ပယ်ချခံရသော အရေးကြီးအဆို သီးခြားဆွေးနွေးခွင့်မပြုသော ဥပဒေကြမ်း

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြီးခဲ့သည့် သီတင်းပတ်တွင် အမျိုးသားအောင်ပွဲနေ့ ရှိ၍ လွှတ်တော် ကျင်းပသည့်တစ်ရက် ရပ်နားခဲ့သော်လည်း နေပြည်တော်ရှိ လွှတ်တော်သုံးရပ်က ပုံမှန်အတိုင်း လည်ပတ်နေသည်။

ပြည်သူလူထုဘဝ လုံခြုံရေး နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးအ မတ်၏ အရေးကြီးအဆိုကို ပြည် သူ့လွှတ်တော်က ငြင်းပယ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၏ ဒုတိယအကြိမ် အခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တစ်ရပ်ကို ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ (၄၅ ဦး ကော်မတီ)၏ မူကြမ်းနှင့် တင်သွင်းရန် အစီရင် ခံမှုက လွန်ခဲ့သော လွှတ်တော် သီတင်းပတ်၏ ထင်ရှားသော ပုံရိပ်များဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် လည်း မေးခွန်းများ၊ အဆိုဆွေး နွေးမှုများနှင့် ဥပဒေကြမ်းတင် သွင်းမှုများ မြိုင်ဆိုင်ခဲ့သည်။

ပြည်ခိုင်ဖြိုးအမတ်ရဲ့ အရေးကြီးအဆို ပယ်ချခံရ

လက်နက်ကိုင်သောင်းကျန်း သူများက ဥပဒေမဲ့၊ မင်းမဲ့ဆန်ဆန် လုပ်ဆောင်နေခြင်းအပေါ် ထိ ရောက်လျင်မြန်စွာ ထိန်းသိမ်းကာ ကွယ်ပေးရန် အစိုးရကို တိုက် တွန်းသည့် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ငြင်းပယ် ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးက ပြောသည်။ AA အဖွဲ့က ဦးဝှေ့တင်းကို ဖမ်း ဆီးခြင်းကို ပြင်းထန်စွာ ကန့် ကွက်ကြောင်းနှင့် ဦးဝှေ့တင်းအပါ အဝင် ဝန်ထမ်းများ၊ အရပ်သား များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ် အမတ် ဒေါက်တာလှမိုး၏ အရေး ကြီးအဆိုကို အတည်ပြုခဲ့ပြီးဖြစ်၍ အထက်ပါ အဆိုကို ပြည်သူ့လွှတ် တော်က လက်မခံခြင်းဖြစ်ကြောင်း ပျော်ဘွယ်အမတ် ဦးသောင်းအေး က ဆိုသည်။ ဒေါက်တာလှမိုး တင်သွင်းသည့် အရေးကြီးအဆို ကို ဆောင်ရွက်ဆွေးနွေးနေသဖြင့် လက်မခံခြင်းဖြစ်ကြောင်းနှင့် အ ရေးကြီးအဆိုနှစ်ခုမှာ မတူကြောင်းဦးသောင်းအေးက ပြောသည်။

‘‘လူတွေကို ဖမ်းတယ်၊ သတ်တယ်၊ မိုင်းထောင်ဖောက်ခွဲဆို တာ အစိုးရအနေနဲ့ ကွဲကွဲပြားပြား ခွဲခြားဖို့လိုတယ်။ ဆိုလိုတာက တော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့က ဘယ်လိုအဖွဲ့လဲ၊ နောက်တစ်ခါ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့လား ဒါကို ကွဲကွဲပြားပြားသိရမယ်’’ဟု ၎င်း က ဆိုသည်။

အထက်ပါ ဦးသောင်းအေး ၏ အရေးကြီးအဆိုကို လက်မခံ ခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်က တစ်စုံတစ်ရာမှတ်ချက် မပြုပေ။ ရခိုင်ပြည်နယ်မြောက် ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင် သောင်းကျန်းမှုများ ဖြစ် ပေါ်နေခြင်းသည် ဖြစ်ပေါ်နေ သည့် အဖွဲ့အစည်းကို တောင်းဆို မည့်အစား ဖြစ်ပေါ်မှုများ ချုပ်ငြိမ်းစေရန် တာဝန်သည် နိုင်ငံတော် အစိုးရတွင်ရှိကြောင်း ဦးသောင်း အေးက ပြောသည်။

