ဝရမ်းပြေးကိစ္စတွေ လျော့နည်းပပျောက်ဖို့ ဘယ်လိုလုပ်ထားသလဲ လွှတ်တော်မှာ မေးမြန်း

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တရားဥပ ဒေကို မထီမဲ့မြင်ပြုကြတဲ့ ဝရမ်း ပြေးကိစ္စရပ်တွေကို လျော့နည်း ပပျောက်သွားအောင် မည်ကဲ့သို့ ဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုကြောင်း မန္တလေးတိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ် (၂) က ဦးထွန်းထွန်းဦးက လွှတ်တော်မှာ မေးမြန်းပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က ပြု လုပ်တဲ့အမျိုးသားလွှတ်တော်အ စည်းအဝေးမှာ မေးမြန်းတာပါ။

လက်ရှိမှာ ပြစ်မှုတစ်ခုခု ကြောင့် တရားစွဲဆိုဖို့ ဝရမ်းထုတ် ဆင့်ခံထားရသူတွေဟာ တရား ဥပဒေကို မထီမဲ့မြင်ပြုပြီး အဖမ်း မခံကြဘဲ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေတဲ့ကိစ္စရပ်တွေ ပိုမိုများပြားလာတယ်လို့ ဦးထွန်း ထွန်းဦးက ဆိုပါတယ်။

နိုင်ငံတော်အကြည်ညိုပျက် စေတဲ့ပုဒ်မနဲ့တရားစွဲဆိုခံထားရတဲ့ လူသိများ ထင်ရှားတဲ့လူပုဂ္ဂိုလ် တွေ၊ ရဟန်းပုဂ္ဂိုလ်တွေ၊ အဂတိ လိုက်စားမှုနဲ့တရားစွဲဆိုခံထားရတဲ့ တရားရေးဌာနအပါအဝင် အစိုးရ ဌာနအချို့က အရာရှိကြီးတွေနဲ့ အ ခြား ကြီးလေးတဲ့ရာဇဝတ်မှုပုဒ်မ တွေနဲ့ တရားစွဲဆိုခံထားရသူတွေ ဟာ ဥပဒေကို ရင်မဆိုင်ဘဲ ထွက် ပြေး တိမ်းရှောင်နေကြတယ်လို့ လွှတ်တော်မှာ ရှင်းလင်းပြောဆိုပါ တယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ဥပ ဒေကို လေးစားလိုက်နာရေး အ တွက် နိုင်ငံတော်က ပြဋ္ဌာန်းထား တဲ့ အထူးကောင်းမွန်တဲ့ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိပြီး ဝရမ်း ပြေးတွေကို ဖမ်းဆီးရမယ့်ရဲတပ်ဖွဲ့ ဝင်တွေ၊ တရားသူကြီးတွေ၊ တရား ရေးဝန်ထမ်းတွေ လိုက်နာဖို့ အ တွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ထဲမှာလည်း ဖမ်းဆီးခြင်း၊ ထွက် ပြေးခြင်းနဲ့ ပြန်လည်ဖမ်းဆီးခြင်း၊ တရားရုံးကို ဆင့်ဆိုခြင်း၊ ဝရမ်း တပ်ခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးရ မယ့်နည်းလမ်း၊ ပြန်လည်ခုခံ ဆောင်ရွက်ရမယ့်နည်းလမ်းစတဲ့ အချက်တွေကို ပြည့်စုံလုံလောက် စွာ ပြဋ္ဌာန်းထားတယ်လို့ သိရပါ တယ်။

ဦးထွန်းထွန်းဦးက “ပြဋ္ဌာန်း ချက်တွေကို တိတိကျကျ မကျင့် သုံးဘဲ လျစ်လျူရှုဆောင်ရွက်တဲ့ တရားစီရင်ရေးဆိုင်ရာ နိုင်ငံ့ဝန် ထမ်းများဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်များ၊ တရားသူကြီးများ၊ အစိုးရရှေ့နေ များကိုလဲ ဖြောင့်မှန်စွာတရားစီရင် ရေးကို ဆန့်ကျင်သည့်အမှုမြောက် သည်ဟု သတ်မှတ်၍ မည်သည့် ပြစ်ဒဏ်များကိုချမှတ်ရမည်ဆိုတဲ့ ရာဇသတ်ကြီးဥပဒေအခန်း ၁၁ မှာ တိကျရှင်းလင်းစွာ ဖော်ပြထားပါ တယ်၊ ဥပဒေသဘောအရဆိုရင် တရားသူကြီးတစ်ဦးက  ဖမ်းဝရမ်း ထုတ်ဆင့်ပေးခြင်းဟာ နိုင်ငံတော် သမ္မတက ဖမ်းခိုင်းခြင်းနဲ့အတူ တူပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီး ဦးမျိုး တင့်ကတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ တရားခံပြေးအဖြစ် ကြေညာထား သူများကို မည်သူမဆိုဖမ်းဆီးနိုင် သလို တရားခံကို မဖမ်းမိသေး သရွေ့ ဝရမ်းဟာ အာဏာသက် ရောက်တယ်လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ထွက်ပြေး တိမ်း ရှောင်နေတဲ့တရားခံ (စွပ်စွဲခံရသူ တွေ)အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၇၅ နဲ့အညီ ဝရမ်း ထုတ်ဆင့်ခြင်း၊ ဝရမ်းအတည်ပြု ဆောင်ရွက်ခြင်း၊ သတ်မှတ်တဲ့ အချိန်၊ သတ်မှတ်တဲ့ နေရာသို့ လာရောက်ဖို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ (၁)အရ ကြေညာ ချက်ထုတ်ခြင်း၊ ၄င်းတို့ပိုင် ရွှေ့ ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင် သောပစ္စည်းကို ဝရမ်းကပ်ဖို့ ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈(၁) အရ အမိန့်ထုတ်ဆင့်ခြင်း၊ ပုဒ်မ ၈၈(၅)နဲ့အညီ စီမံခန့်ခွဲမှုပြုခြင်း၊ ပုဒ်မ ၈၈ (၇)နဲ့အညီ ရောင်းချခြင်း၊ ထွက်ပြေးတိမ်းရှောင်သူတွေအ တွက် အာမခံသူတွေကိုပါ ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ ဒဏ်ကြေးပေးဆောင်စေရတယ် လို့ ဆိုပါတယ်။

ဒဏ်ကြေးပေးဆောင်ခြင်းမရှိ ရင်တော့ အပြေအကျေရရှိအောင် ဆောင်ရွက်ဖို့၊ ဒဏ်ကြေးမရနိုင် တဲ့အခြေအနေပေါ်ပေါက်ရင် ပေး ဆောင်ဖို့တာဝန်ရှိသူ (အာမခံသူ တွေ)ကို တရားမ ထောင်မှာ ထောင် ဒဏ် ခြောက်လအထိ ကျခံစေဖို့ ဆောင်ရွက်နိုင်တဲ့အတွက် သက် ဆိုင်ရာဥပဒေနဲ့အညီ တရားရုံး တွေက ဆောင်ရွက်လျက်ရှိတယ် လို့ ဖြေကြားခဲ့ပါတယ်။

Thursday, November 7, 2019