လွှတ်တော်သက်တမ်းတစ်ခုအတွင်း ပထမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဆိုပြု

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

လွှတ်တော်ကိုယ် စားလှယ်တစ်ဦး (သို့မဟုတ်)တစ် ဦးထက်ပို၍ လစ်လပ်ပါက လွှတ် တော်သက်တမ်းတစ်ခု၏ ပထမ ဆုံးနှစ်နှင့် နောက်ဆုံးနှစ်တွင်ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း မပြုရန် ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက အဆိုပြုသည်။

လက်ရှိ တည်ဆဲရွေး ကောက်ပွဲဥပဒေများတွင် လွှတ် တော်ကိုယ်စား လှယ်လစ်လပ်ပါ ကသက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ က ကော်မရှင်သို့ အကြောင်းကြား သည့်နေ့ကစ၍ ပထမတစ်နှစ်အ တွက် တစ်နှစ်အတွင်း၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှစ်များအတွက် ခြောက်လအတွင်း ရွေးချယ်တင် မြှောက်ပြီးဖြစ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ယင်းသို့ ပြဋ္ဌာန်းထားမှုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်မှုနှင့်ပတ် သက်၍ ‘‘တကယ်တမ်းတော့ အ ကြောင်းအမျိုးမျိုးကြောင့် သူတို့ မလုပ်နိုင်ဘဲဖြစ်နေတာ။ ဒီအ တောအတွင်းမှာ လုပ်နိုင်အောင် ပြန်တင်ပြလာတဲ့အပေါ် အတည် ပြုတဲ့သဘောပါ’’ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မ တီအတွင်းရေးမှူး ဦးကျော်စိုး လင်းက ရှင်းပြသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်ရွေးကောက်ပွဲဥပဒေကို ပဉ္စမ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း  များကို အမျိုးသားလွှတ်တော်သို့  စတင်တင်သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်များ ဖြင့် အတည်ပြုခဲ့ကာပြည်သူ့လွှတ် တော်သို့ ထပ်မံပေးပို့ခြင်းဖြစ် သည်။

အမျိုးသားလွှတ်တော်က  ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ် သက်၍ ကာလမသတ်မှတ်ဘဲ ဥပဒေနှင့်အညီ အစားထိုးရွေး ကောက်တင်မြှောက်ရမည်ဟုပြင် ဆင်အတည်ပြုထားသည်။

‘‘အမျိုးသားလွှတ်တော်က ငါးနှစ်စလုံးမှာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင် ရဲ့သဘောပဲဖြစ်နေတယ်။ အဲဒါ ဆိုရင် ပထမဆုံးနဲ့ နောက်ဆုံးနှစ်နဲ့ လုပ်မယ်ဆိုရင် နိုင်ငံအတွက် အ ကျိုးလည်းမရှိဘူး။ နောက်ပြီးကုန် ကျစရိတ်တွေလည်း ကုန်တယ် ပေါ့နော်။ အဲဒါကြောင့်ပထမဆုံး နှစ်နဲ့ နောက်ဆုံးနှစ်မပါဆိုပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ထည့်ထားပေးလိုက် တယ်ပေါ့’’ ဟု ဦးကျော်စိုးလင်းက ပြောသည်။

အထက်ပါ ဥပဒေကြမ်းများ ကို ပြည်သူ့လွှတ်တော်၌ လွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးရန်ရှိနေပြီး ဥပဒေကြမ်းကော် မတီ၏ စိစစ်အဆိုပြုချက်ကို သ ဘောကွဲလွဲပါက မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ ထို့အပြင်ပြည်သူ့လွှတ် တော်၏ အတည်ပြုဆုံးဖြတ်ချက် များသည် အမျိုးသားလွှတ်တော် ၏ ပြင်ဆင်အတည်ပြုချက်နှင့် ကွဲ လွဲပါက အမျိုးသားလွှတ်တော်သို့  ပြန်လည်ပေးပို့မည်ဖြစ်သည်။ လို အပ်ပါက ပြည်ထောင်စုလွှတ် တော်၏ အဆုံးအဖြတ်ရယူမည် ဖြစ်သည်။

လက်ရှိဥပဒေကြမ်းကို အ တည်ပြုပါက ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပလိုသည့်အခါ ကျင်းပပြီး မကျင်း ပလိုသည့်အခါ မကျင်းပနိုင်သည့်  သဘောဖြစ်နေကြောင်းနှင့် ကြား  ဖြတ်ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သည့် စံသတ်မှတ်ချက် ထားရှိရန်လိုအပ်ကြောင်း ရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှား မှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါ ရိုက်တာ စိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

Friday, November 22, 2019