သီးခြားဆွေးနွေးခြင်းမပြုတဲ့  ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းများ

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တင်သွင်းသည့် အ ခြေခံဥပဒေပြင်ဆင်ရေး ဥပဒေ မူကြမ်းကို ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ ဥပဒေမူကြမ်းနှင့် ယှဉ်တွဲ၍ လွှတ်တော်သို့ တင် သွင်းရန် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အစီ ရင်ခံသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် လွှတ် တော်ကိုယ်စားလှယ် ၁၄၄ ဦးက လွှွှတ်တော်သို့ တင်ပြထားသော ဒုတိယအကြိမ် ပြင်ဆင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို သီးခြားဆက်လက်ဆွေးနွေးခြင်း မပြုဘဲ ၄၅ ဦး ပြင်ဆင်ရေး ပူး ပေါင်းကော်မတီ၏ ဥပဒေမူကြမ်း ထွက်ရှိမှသာ လွှတ်တော်သို့ တင် သွင်းရန် အထက်ပါ ကော်မတီက သဘောထားမှတ်ချက်ပြုခြင်းဖြစ် သည်။

‘‘ဒီအတွက်ကြောင့်မို့ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုးတင်ပြခဲ့တဲ့ ယခု ဥပဒေမူကြမ်း၊ ရှေ့ဦးစွာ တင်သွင်းထားတဲ့ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ယခင်ဥပဒေမူကြမ်းသုံးခုနဲ့ ပြည် ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ ပြင်ဆင် ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တစ်ခုလုံး အပေါ် သုံးသပ်လေ့လာပြီးတော့ ပြုစုရေးဆွဲပြီးတော့ လွှတ်တော် ကို တင်သွင်းလာမယ့် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေအားလုံးကို တစ်ပြိုင်တည်း တင်သွင်းပြီးတော့ ပြည့်စုံတဲ့ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း များအဖြစ် လွှတ်တော်သို့ တင် သွင်းနိုင်ရေးအတွက် ဆောင်ရွက် သင့်ပါကြောင်းနဲ့ ကျွန်တော်တို့ လေ့လာစိစစ်ရေးပူးပေါင်းကော် မတီရဲ့ အစီရင်ခံစာကို လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးပြီး ဆုံးဖြတ်အတည် ပြုပေးပါရန် လေးစားစွာ တင်ပြ အပ်ပါတယ်’’ဟု ပူးပေါင်းကော် မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်သို့ ပြောသည်။

ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက ပြင်ဆင်ရန် တင်ပြသောအချက် များမှာ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်၊ ဝန် ကြီးများနှင့် သက်ဆိုင်ပြီး ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (င)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ည)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဋ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဌ)၊ ပုဒ်မ ခွဲငယ် (၂)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (ဂ)တို့ ပါဝင်သည်။

ယင်းသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ၂၀၀၈ တစ်ခုလုံးအပေါ် တွင် ပြင်ဆင်ခြင်းမဟုတ်ဘဲနဲ့ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင် ဆောင်ရွက်ရန် တင်ပြထားခြင်း ဖြစ်သည်ကို တွေ့ရကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြော သည်။

ထိုသို့ တပ်မတော်၏ ဥပဒေ မူကြမ်းကို ၄၅ ဦး ပြင်ဆင်ရေး ပူး ပေါင်းကော်မတီ၏ ဥပဒေမူကြမ်း ထွက်ရှိမှသာ ယှဉ်တွဲတင်သွင်း၊ ဆွေးနွေးရန် အစီရင်ခံမှုအပေါ် တပ်မတော်က တုံ့ပြန်ခြင်းမရှိပေ။

ဒီချုပ်အမတ် ဦးအောင် ကြည်ညွန့်၏ အရေးကြီးအဆိုဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းခဲ့သော ၄၅ ဦး ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ကော် မတီဝင်သုံးဦး နုတ်ထွက်၍ ကော် မတီဝင် ၄၂ ဦးသာ ကျန်ရှိသည်။

