တပ်မတော်အာဏာသိမ်းသည့်နေ့တွင် တောင်သူလယ်သမားနေ့သတ်မှတ်ခြင်းကို ပယ်ဖျက်ပေးရန် ဒီချုပ်အမတ် လွှတ်တော်သို့တင်ပြ

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တပ်မတော်က လက်နက်အားကိုးဖြင့် အာဏာ သိမ်းသည့်နေ့တွင် တောင်သူလယ်သမားနေ့ သတ်မှတ်ထား ခြင်းကို ပယ်ဖျက်ပေးရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမြင့်အောင်က လွှတ်တော်သို့ တင်ပြသည်။

ဒီပဲယင်းအမတ် ဦးဝင်းမြင့်အောင်က  တောင်သူလယ်သမားနေ့အဖြစ် မတ်လ ၂ ရက်ကို သတ်  မှတ်ထားခြင်းမှ ပယ်ဖျက်ပေး ရန်နှင့်  ဗြိတိသျှနယ်ချဲ့အစိုးရကို ဆရာစံဦးဆောင်ပြီး တောင်သူ  လယ်သမားများကိုယ်တိုင်  စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်ကို ပြောင်းလဲသတ်မှတ် ပေးရန် ရှိ၊ မရှိ နိုဝင်ဘာ ၇ရက်က  ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် မေးခွန်းမေးမြန်းခဲ့သည်။

ဖဆပလအစိုးရလက်ထက် က ဇန်နဝါရီလ ၁ ရက်ကို  တောင်သူလယ်သမားနေ့အဖြစ်  ကျင်းပပြီး တော်လှန်ရေးကောင် စီအစိုးရအနေဖြင့် တပ်မတော်က  နိုင်ငံတော်အာဏာကိုလက်နက် အားကိုးဖြင့် သိမ်းယူခဲ့သည့် မတ် လ ၂ ရက်ကို တောင်သူလယ်သ မားနေ့အဖြစ်  အတည်ပြုမှတ် တမ်းတင်ခဲ့ကြောင်း ဦးဝင်းမြင့် အောင်က ပြောသည်။

‘‘အာဏာသိမ်းခံရတဲ့ မတ် လ ၂ ရက်နေ့ဆိုတာ ပြည်သူ လူထုက  ရွေးချယ်တင်မြှောက် သော ပြည်သူ့အစိုးရ၊ ပြည်သူ့  လွှတ်တော်၊ လူမျိုးစုလွှတ်တော် များကို ဖျက်သိမ်းပစ်တဲ့နေ့၊ ပြည် သူအပေါင်း ဒီမိုကရေစီနဲ့ လူ့အ ခွင့်အရေး စတင်ဆုံးရှုံးရတဲ့နေ့၊ အာဏာရှင်တွေအောက် ပြည်သူ၊  ကျောင်းသား ပြားပြားမှောက်ရ တဲ့နေ့၊ တောင်သူလယ်သမား များမျိုးစပါး၊ ဝမ်းစာစပါးပါမကျန်  မြေသိမ်းခံရပြီး  ဆင်းရဲမွဲတေခြင်း  ဒဏ်ကို ခါးစည်းခံရဖို့အကြောင်း ဖန်လာတဲ့ အာဏာရှင်မျိုးစေ့တို့ ရဲ့မွေးနေ့ကို တောင်သူလယ်သ မားနေ့အဖြစ် သတ်မှတ်ခြင်းဟာ နိုင်ငံရေးစံတန်ဖိုးအရ အနှစ်သာ ရကင်းမဲ့လှတာကြောင့် ပြည်သူ့ အစိုးရအနေဖြင့် ဖျက်သိမ်းပစ်ရန် နှောင့်နှေးကြန့်ကြာ မနေသင့် ကြောင်း ဆွေးနွေးလိုပါတယ်’’ဟု ဦးဝင်းမြင့်အောင်က ပြောသည်။

ယင်းသို့ မေးမြန်းမှုအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးလှကျော်က လတ်တလော တွင် ပြောင်းလဲပြင် ဆင်သတ် မှတ်ရန် မရှိသေးကြောင်း ပြော သည်။

‘‘သို့သော် အဲဒီမှာ ကျွန်တော် တို့ နားလည်လိုက်တာကတော့  တပ်မတော်ဟာ လက်နက်အား ကိုးနဲ့ အာဏာသိမ်းခဲ့ခြင်းဖြစ် တယ်ဆိုတဲ့ စကားလုံးပါပါတယ်။  ဒါဟာ အဲဒီခေတ်၊ အဲဒီအခါ၊  အဲဒီအခြေအနေတွေမှာ  ရှိတဲ့ သမိုင်းဆိုင်ရာအချက်အလက်၊  သမိုင်းဆိုင်ရာဖော်ပြချက်၊သမိုင်း ဆိုင်ရာ အခြေအနေတွေဟာ ပြန် ပြီးလေ့လာလို့ရှိရင် သိနိုင်မှာဖြစ် ပါတယ်။ သို့သော် ကျွန်တော်တို့ နားလည်တာက အဲဒီခေတ်၊ အဲဒီ ကာလ၊ အဲဒီအခြေအနေနဲ့ပိုင်း မှာ တစ်ပိုင်းဖြစ်သလို ယခုကာ လဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီစာသား၊ ဒီစကားလုံးဟာ မသုံး သင့်၊ သုံးသင့်ဆိုတာလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အ နေနဲ့ စဉ်းစားသင့်တယ်။ ဒီစာ သားပယ်ဖျက်ပေးပါရန် တင်ပြ အပ်ပါတယ်’’ဟု တပ်မတော်သား  ကိုယ်စားလှယ်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလက် ရှိကာလသည် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကို ဦးတည် နေခြင်းဖြစ်၍ လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် အသုံးအ နှုန်းများကို သင့်လျော်၊ မလျော် သုံးသပ်ဆင်ခြင်ရန် မှာကြားလို ကြောင်း ပြောသည်။

Thursday, November 7, 2019