ခြေဥ ပြင်ဆင်ရေးလုပ်ငန်းကို လက်ရှိသက်တမ်း၌ ပြီးစီး အောင်ဆောင်ရွက်မည်ဟု ဆို

{The Myanmar Times မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

ပြည်ထောင်စုလွှတ်တော်ကဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကို လက်ရှိသက် တမ်းအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်သို့ အသိပေးပြောကြားသည်။

ဒီဇင်ဘာ ၃ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအ ပေါ်ဆွေးနွေးမှုအချို့နှင့်ပတ်သက်၍ နာယက၏ တာဝန်ရှိမှုအပိုင်းကို နေပြည်ထောင်စုလွှတ်တော်သို့ အသိပေးပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့မှုအရ မည်သည့်ဥပဒေကြမ်းတစ်ခုကိုမျှ နောက်ထပ်သက်တမ်းကိုဆက်ပြီးလွှဲ ယူသွားတဲ့အစဉ်အလာမရှိတဲ့အတွက် အခုလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်စဉ်ကတည်းက ယင်းအခြေအနေများကို ထည့်သွင်းစဉ်းစားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောသည်။

“ဒီကိစ္စကိုအရင်ဆုံး စတင်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့်လုပ်ငန်းတာဝန် တစ်ခုအနေနဲ့ စဉ်းစားလက်ခံပြီးလွှတ် တော်သို့ တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု နာယက က ပြောသည်။

“ ကော်မတီတွင်း ဆောင်ရွက်မှုအခြေအနေကို ချပြဖို့အတွက်ဆိုတာကတော့သက်ဆိုင်ရာဥပဒေ နည်းဥပဒေ နဲ့ အညီဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နာယကအနေနဲ့လည်း ဆက်လက်ပြီး ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Tuesday, December 03, 2019