အာဏာရပါတီ ဒီချုပ်က လွှတ်တော်၌ ယင်းပြင်ဆင်ပူး ပေါင်းကော်မတီဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန် ဆောင်ရွက်နေချိန် ပြည်ခိုင်ဖြိုးပါတီက ဥပဒေမူကြမ်းသုံးခု၊ တပ်မတော် ဥပဒေမူကြမ်းနှစ်ခု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီက တင် သွင်းခဲ့သော ဥပဒေမူကြမ်းနှစ်ခု ကို ၄၅ ဦး ပူးပေါင်းကော်မတီ၏  လုပ်ငန်းစဉ်တွင် ထည့်သွင်းလုပ် ဆောင်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

တပ်မတော်က တင်သွင်း သော ဥပဒေမူကြမ်းတစ်ခုမှာ ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံ စာအပေါ် လွှတ်တော်ဆွေးနွေးနေ သည်။

ကျန်ပြည်ခိုင်ဖြိုး၏ ဥပဒေ မူကြမ်းတစ်ခုကို ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော် မတီက စိစစ်နေဆဲဖြစ်သည်။

လွှတ်တော်သက်တမ်း ပထမနဲ့ နောက်ဆုံးနှစ်မှာ ကြားဖြတ်ရွေး ကောက်ပွဲမလုပ်

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး (သို့မဟုတ်) တစ်ဦးထက် ပို၍ လစ်လပ်ပါက လွှတ်တော် သက်တမ်းတစ်ခု၏ ပထမဆုံးနှစ် နှင့် နောက်ဆုံးနှစ်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အဆိုပြုသည်။

လက်ရှိ တည်ဆဲရွေးကောက် ပွဲဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ပါက သက် ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့်နေ့ ကစ၍ ပထမတစ်နှစ်အတွက် တစ်နှစ်အတွင်း၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှစ်များအတွက် ခြောက်လအတွင်း ရွေးချယ်တင်မြှောက်ပြီး ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းသို့ ပြဋ္ဌာန်းထားမှုကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြင်ဆင်မှုနှင့် ပတ် သက်၍ ‘‘တကယ်တမ်းတော့ အ ကြောင်းအမျိုးမျိုးကြောင့် သူတို့ မလုပ်နိုင်ဘဲဖြစ်နေတာ။ ဒီအ တောအတွင်းမှာ လုပ်နိုင်အောင် ပြန်တင်ပြလာတဲ့အပေါ် အတည် ပြုတဲ့သဘောပါ’’ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အ တွင်းရေးမှူး ဦးကျော်စိုးလင်းက ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်သည် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်ရွေးကောက်ပွဲဥပဒေကို ပဉ္စမ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်သို့ စတင်တင်သွင်းပြီး အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်များ ဖြင့် အတည်ပြုခဲ့ကာ ပြည်သူ့ လွှတ်တော်သို့ ထပ်မံပေးပို့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ် သက်၍ ကာလမသတ်မှတ်ဘဲ ဥပဒေနှင့်အညီ အစားထိုးရွေး ကောက်တင်မြှောက်ရမည်ဟု ပြင်ဆင်အတည်ပြုထားသည်။

အထက်ပါ ဥပဒေကြမ်းများ ကို ပြည်သူ့လွှတ်တော်၌ လွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးရန်ရှိနေပြီး ဥပဒေကြမ်းကော် မတီ၏ စိစစ်အဆိုပြုချက်ကို သဘောကွဲလွဲပါက မဲခွဲဆုံးဖြတ် မည်ဖြစ်သည်။
ထို့အပြင် ပြည်သူ့လွှတ် တော်၏ အတည်ပြုဆုံးဖြတ်ချက် များသည် အမျိုးသားလွှတ်တော် ၏ ပြင်ဆင်အတည်ပြုချက်နှင့် ကွဲလွဲပါက အမျိုးသားလွှတ်တော် သို့ ပြန်လည်ပေးပို့မည်ဖြစ်သည်။

