{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}
ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်များစွာရှိနေပေ မဲ့လည်း ဘတ်ဂျက်မကုန်လို့ ပြန်အပ်နေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက လွှတ်တော်မှာ ထောက်ပြဆွေးနွေးပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ပြည် ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော် သမ္မတထံမှပေးပို့ထားတဲ့ ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေးလုပ် ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အတွက် ကမıာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး ရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ချေးငွေရယူရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဆွေး နွေးရာမှာ အခုလို ပြောတာဖြစ်ပါတယ်။
ဦးဇော်ဟိန်းက “လက်ရှိအခြေအနေအရ နိုင်ငံ တွင်းပညာရေးဘတ်ဂျက်သုံးစွဲမှုဟာ နိုင်ငံတော် ဘဏ္ဍာရဲ့ ၈.၈ရာခိုင်နှုန်းရှိပြီးတော့ ကျောင်းဆရာ လိုအပ်ချက်များစွာရှိပါလျက်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနမှ ဘတ် ဂျက်သုံးစွဲတာမကုန်လို့ ၁.၁ထရီလျံ ပြန်အပ်နေ တာကလဲ မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်”လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ ကျောင်းဆရာ ဆရာမလို အပ်ချက်များစွာ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဝေး လံခေါင်သီဒေသတွေနဲ့ မြို့ပေါ်မဟုတ်တဲ့နယ် ဘက်တွေမှာ ကျောင်းဆရာ ဆရာမလစ်လပ်မှု ပိုမိုများနေတယ်လို့ ဆိုပါတယ်။ တချို့နယ်ဘက် စာသင်ကျောင်းတွေမှာဆိုရင် ကျောင်းဆရာမလုံ လောက်လို့ ပြင်ပကျောင်းဆရာတွေ ခေါ်ယူပြီး အရပ်ဘက်ခန့်မှုတွေ လစဉ်ပိုက်ဆံကောက်ခံနေ ရပြီး ကိုယ်ထူကိုယ်ထနဲ့ ပညာသင်ကြားနေကြရ တယ်လို့လည်း ဆိုပါတယ်။
သည့်အတွက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မယ့် လူတိုင်းအကျုံးဝင်ပညာရေး မှာသည်အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်ဆိုပါ က ကြိုဆိုတယ်လို့လည်း လွှတ်တော်ကိုယ်စား လှယ်က ဆွေးနွေးသွားပါတယ်။
ပညာရေးမူဝါဒ အစီရင်ခံစာအရ နိုင်ငံအတွင်း ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းဆရာ ခန့်ထားမှု ၃၇၀,ဝဝဝ ကျော်ရှိပြီး ကျောင်းဆရာ လစ်လပ်မှု ၁၄၀,ဝဝဝ ကျော် ရှိနေတယ်လို့ သိရပါ တယ်။
သည်ချေးငွေစီမံကိန်းကတော့ တိုင်းဒေသ ကြီးနဲ့ပြည်နယ်အားလုံးရှိ မြို့နယ် ၃၃ဝ မြို့နယ် အနက် ၁၁၅ မြို့နယ်မှာ ဆောင်ရွက်မှာဖြစ်ပြီး အ ခြေခံပညာကျောင်းများရှိ ကလေးများအားလုံး အ ရည်အသွေးမီ အခြေခံပညာရေး အခွင့်အလမ်း ရရှိဖို့နဲ့ ကျောင်းပြင်ပရောက်နေတဲ့ကျောင်းနေအ ရွယ်ကလေးတွေကို သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးဖို့၊ဘဏ္ဍာရေးနှစ် စီမံ ခန့်ခွဲမှုများ အား ကောင်းလာစေဖို့ ရည်ရွယ်ဆောင်ရွက်မယ့် အစီအ စဉ်ဖြစ်တယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ၄၇,ဝဝဝကျော်ရှိတဲ့အနက် ကျောင်းပေါင်း ၁၈,ဝဝဝ ကျော်မှာ သည်စီမံကိန်းကို ဆောင်ရွက်မှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ စုစုပေါင်း ကိုးသန်း ကျော်အနက်မှ ၃,ဝ၄၂,၅၃၄ ဦးအတွက် ဆောင် ရွက်မှာဖြစ်ပါတယ်။
သည်စီမံကိန်းဟာ လိုအပ်ချက်အရှိဆုံး ကျောင်းတွေမှာဆိုရင်တော့ ကျောင်းပြင်ဆင်မွမ်း မံ ထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုလည်း သည်စီမံ ကိန်းရဲ့အစီအစဉ်တစ်ခုအနေနဲ့ သင်ယူမှုဝန်း ကျင်ကောင်းများ ဖန်တီးပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေကိုလည်း လုပ်ငန်း ခွင်အတွင်းသင်တန်းပေးခြင်းများနဲ့ ကလေးများ အားလုံး အရည်အသွေးရှိတဲ့ အခြေခံပညာကို သင်ယူမှုအခွင့်အလမ်း မြင့်မားအောင် ဆောင် ရွက်ပေးမယ်လို့ သိရပါတယ်။
Monday, November 11, 2019