တပ်မတော်တင်သွင်းသည့် ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦး ကော်မတီ၏ ဥပဒေမူကြမ်းနှင့် ယှဉ်တွဲ၍ တင်သွင်းရန် အစီရင်ခံ

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တင် သွင်းသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပူးပေါင်းကော်မတီ၏ဥပဒေမူကြမ်းနှင့်ယှဉ်တွဲ၍ လွှတ်တော်သို့တင်သွင်းရန် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံသည်။

နိုဝင်ဘာ ၂၀ ရက်တွင်ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးချုပ်အောင်စန်းချစ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လွှတ်တော်သို့တင်ပြထား သော ဒုတိယအကြိမ်ပြင်ဆင် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းကို သီးခြားဆက်လက်ဆွေး နွေးခြင်းမပြုဘဲ ၄၅ ဦးပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဥပဒေမူ ကြမ်းထွက်ရှိမှသာ လွှတ်တော်သို့ တင်သွင်းရန် အထက်ပါကော်မ တီက သဘောထားမှတ်ချက်ပြု ခြင်းဖြစ်သည်။

‘‘ဒီအတွက်ကြောင်မို့ တပ်မ တော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင် စန်းချစ်အပါအဝင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုးတင် ပြခဲ့တဲ့ ယခုဥပဒေကြမ်း၊ ရှေးဦး စွာ တင်သွင်းထားတဲ့ ဒုတိယအ ကြိမ်ပြင်ဆင်တဲ့ ယခင်ဥပဒေ မူ ကြမ်းသုံးခုနဲ့ ပြည်ထောင်စုလွှတ် တော်က ဖွဲ့စည်းတာဝန်ပေးအပ် ထားတဲ့ ပြင်ဆင်ရေးပူးပေါင်း ကော်မတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်တစ်နှစ်လုံးအ ပေါ် သုံးသပ်လေ့လာပြီးတော့၊ ပြု စုရေးဆွဲပြီးတော့ လွှတ်တော်ကို တင်သွင်းလာမယ့် ပြင်ဆင်တဲ့ဥပ ဒေမူကြမ်းတွေအားလုံးကို တစ် ပြိုင်တည်း တင်သွင်းပြီးတော့ပြည့် စုံတဲ့ ပြင်ဆင်တဲ့ဥပဒေမူကြမ်းများ အဖြစ် လွှတ်တော်သို့တင်သွင်း နိုင်ရေးအတွက် ဆောင်ရွက်သင့် ပါကြောင်းနဲ့ ကျွန်တော်တို့လေ့ လာစိစစ်ရေး ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာကို လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ဆုံးဖြတ်အတည်ပြု ပေးပါရန် လေးစားစွာ တင်ပြအပ် ပါတယ်’’ ဟု ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ပြော သည်။

ဗိုလ်မှူးချုပ်အောင်ဆန်းချစ် အပါအဝင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၁၄၄ ဦးက ပြင်ဆင်ရန် တင်ပြသော အချက် များမှာ တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်သက်ဆိုင်ပြီး ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) ပုဒ်မ ခွဲငယ် (၃)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (င)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ည)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဋ)၊ ပုဒ်မ ၂၆၂ ပုဒ်မ ခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (ဂ) တို့ ပါဝင်သည်။

ယင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်း ချက်အချို့သာ ပြင်ဆင်ဆောင် ရွက်ရန် တင်ပြထားခြင်းဖြစ်သည် ကို တွေ့ရကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ထိုသို့ တပ်မတော်၏ဥပဒေ မူကြမ်းကို ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဥပဒေမူကြမ်းထွက် ရှိမှသာ ယှဉ်တွဲတင်သွင်း၊ ဆွေး နွေးရန် အစီရင်ခံမှုအပေါ် တပ်မ တော်က မှတ်ချက်ပြုရန် ယမန် နေ့က ငြင်းဆိုသည်။

ဒီချုပ်အမတ် ဦးအောင် ကြည်ညွန့်၏ အရေးကြီးအဆိုဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းခဲ့သော ပြင်ဆင်ရေးပူးပေါင်း ကော်မတီတွင် ကော်မတီဝင်သုံး ဦးနုတ်ထွက်ခဲ့၍ ကော်မတီဝင် ၄၂ ဦးသာ ကျန်ရှိသည်။

အာဏာရပါတီဒီချုပ်လွှတ် တော်၌ ယင်းပြင်ဆင်ရေး ပူး ပေါင်းကော်မတီဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန် ဆောင်ရွက်နေချိန်တွင် ပြည် ခိုင်ဖြိုးပါတီက ဥပဒေမူကြမ်းသုံး ခု၊ တပ်မတော်ကဥပဒေမူကြမ်း နှစ်ခု လွှတ်တော်သို့တင်သွင်းခဲ့ သည်။ ပြည်ခိုင်ဖြိုးပါတီက တင် သွင်းခဲ့သော ဥပဒေမူကြမ်းနှစ်ခု ကို ၄၅ ဦး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းလုပ် ဆောင်ရန် လွှတ်တော်ကဆုံးဖြတ် ခဲ့သည်။ တပ်မတော်က တင်သွင်း သော ဥပဒေမူကြမ်းတစ်ခုမှာ ဥပ ဒေမူကြမ်းလေ့လာစိစစ်ရေးပူး ပေါင်းကော်မတီ အစီရင်ခံစာ အပေါ် လွှတ်တော်ကဆွေးနွေးနေ သည်။ ကျန်ပြည်ခိုင်ဖြိုး၏ ဥပဒေ မူကြမ်းတစ်ခုကို ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော် မတီက စိစစ်နေဆဲဖြစ်သည်။

Wednesday, November 20, 2019