လိုအပ်ပါက ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူ မည်ဖြစ်သည်။ လက်ရှိ ဥပဒေ ကြမ်းကို အတည်ပြုပါက ကော် မရှင်သည် ကြားဖြတ်ရွေးကောက် ပွဲ ကျင်းပလိုသည့်အခါ ကျင်းပပြီး မကျင်းပလိုသည့်အခါ မကျင်းပနိုင်သည့်သဘော ဖြစ်နေကြောင်း နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သည့် စံသတ် မှတ်ချက်ထားရှိရန် လိုအပ် ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲ ကျော်စွာမြင့်က ထောက်ပြသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဘတ်ဂျက်အခက်အခဲ ဖြစ်ပေါ်ပါက ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်သည် သက် ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များကို လုပ်ပိုင်ခွင့်ပိုပေးရန်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် လိုအပ်ကြောင်း ၎င်းက သုံးသပ်သည်။

အမျိုးသားလွှတ်တော်မှာ ဘာတွေထူးလဲ

အမျိုးသားလွှတ်တော်တွင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သည့် လမ်းတံတား၊ ကျောင်းဆောင် တည်ဆောက် ခြင်းတို့ကို ကိုယ်စားလှယ်များက အဓိကထား မေးခွန်းထုတ်ခဲ့ သည်။

လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ကြမ်း၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေ ကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော် တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ကြမ်း၊ စက်မှုဇုန် စသည့်ဥပဒေ ကြမ်းငါးခုကို လွှတ်တော်သို့ အသိပေးတင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်မှ ပြင် ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် သွင်းကုန်ပမာဏမြင့် တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့် စက်မှုဇုန်ဥပဒေကြမ်းတို့ နှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ နာမည်စာရင်း ပေးသွင်းရန် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဖိတ်ခေါ်ထားသည်။

လယ်ယာမြေဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို လွှတ် တော်နှစ်ရပ် သဘောထားကွဲလွဲ နေသဖြင့် ပြည်ထောင်စုလွှတ် တော်မှ အဆုံးဖြတ်ရယူမည်ဖြစ် သည်။ အသစ်ပြန်လည်ရေးဆွဲ သည့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲ မှု ဥပဒေကြမ်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက တင် သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းတွင် ယာဉ် မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်း လိုင်စင်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပြည့်စုံမှုရှိစေရန် ပြင် ဆင်ခြင်းနှင့် ယာဉ်အန္တရာယ်ကင်း ရှင်းရေးနှင့် စပ်လျဉ်း၍ ရန်ပုံငွေ ထူထောင်ခြင်းတို့ ပါဝင်သည်။

၂၀၁၅ တွင် စတင်ကျင့်သုံး ခဲ့သည့် မော်တော်ယာဉ်ဥပဒေ အမည်ကို ပြောင်းလဲ၍ အခန်း ၁၄ ခန်း၊ ပုဒ်မ ၉၈ ခုဖြင့် ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော် တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း ကို အသစ်ပြန်လည်ရေးဆွဲခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်စ တစ်စ ပြုန်းတီးလျက်ရှိသော ကြိုး ဝိုင်း၊ ကြိုးပြင်တောများ အပါ အဝင် သစ်ပင်သစ်တောများ ပြန် လည်ရှင်သန်စိုပြည်လာစေရေး နည်းပညာ အကူအညီများနှင့် သစ်တောဝန်ထမ်းများကို ခေတ်မီလက်နက်ကိရိယာများ တပ်ဆင်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ  ဆွေးနွေးနေဆဲဖြစ်သည်။

သစ်တောများ ပြန်လည် ထူထောင်ရာတွင် အစိုးရတစ်ခု တည်းအနေဖြင့်မဟုတ်ဘဲ ပြည် သူများပါဝင်လာစေရန် စည်းရုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ် (၇)မှ ကိုယ်စားလှယ် ဦးခင် မောင်ဝင်းက ဆွေးနွေးသည်။

‘‘တစ်နေ့တခြား ပိုမိုဆိုးရွား လာသော ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို ရင်ဆိုင်နိုင်ရေးအ တွက် နိုင်ငံတော်၏ သစ်တော ကဏ္ဍကြီးတစ်ခုလုံး ရေရှည်တည် တံ့ဖွံ့ဖြိုးတိုးတက်လာစေရေး အ ဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်’’ဟု ၎င်းက ထောက်ပြသည်။

Tuesday, November 26, 2019