။ လွှတ်တော်ထဲမှာ မဲ ပေးလို့ မဲညီလို့ရှိရင် မဲပေးပိုင်ခွင့် ပဲရှိတယ်။ တကယ် အဓိကလုပ် နိုင်တာက လွှတ်တော်ကိုယ်စား လှယ်တွေပဲ’’ဟု ဦးလှထွေးက ပြောသည်။

မယ်စဲမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်နိုင် ဦးက ‘‘ကျွန်တော်တို့အနေနဲ့ဘယ် လိုမှဆက်လုပ်လို့မရဘူး။ တစ် ပါတီတည်းလည်းဖြစ်နေတယ်။ ကျွန်တော်တို့က စွပ်စွဲအပြစ်တင် ပြီး ဖြုတ်ချမယ်ဆိုရင်လည်း နစ် နာတာပေါ့’’ ဟု ပြောသည်။

ထို့ကြောင့် လက်ရှိ ပြဿ နာဖြေရှင်းရန် ပါတီ၊ အစိုးရနှင့် လွှတ်တော်သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ကြောင်း ၎င်း က မှတ်ချက်ပြုသည်။

အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့သည် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၅၁၊ ၂၅၈ တို့ကို လိုက်နာရန်လို အပ်ကြောင်း ဦးလှထွေးက သတိပေးခဲ့သည်။

3 November 2019